8/09/2017

♪ “အရှေ့နဲ့ အနောက် ကင်မရာများကနေ 4K Video များရိုက်ကူးနိုင်မယ့် iPhone 8” ♫

Image may contain: phone

iPhone 8 ကိုမိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ စက်တင်ဘာလ နီးကပ်လာတာနဲ့အမျှ သူ့ရဲ့ သတင်းများဟာလည်းပိုမိုပေါက်ကြား ထွက်ပေါ်လာပါတယ်။ iHelp က ထွက်ပေါ်လာတဲ့ သတင်းအရ iPhone 8 ရဲ့ အရှေ့နဲ့ အနောက် ကင်မရာများဟာ 4K Video များကိုတစ်စက္ကန့်လျှင် ဖရိမ် ၆၀ နှုန်းဖြင့် ရိုက်ကူးပေးနိုင်မယ်လို့ သိရပါတယ်။

Apple ဟာ iPhone 8 နဲ့ အတူ iPhone 7S နဲ့ iPhone 7S Plus များကို လည်းမိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ iPhone 8 မှာ ကြိုးမဲ့ အားသွင်းနည်းပညာပါလာမှာ ဖြစ်ပြီးကုမ္ပဏီဟာ Touch ID Sensor ကိုစကရင်အောက်မှာ မြှုပ်နှံဖို့ အခက်တွေ့နေတယ်ဆိုတဲ့ သတင်းများလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။ iPhone 8 ဟာ Samsung Galaxy S8 လိုမျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ အနောက်ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး Augmented Reality နည်းပညာထည့်သွင်းထားနိုင်ပါတယ်။

Apple ရဲ့ အတွင်းသတင်းများကို ကြိုတင်ပြောကြားရမှာမှန်ကန်လေ့ရှိတဲ့ Benjamin Geskinဆိုသူက iPhone 8 အတွက် မှန်လိုကြည့်လို့ရတဲ့ အရောင်ကိုလည်းထုတ်လုပ်ရောင်းချမယ်လို့ ဖွင့်ဟထားပါတယ်။ မှန်လို ကြည့်လို့ရတဲ့ အရောင် အပြင် အဖြူ၊ အနက်နဲ့ နှင်းဆီရွှေရောင်များ ကိုလည်းကုမ္ပဏီကထုတ်လုပ်ရောင်းချ မယ်လို့ သူကပြောပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com