8/09/2017

♪ “Lenovo က နောက်ထုတ်မယ့် ဖုန်းများမှာ Stock Android ကိုသုံးမည်” ♫

Image may contain: phone

Lenovo က အိန္ဒိယမှာလာမယ့် ရက်ပိုင်းအတွင်း K8 Note ကိုရောင်းချ ပေးတော့မှာ ဖြစ်ပြီးအဲဒီစမတ်ဖုန်းဟာ Vibe Pure User Interface အစား Stock Android ကိုအသုံးပြုတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာမှာပါ။ Lenovo ဟာအနာဂတ်ထုတ် စမတ်ဖုန်းများမှာလည်း Stock Android ကိုသာအသုံးပြုတော့မယ်လို့ Lenovo ရဲ့ ထုတ်ကုန် ဈေးကွက်ဖြန့်ချီရေးဌာနမှ အကြီးအကဲဖြစ်သူAnuj Sharma က အတည်ပြုထားပါတယ်။

သူကဒီလိုပြောင်းလဲမှုဟာဖောက်သည်များရဲ့ တောင်းဆိုမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၁ လအတွင်းမှာကုမ္ပဏီဟာ ဆော့ဖ်ဝဲအပိုင်းကို သေချာစွာစောင့်ကြည့်လေ့လာခဲ့ပါတယ်။ Interface တစ်ခုကို ဖန်တီးရာမှာအဓိက ပြဿနာက နိုင်ငံကွဲပြားမှု ဖြစ်တယ်လို့ သူကပြောပါတယ်။ ဥပမာအားဖြင့် တရုတ်မှ ဖောက်သည်များဟာ Stock Android ထက် Custom Skin များကိုပိုမို နှစ်သက်ကြပါတယ်။ အိန္ဒိယမှ ဖောက်သည်များကတော့ Bloatwareများမပါတဲ့ Stock Android ကို ပိုမိုအကြိုက်တွေ့ကြပါတယ်။

Stock Android ရဲ့ အားသာချက်ကတော့ Android Update များကို အစောဆုံးရရှိခြင်း ဖြစ်ပါတယ်။ ဒီနှစ်မှာရောင်းချမယ့် Lenovo K Series များအားလုံးဟာ Google က Android O ကို ဖြန့်ချိတာနဲ့ ချက်ချင်းရရှိကြ မှာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com