ဟက်ကာဆိုပေမယ့် အနက်ရောင်ဦးထုပ်(black hat) မီးခိုးရောင် ဦးထုပ် (Grey
Hat) နဲ့ အဖြူရောင် (White ha) ဦးထုပ်ဆိုပြီး မတူကြပါဘူး။ ကျွန်တော်တို့
အားလုံး ဟက်ကာ သုံးမျိုးရှိတာကို သိပြီးသားပါ။အဲ့ဒါကတော့
အဖြူရောင်ဦးထုပ်၊မီးခိုးရောင်ဦးထုပ်နဲ့ အနက်ရောင်ဦးထုပ်သမား
ဟက်ကာဆိုပြီး သုံးမျိုးခွဲထားပါတယ်။ သူတို့ က ဒီလို ဒီအကြောင်းတွေကြောင့်
ကွဲပြားသွားတာပဲ ဖြစ်ပါတယ်။
ဟက်ကာဆိုတာ သာမာန်အားဖြင့် သူများကွန်ပြူတာ Network တွေကို ချိုးဖျက်မယ် ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဖောက်ပြီး သူတို့ အကျိုးအမြတ်အတွက် စိန်ခေါ်မှုတွေ တောင်းဆိုမှုတွေ လုပ်တာလို့ ထင်နေတယ်ဆိုရင် မှားပါတယ်။
ဟက်ကာဆိုတိုင်း ပြစ်မှုလုပ်တာ ဥပဒေချိုးဖောက်တာ မဟုတ်သလို သူတို့ရဲ့ ဖောက်ထွင်းမှုတိုင်းကို သူတို့ တာဝန်မဲ့ လုပ်လို့မရပါဘူး။ ဒီ အုပ်စုသုံးခုနဲ့ သူတို့ အသီးသီး ရပ်တည်မှုနဲ့ အကျိုးအမြတ်တွေ ဘယ်လိုရှိတယ်ဆိုတာ ပြောပြပါမယ်။
သူတို့ရဲ့ မတူညီတဲ့ ဦးထုပ်တွေကပဲ သူတို့ကို အဓိပ္ပာယ်ဖော်ဆောင်ပေးတာပါ။

- Black Hat
အနက်ရောင် ဦးထုပ် ဟက်ကာတွေကတော့ ဗီလိန် ဟက်ကာသမားတွေဖြစ်ပါတယ်။ အနက်ရောင်ဦးထုပ်သမား ဟက်ကာတွေကို တခြားဟက်ကာသမား တော်တော်များများက မကြိုက်ကြပေမယ့် သူတို့က Nework ပိုင်းနဲ့ လုံခြုံရေးကျင့်ဝတ်ပိုင်းတွေမှာ ဗဟုသုတပိုရှိပြီး သိမှုနယ်ပယ် ကျယ်ပြန့်ပါတယ်။ဒါပေမယ့်လဲ သူတို့ရဲ့ စကေးတွေက ခိုးတာနဲ့ ပျော့ကွက်ရှိတဲ့ ကိရိယာတွေကို ဖျက်ဆီးတဲ့ နေရာမှာပဲ သုံးပါတယ်။
- White Hat
အဖြူရောင် ဦးထုပ်သမား ဟက်ကာတွေက အနက်ရောင်သမားတွေနဲ့ လုပ်ဆောင်မှုရော လုပ်ငန်းပိုင်းပါ တူပါတယ်။ဒါပေမယ့် မတူတာက အဖြူရောင်သမားတွေ ကျင့်ဝတ်စည်းမျဉ်းနဲ့ သွားပြီး ကုမ္မဏီတွေကို အနက်ရောင်သမားတွေ ဝင်မဖောက်နိုင်အောင် ကာကွယ်ပေးရသူတွေပါ။ အားနည်းချက်ရှိတဲ့ကိရိယာတွေကို အမြဲထောက်လှမ်းနေရပြီး အနက်ရောင်တွေဝင်မလာနိုင်အောင် အပေါက် ပိတ်ဆို့ပေးရသူတွေပါ။
- Grey Hat
မီးခိုးရောင် သမားဦးထုပ်သမားတွေကတော့ အဖြူနဲ့ အနက်တို့က ရောယှက်ပြီး ထွက်လာတဲ့သူတွေကို ပြောတာပါ။ သူတို့က အဖြူနဲက အနက်တို့နဲ့ ယှဉ်ရင် စကေးပိုင်း အားနည်းလွန်းပါတယ်။ မီးခိုးရောင်ဦးထုပ်သမားတွေက လူဆိုးတွေ မဟုတ်ပေမယ့် သူတို့ဟာ System ထဲကို ခွင့်ပြုချက်မပါပဲ ဝင်ပြီး ပျော့ကွက်ကို လိုက်ရှာတတ်ပါတယ်။ အကယ်၍ အဲ့ဒီမှာ ပြဿနာတစုံတရာ တွေ့တယ်ဆို သူတို့က သူဋ္ဌေးဆီ အစီအရင်ခံစာတင်ပြီး အကျိုးအမြတ်တောင်းတတ်ပါတယ်။ သူတို့ရဲ့ ပြင်ဆင်ပေးမှုနဲ့ လုံခြုံရေး စောင့်ကြပ်ပေးမှုအတွက် ငွေတော့ အနည်းအငယ်သာ ရတတ်ပါတယ်။ တကယ်လို့များ ပိုင်ရှင်က သူတို့ရှာဖွေပေးမှုအပေါ် ငွေကြေးတစုံတရာမပေးရင် အဲ့ System ရဲ့ အားနည်းချက်ကို တစ်ကမ္ဘာလုံးသိအောင် ဖွင့်ချပြတတ်ပါတယ်။