8/12/2017

♪ “ Samsung ရဲ့ Super AMOLED Touchscreen နဲ့ ထွက်ရှိလာမယ့် Xiaomi Mi Note 3 ” ♫

Image may contain: phone

Xiaomi Mi Note 3 ကတော့ မနှစ်က Mi Note 2 မိတ်ဆက်ချိန်ထက် အနည်းငယ်စောပြီး ထွက်ရှိလာနိုင် တယ်လို့ ဆိုကြပါတယ်။ Mi Note 2 ကို မနှစ်က အောက်တိုဘာလမှာ မိတ်ဆက်ပြီး နိုဝင်ဘာလမှာ စတင်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

အခု Mi Note 3 ကတော့ ပုံမှန် Note စီးရီးမိတ်ဆက်ချိန်ထက်စောနိုင်ပြီး သြဂုတ်လနောက်ဆုံးပတ်ထဲ မထွက်ရှိခဲ့ရင်တောင် အစောဆုံး စက်တင်ဘာလမှာ မိတ်ဆက်ဖို့ မျှော်လင့်ထားကြပါတယ်။ ဒီသတင်းတွေ အားလုံးက Xiaomi ရဲ့ ကိုယ်စားလှယ်ရောင်းချသူတွေကတဆင့် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ QHD resolution ရရှိနိုင်တဲ့ Samsung ရဲ့ Super AMOLED touchscreen ကိုအသုံးပြုမယ်လို့ သိရပြီး Snapdragon 835 လည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် RAM 6GB အသုံးပြုထားတယ်လို့လည်း သိရပါတယ်။


#gsmarena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com