8/09/2017

♪ AR နည်းပညာပါတဲ့ Asus ZenFone AR ကို ရောင်းပြီ ♫


Google ရဲ့ Tango Augmented Reality နည်းပညာပါတဲ့ စမတ်ဖုန်း နှစ်လုံးသာ ထွက်ရှိထားပါသေးတယ်။ တစ်လုံးမှာ Lenovo Phab 2 Pro ဖြစ်ပြီး နောက်တစ်လုံးမှာ Asus ZenFone AR ဖြစ်ပါတယ်။ Asus ZenFone AR ကို ယခုနှစ် ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ Consumer Electronics Show မှာ မိတ်ဆက်ခဲ့ပြီး အဲဒီအချိန်က ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို ကြေညာခြင်း မရှိခဲ့ပါဘူး။

အခုတော့ Asus က ZenFone AR စမတ်ဖုန်းကို အမေရိကန် မိုဘိုင်းအော်ပရေတာ Verizon ကနေ ၆၄၈ ဒေါ်လာဖြင့် ရောင်းချပေးလိုက်ပါတယ်။ တစ်လလျှင် ၂၇ ဒေါ်လာ အရစ်ကျပေးသွင်း၍ ၀ယ်ယူနိုင်မယ့် အစီအစဉ်ကိုလည်း Verizon က ပြုလုပ်ပေးထားပါတယ်။

Asus ZenFone AR မှာ Augmented Reality အပြင် Google Daydream Virtual Reality Platform ကိုလည်း ထောက်ပံ့ပါတယ်။ AR နည်းပညာကြောင့် ဖုန်းဟာ ကင်မရာမြင်ကွင်းကနေတစ်ဆင့် ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Virtual Objects များ ထည့်သွင်းခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။ Daydream ကို ထောက်ပံ့တဲ့အတွက် VR Headset များနဲ့ ဖုန်းကို တွဲဖက် အသုံးပြုနိုင်ပြီး Android Mobile VR Apps များကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Asus ZenFone AR ဟာ Specifications အပိုင်းမှာလည်း စွမ်းရည်မြင့်မားပြီး ၅.၅ လက်မ AMOLED Display , Qualcomm Snapdragon 821 Chipset, 6GB RAM, 3300mAh Battery , 23MP Rear Camera များ တပ်ဆင်ထားပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com