
မြန်မာနိုင်ငံတွင် 4G ကွန်ရက်ကို ပထမဦးဆုံး စတင်ဝန်ဆောင်မှုပေးခဲ့သော
အူရီဒူးမြန်မာမှ လူမှုကွန်ရက် အသုံးပြုသူများ နှစ်သက်သဘောကျမည့်
ပိုမိုသက်သာသောနှုန်းထားဖြစ်သည့် 1MB ကို (1) ကျပ်နှုန်းသာ ပေးရသော Facebook Plus အစီအစဉ်သစ်ကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်အသုံးပြုခြင်းကို မြတ်နိုးသူများအတွက် Facebook Plus အစီအစဉ် 3 မျိုး ကမ်းလှမ်းပေးလိုက်ပြီး ထိုအစီအစဉ်ကို ရယူခြင်းဖြင့် Facebook နှင့် Viber တို့ကို အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ရက်စာ 200MB ကို ကျပ် 200 ဖြင့်လည်းကောင်း၊ တစ်ပတ်စာ 1GB ကို ကျပ် 1000 ဖြင့်လည်းကောင်း၊ ရက် 30 စာ 4GB ကို 3999 ကျပ်ဖြင့်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ၄င်းအစီအစဉ်ကို ရယူထားခြင်းဖြင့် Facebook, Facebook Messenger (စတေးတပ်စ်များတင်ခြင်း၊ ဓာတ်ပုံနှင့် ဗွီဒီယိုတင်ခြင်း၊ (သို့) Live ဗွီဒီယိုလွှင့်ခြင်း) အပြင် Viber ကိုပါ မက်ဆေ့ခ်ျပေးပို့ခြင်း၊ စတစ်ကာပေးပို့ခြင်း၊ အသံနှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။
အူရီဒူးသုံးစွဲသူများအနေဖြင့် *133*2# ကို ခေါ်ဆိုပြီး Facebook Plus အစီအစဉ်ကို ဝယ်ယူနိုင်မည်ဖြစ်သည်။ " အူရီဒူးကနေ လူမှုကွန်ရက်တွေအသုံးပြုဖို့ ကောင်းမွန်နှစ်သက်ဖွယ် Facebook Plus အစီအစဉ်တွေကို ၀န်ဆောင်မှုပေးထားတဲ့အတွက် အခုအချိန်ဟာ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ အူရီဒူးနဲ့အတူ ရှိနေသင့်တဲ့အချိန်ဘဲ ဖြစ်ပါတယ်။ အူရီဒူးဟာ မိုဘိုင်းဖုန်းအသုံးပြုသူတွေ လိုအပ်နေတဲ့ ၀န်ဆောင်မှုကို အလေးထားပြီး ၀န်ဆောင်မှုပေးအပ်ထားခြင်း ဖြစ်ပါတယ်။
သုံးစွဲသူတွေကို အမြဲတမ်းကူညီနိုင်ဖို့အတွက် အခွင့်လမ်းများကိုလဲ အူရီဒူးက အမြဲရှာဖွေလျှက်ရှိနေပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့
အူရီဒူးက ပေးတဲ့ ၀န်ဆောင်မှုတွေကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် "
ဟု အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က
ပြောကြား ပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
လူမှုကွန်ရက်အသုံးပြုခြင်းကို မြတ်နိုးသူများအတွက် Facebook Plus အစီအစဉ် 3 မျိုး ကမ်းလှမ်းပေးလိုက်ပြီး ထိုအစီအစဉ်ကို ရယူခြင်းဖြင့် Facebook နှင့် Viber တို့ကို အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ရက်စာ 200MB ကို ကျပ် 200 ဖြင့်လည်းကောင်း၊ တစ်ပတ်စာ 1GB ကို ကျပ် 1000 ဖြင့်လည်းကောင်း၊ ရက် 30 စာ 4GB ကို 3999 ကျပ်ဖြင့်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ၄င်းအစီအစဉ်ကို ရယူထားခြင်းဖြင့် Facebook, Facebook Messenger (စတေးတပ်စ်များတင်ခြင်း၊ ဓာတ်ပုံနှင့် ဗွီဒီယိုတင်ခြင်း၊ (သို့) Live ဗွီဒီယိုလွှင့်ခြင်း) အပြင် Viber ကိုပါ မက်ဆေ့ခ်ျပေးပို့ခြင်း၊ စတစ်ကာပေးပို့ခြင်း၊ အသံနှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။
အူရီဒူးသုံးစွဲသူများအနေဖြင
သုံးစွဲသူတွေကို အမြဲတမ်းကူညီနိုင်ဖို့အတွက်
NetGuide Journal (Every Wednesday)
https://www.facebook.com/