8/14/2017

♪ Land of Magic မြန်မာဂိမ်းသစ်ထွက်ရှိ ♫


My Game ရဲ့ Land Of Magic (ပဉ္စလက်ကမ္ဘာဂိမ်း) ကို ဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။ MMORPG ဂိမ်းအမျိုးအစားဖြစ်ပြီး MMORPG ဂိမ်းဆိုတာကတော့ ရာချီတဲ့ကစားသူတွေ အွန်လိုင်းပေါ်မှာ ဆော့ကစား ရမယ့် Massively Multiplayer, Online Role Playing Game ကို ဆိုလိုတာပဲဖြစ်ပါတယ်။ အဲဒီဂိမ်းမှာ ကစားသူတွေ စဉ်ဆက်မပြတ် ပါဝင်ဆင်နွှဲလို့ရမှာ ဖြစ်ပါတယ်။

လူသားတွေနဲ့ မကောင်းဆိုးရွားတွေကြားက စစ်ပွဲကိုအခြေခံထားတဲ့ နောက်ခံဇာတ်လမ်းဖြစ်တယ် လို့သိရပါ တယ်။ ဂိမ်းထဲမှာ ကမ္ဘာမြေကို အုပ်စိုးချုပ်လှယ်မယ့် မကောင်းဆိုးရွားတွေဟာ လူသားတွေကို စတင်ရန်ပြု တိုက်ခိုက်ပြီး အခြားသက်ရှိမျိုးနွယ်တွေကို အန္တရာယ်၊ အကြောက်တရားတွေနဲ့ လွမ်းခြုံကြီးစိုးထားပါတယ်။ ဂိမ်းကစားသူတွေအနေနဲ့ Warrior, Mage, Rogue တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး အဲဒီလိုအကျည်းတန်တဲ့ မကောင်းဆိုးရွားတွေကို ပြန်လည်တိုက်ထုတ်လို့ Land Of Magic ကို သိမ်းယူရမှာဖြစ်ပါတယ်။


အဲဒီဂိမ်းကစားသူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ကူညီပြီး တစ်ချိန်တည်းမှာပဲ အတူတကွ တိုက်ပွဲဝင်နိုင်မယ်လို့ ဆိုပါတယ်။ Land of Magic ကို Google Play မှာ APK အဖြစ်နဲ့ ရယူနိုင်ပြီဖြစ်ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ အဲဒီဂိမ်းကို မိတ်ဆက်ပွဲ ပြုလုပ်မှာဖြစ်ပြီး နေရာကတော့ Myanmar Plaza မှာလို့ သိရပါတယ်။ 

ဒီပွဲကိုလာမယ်ဆိုရင်တော့ Land of Magic ရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံနိုင်မှာဖြစ်သလို Land of Magic APK ဖိုင်ကို အပြန်အလှန်မျှဝေတာတို့ မီနီဂိမ်းတွေမှာ ပါဝင်ကစားပြီး ဆုလက်ဆောင်တွေ၊ လက်ဆောင်ကုဒ်တွေ၊ အမှတ်တရပစ္စည်းတွေ ရယူတာတို့လည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။


-ထွန်းထွန်း
Credit to ==>  Internet Journal

 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com