8/14/2017

♪ Facebook Version အသစ်မှာ myanmar unicode နဲ့ Zawgyi ကို အပြန်အလှန်အလိုအလျောက်ပြောင်းပေးမယ့် စနစ်ပါဝင်လာပြီ ♫


Facebook ရဲ့ version အသစ်မှာ မြန်မာစာ unicode နဲ့ zawgyi ဆိုပြီး Font နှစ်မျိုးကွဲနေတဲ့ ပြဿနာကို Facebook က ဖြေရှင်းလိုက်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Facebook app တစ်ခုတည်း အတွက်ပဲဖြစ် တာကြောင့် အခြား စနစ်တွေမှာ မြန်မာလို သုံးဖို့အတွက်တော့ အဆင်မပြေသေးပါဘူး။ ဥပမာ Messenger ပို့တဲ့နေရာမှာ Zawgyi font ကတော့ လိုအပ်နေဦးမှာပါ။ ဒါကြောင့် ပိုပြီး အဆင်ပြေသွားမှာက unicode နဲ့ Facebook မှာ ရေးထားတာတွေကို အခက်အခဲမရှိ ဖတ်နိုင်မှာပဲဖြစ်ပါတယ်။

Android ဖုန်းတွေအတွက် ပြုလုပ်ပုံ
Android ဖုန်းတွေအတွက်ကတော့ Facebook က version ကို App setting ထဲမှာ ဝင်ကြည့်ပြီး နောက်ဆုံး Version 136.0.0.22.91 ဟုတ်မဟုတ်ဝင်ကြည့်နိုင်ပါတယ်။ အကယ်လို့ နောက်ဆုံး Version မဟုတ်ဘူး ဆိုရင်တော့ Playstore ထဲဝင်ပြီး Facebook ကို update ဝင်လုပ်နိုင်ပါတယ်။ Update လုပ်ပြီးပြီဆိုရင်တော့ Myanmar Unicode နဲ့ Zawgyi ကို အလိုအလျောက် ပြောင်းပေးမှာဖြစ်ပါတယ်။ unicode ကို သီးသန့်သုံးတဲ့ သူတွေလည်း Facebook version အသစ်မှာ zawgyi fone နဲ့ ရေးသားထားတာတွေကို ဖတ်နိုင်တော့ မှာဖြစ်ပါတယ်။

iOS အတွက်ပြုလုပ်ပုံ
iOS သုံးသူတွေအတွက်ကတော့ Facebook နောက်ဆုံး version 136.0.0.22.91 ဟုတ်မဟုတ်အရင်ကြည့်ပါ။ မဟုတ်ဘူးဆိုရင်တော့ App Store မှာ update လုပ်ပါ။ အားလုံးပြီးရင်တော့ Zawgyi Profile ကို ဖျက်ပစ်ရပါမယ်။ အဲလိုမဖျက်ဘူးဆိုရင် font တွေလွဲနေတာကိုတွေ့ရပါမယ်။ MyFont ထဲကို ပြန်ဝင်ပြီး Zawdecode profile ကို ပြန်ထည့်ရင် စာလုံးတွေ အဆင်ပြေပြေ ပေါ်သွားမှာပဲဖြစ်ပါတယ်။

အခက်အခဲ
Zawgyi နဲ့ unicode အပြန်အလှန်အလိုအလျှောက်ပြောင်းပေးတဲ့ စနစ်ကို Facebook account တိုင်းမရနိုင် တာကို တွေ့ရပါတယ်။ see convertion ရနေတဲ့ Account ပိုင်ရှင် အချို့မှာတော့ အလိုအလျှောက်ပြောင်းပေး တဲ့ စနစ်ကို မရတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အကောင့်တော်တော်များများမှာ Zawgyi နဲ့ unicode ကို အလိုအလျှောက် အပြန်အလှန်ပြောင်းပေးတာတွေ့ရပါတယ်။ ဒါကြောင့် Facebook က မြန်မာတွေရဲ့ Zawgyi နဲ့ unicode war ကို ရင်ကြားစေ့ပေးတဲ့ သဘောပဲလို့ ထင်ရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် unicode ကိုပဲ အဓိကထားပြီး ပြောင်းလဲသုံးကြပါလို့ အကြံပြုချင်ပါတယ်။


-ကိုစည်သူ

Credit to ==>  Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com