8/15/2017

♪ “Asus ရဲ့ အရှေ့ ကင်မရာ နှစ်လုံးစီပါတဲ့ Zenfone 4 Selfie နဲ့ Selfie Pro” ♫

Image may contain: phone

Asus ရဲ့ အွန်လိုင်းစတိုးဆိုင်မှာအရှေ့ ကင်မရာ နှစ်လုံးစီပါတဲ့ Selfie အထူးပြု Zenfone 4 Selfie နဲ့ Selfie Pro တို့ကို ပြသထားပါတယ်။ အဲဒီစမတ်ဖုန်းများကိုကုမ္ပဏီကမကြာခင် တရားဝင် မိတ်ဆက်တော့မယ် လို့ ထင်ရပါတယ်။

စမတ်ဖုန်း နှစ်လုံးစလုံးမှာအရှေ့ကင်မရာ နှစ်လုံးစီတပ်ဆင်ထားပါတယ်။ Pro Model ရဲ့ အရှေ့ဘက်မှာ 24MP+5MP Camera နဲ့ Selfie ရဲ့ အရှေ့ဘက်မှာ 20MP+8MP Camera များတပ်ဆင်ထားပါတယ်။ အရှေ့ဘက် ကင်မရာများဟာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာများ ဖြစ်ကြပြီး အရှေ့ဘက်မှာ Selfie Flash တစ်လုံးပါပါတယ်။ အနောက် ဘက်မှာ 16MP Camera တစ်လုံးစီတပ်ဆင်ထားပါတယ်။

Zenfone 4 Selfie Model မှာသတ္တုကိုယ်ထည် တပ်ဆင်ထားပြီး ၅.၅ လက်မ HD IPS LCD Display ပါပါတယ်။ Pro Model မှာ Full HD AMOLED Display တပ်ဆင်ထားပါတယ်။ စမတ်ဖုန်း နှစ်လုံးစလုံးမှာ 4GB RAM , 64GB Internal Storage နဲ့ microSD Card Slot ပါပါ တယ်။ Dual-SIM Smartphone များ ဖြစ်ပါတယ်။ စမတ်ဖုန်း နှစ်လုံးစလုံး မှာ 3000mAh Battery တပ်ဆင်ထားပါတယ်။

စမတ်ဖုန်း နှစ်လုံးရဲ့ ကွာခြားချက်မှာ Chipset ဖြစ်ပါတယ်။ Zenfone 4 Selfie မှာ Qualcomm Snapdragon 430 Chipset နဲ့ Zenfone 4 Selfie Pro မှာပိုမိုစွမ်းရည်မြင့်မားတဲ့ Qualcomm Snapdragon 625 Chipset ထည့်သွင်းထားပါတယ်။ Selfie Model ကိုဥရောပမှာယူရို ၃၀၀ နဲ့ Selfie Pro Model ကိုယူရို ၄၀၀ သတ်မှတ်ထားပြီး မြန်မာငွေအားဖြင့် ကျပ် ၄၈၀,၀၀၀ နဲ့ ကျပ် ၆၄၀,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ 





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com