8/02/2017

♪ " နည်းပညာနယ်ပယ်ရှိ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများ လေ့လာသိရှိနိုင်စေမယ့် Tech Career Expo 2017 " ♫

No automatic alt text available.

JobNet.com.mm မှကြီးမှူး၍ Tech Career Expo 2017 ပွဲကြီးကို 2017 ခုနှစ် ၊ ဇူလိုင်လ (30) ရက်နေ့တွင် မနက် (9) နာရီမှ ညနေ (5) နာရီထိ ရန်ကုန်မြို့ရှိ Sedona Hotel (Grand Ball Room) မှာ ကျင်းပပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Tech Career Expo 2017 တွင် IT နှင့် Tech ကဏ္ဍရှိ အလုပ်အကိုင်နေရာများအတွက် အလုပ်အကိုင်များ ခေါ်ယူသွားမှာဖြစ်တာကြောင့် အလုပ်ရှာဖွေသူများအနေနဲ့လည်း IT နှင့် Tech ကဏ္ဍတစ်ခုလုံးရှိ အလုပ်အကိုင်အမျိုးမျိုးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အလုပ်အကိုင်အခွင့်အလမ်းများကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွမ်းကျင်သူတို့ရဲ့ တန်ဖိုးရှိသော အတွေးအမြင်နှင့် သိမှတ်ဖွယ်ရာများလည်း ကြားသိနိုင်မှာဖြစ်တဲ့ အပြင် အိုင်တီနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် တွေ့ဆုံကာ အဆက်အသွယ်ကောင်းများလည်း ရရှိနိုင်စေမှာ ပါ။ JobNet.com.mm ရဲ့မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Matt De Luca က " နိုင်ငံအတွင်း SIM Card တစ်ကဒ် တန်ဖိုးဒေါ်လာ 200 ခန့်ရှိနေခဲ့ရာမှ 2014 ခုနှစ်အတွင်းမှာ 1.5 ဒေါ်လာခန့်အထိ လျှော့ချသွားခဲ့ပြီး နောက်ပိုင်းမှာ မိုဘိုင်းဖုန်းများမှတဆင့် ကမ္ဘာအခြားနေရာဒေသများမှ သတင်းအချက်အလတ်များကို မိုဘိုင်းဖုန်းများမှတဆင့် လွယ်ကူလျှင်မြန်စွာရရှိနိုင်လာတာကြောင့် အားလုံးအတွက် အသိပညာ အခွင့်အလမ်းပိုင်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာတိုးတက်လာခဲ့ပါတယ်။

အထူးသဖြင့် IT နဲ့ Tech နယ်ပယ်များတွင် အခွင့်အလမ်းများ ပိုမိုတိုးတက်ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ JobNet.com.mm အနေနဲ့လည်း ယခုလိုမျိုး IT နှင့် Tech နယ်ပယ်တစ်ခုလုံးအနေနဲ့ သိသင့်သိထိုက်သည်များ လေ့လာသိရှိနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍမှ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်ကြီးများ စုစည်းဟောပြောစေခြင်းက နိုင်ငံရဲ့မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမယ်လို့ ထင်မြင်ယူဆမိပါတယ် " ဟု ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲကြီးတွင် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌနှင့် Information Matrix မှ CEO ဖြစ်သူ ဦးသောင်းစုငြိမ်း၊ Nex Labs မှ CEO ဖြစ်သူ ဦးရဲမြတ်မင်း ၊ 360ed ၏ CEO ဖြစ်သူ ဒေါ်လှလှဝင်း၊ MCPA မှ ဒုဥက္ကဌဖြစ်သူ ဦးငြိမ်းဦး၊ Blip မှ CEO ဖြစ်သူ Jason Brown ၊ JobNet.com.mm နှင့် ShweProerty.com မှ CEO ဖြစ်သူ Justin Sway ၊ Wave Money မှ Head of Technology ဖြစ်သူ Justin Hadgkiss ၊ MCPA မှ Executive Committee ဖြစ်သူ ဦးမင်းအောင်ကျော်၊ Zwenexsys မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးသာထက် ၊ M-spiral မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Thomas Feichter Phandeeyar မှ CEO ဖြစ်သူ JesKaliebe Petersen ၊ Jzoo မှ Founder ဖြစ်သူ Rita Nguyen နှင့် MCPA မှ U Ravi စတဲ့ ပြည်တွင်းပြည်ပ ကျွမ်းကျင်သောဝါရင့်ပုဂ္ဂိုလ် ကြီးများနှင့် နိုင်ငံတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးများမှ CEO နှင့် CTO များ၏ တန်ဖိုးရှိသော အတွေးအမြင် များလည်း ကြားသိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းရှိ အိုင်တီပိုင်းလုပ်သားခေါ်ယူလိုသော ကုမ္ပဏီများနှင့် နိုင်ငံတွင်းရှိ IT နှင့် Tech ကဏ္ဍလုပ်သားများ ထိပ်တိုက်တွေ့ဆုံစေမယ့် အခြေအနေကို ဖြစ်ပေါ်စေမှာဖြစ်ပြီး နိုင်ငံတွင်းရှိ IT နှင့် Tech နယ်ပယ်ရှိ လုပ်သားများအတွက် အလုပ်သမားရှာဖွေနေသော ထိပ်တန်းကုမ္ပဏီကြီးများမှ Computer and Information Systems ပိုင်းမှစတင်၍ IT Systems ၊ Network Management ၊ Programming ၊ Web Administration များ၊ အခြားအိုင်တီနှင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်လစ်လပ်နေရာများအတွက် ခေါ်ယူသွားမှာပါ။ ဒီပွဲဟာ လက်ရှိအလုပ်အကိုင်ရှာဖွေနေသူများအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်မယ့် ပွဲတစ်ခုဖြစ်ပါတယ်။ မည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး ပွဲတက်ရောက်လိုသူများအနေဖြင့် https://www.jobnet.com.mm/tech-career-expo မှာ register ပြုလုပ်နိုင်ပါလိမ့်မယ်။ ပြပွဲသို့ လာရောက်မယ့် အလုပ်ရှာဖွေသူများအနေဖြင့်လည်း မိမိတို့ရဲ့ CV များ လုံလုံလောက်လောက် ယူဆောင်လာရန် လိုအပ်ပါတယ်။ Tech Career Expo 2017 ပွဲကြီးအား Platinum sponsor အဖြစ်များ MyWorld Career ၊ Information Matrix နှင့် MIT တို့မှလည်းကောင်း၊ Gold Sponsor များအဖြစ် NTT Data ၊ Shwe Lamin Nagar နှင့် Wave Money တို့မှလည်းကောင်း ကူညီပံ့ပိုးပေးထားပြီး It will also participated by Japan SAT Consulting ၊ KMD ၊ EduLink ၊ MCC ၊ Gandamar O.A & Business Solution ၊ Myanmar IT Consulting ၊ Innovative Global Wave နှင့် Digital Lab စတဲ့ Company ကြီးများ ပါဝင်ကြမှာ ဖြစ်ပါတယ်။

JobNet.com.mm ဟာ မြန်မာပြည်ရှိ ထိပ်တန်းကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်သော ၀န်ထမ်းများ ရှာဖွေပေးမှုနှင့် အလုပ်အကိုင်ရှာဖွေနေသူများအတွက်လည်း ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုပေးလျက်ရှိတဲ့ ၀ဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ များစွာသော အလုပ်အကိုင်အခွင့်အလမ်း job vacancies များကို အွန်လိုင်းမှတဆင့် click တချက်တည်းဖြင့် ရှာဖွေတွေ့ရှိနိုင်မှာပါ။ Tech Career Expo 2017 ပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလတ်များကို သိရှိလိုပါက https://www.jobnet.com.mm/tech-career-expo မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com