8/13/2017

♪ " မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက်ကို ကနဦး ပရိုမိုးရှင်းအဖြစ် တစ်ကြိမ်တပ်ဆင်ခ (150,000) ဖြင့် MPT က ဝန်ဆောင်မှုပေးသွားမည် " ♫

No automatic alt text available.

MPT သည် ရန်ကုန်မြို့လယ်ရှိ နေရာအချို့အတွက် Fiber-to-the-home (FTTH) အင်တာနက် ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်ခဲ့ပြီး လူအများအသုံးပြုနိုင်သည့် သင့်တင့်သောဈေးနှုန်းနှင့် စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက်ကို ကနဦး ပရိုမိုးရှင်းအဖြစ် တစ်ကြိမ်တပ်ဆင်ခ (150,000) ဖြင့် ၀န်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဆူးလေဘုရားတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် ဝန်ဆောင်မှု ပုံစံနှစ်မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ကာ ပထမအမျိုးအစားသည် 5Mbps ဖြစ်ပြီး တစ်လလျှင် (69,000) သာ ကျသင့်မည်။ အင်တာနက်သုံးစွဲမှုအတွက် ပိုမိုလျင်မြန်သည့် အမြန်နှုန်းလိုအပ်သူများအနေဖြင့် 10Mbps package အစီအစဉ်ကို တစ်လလျှင် (109,000) ကျပ် ဖြင့် ဝယ်ယူတပ်ဆင်အသုံးပြုနိုင်သည်။ MPT KSGM ဧ။် Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “ သုံးစွဲသူတွေအတွက် အခုလို ထူးခြားလှတဲ့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ပေးနိုင်မှုအပေါ် ကျွန်တော်တို့အနေနဲ့ အထူးပဲ ကျေနပ် ဝမ်းမြောက်မိပါတယ်။

ဒီဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုက အွန်လိုင်းဝန်ဆောင်မှု အသုံးပြုတာတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေမှုတွေ၊ ဆောင်ရွက်တာတွေ၊ လူမှုကွန်ရက်သုံးစွဲတာတွေ၊ အွန်လိုင်းဗွီဒီယိုတွေကို ကြည့်ရှု့တာတွေ၊ ဂိမ်းကစားတာတွေနဲ့ ပစ္စည်းကိရိယာတွေ (device) နဲ့ တစ်ပြိုင်နက်ချိတ်ဆက်ပြီး အသုံးပြုဖို့ bandwidth ပမာဏ အများကြီးလိုအပ်တဲ့ လုပ်ဆောင်မှုတွေမှာ လျင်မြန်ပြီး ယုံကြည်အားထားရတဲ့ ချိတ်ဆက်မှုတွေကို ထောက်ပံ့ပေးနိုင်ပါတယ် ” ဟု ပြောသည်။ MPT ၏ FTTH အင်တာနက်ဝန်ဆောင်မှုအသစ်ကို ဖိုက်ဘာအင်တာနက်သုံးစွဲလိုသူများအတွက် မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး တယ်လီဖုန်းကြိုးလိုင်းအင်တာနက်စနစ်နှင့် အခြားမိုဘိုင်းအင်တာနက် အစီအစဉ်များ၏ကြားတွင် ရွေးချယ်အသုံးပြုနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်သည်။ ပရိုမိုးရှင်းအနေဖြင့် တပ်ဆင်ကြေး ကျပ် (150,000) ကျသင့်မည်ဖြစ်ပြီး သတ်မှတ်ရက်နောက်ပိုင်းတွင် ကျပ် (200,000) ကျသင့်မည်ဖြစ်သည်။ တပ်ဆင်ကြေးတွင် ကေဘယ်ကြိုးတပ်ဆင်ခြင်း၊ စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်ခ၊ WiFi router တပ်ဆင်ခြင်းအတွက် ငှားရမ်းခများ ပါဝင်ပြီးဖြစ်သည်။ သုံးစွဲများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများပါဝင်သော 12 လသက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခြင်းဖြင့် အဆိုပါအင်တာနက်ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်သည်။ လာမည့်နှစ် အစောပိုင်းကာလများတွင် MPT မှ ရန်ကုန်နှင့် မန္တလေးမြို့များရှိ အခြားမြို့နယ်များတွင် ဝန်ဆောင်မှုကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com