7/14/2017

♪ “Xiaomi က 6GB RAM/64GB Storage ပါတဲ့ Mi Note 2 Special Edition ကို ရောင်းချ” ♫

Image may contain: phone and text

ရှောင်မီက တရုတ်နိုင်ငံမှာ Mi Note 2 ရဲ့ 4GB RAM/64GB Storage နဲ့ 6GB RAM/128GB Storage Model များကို ထုတ်လုပ်ရောင်းချပေးနေ ပြီး 6GB RAM ပါတဲ့ Global Edition ကိုလည်း ရောင်းချပေးထားပါတယ်။ ယခုအခါ ရှောင်မီက တရုတ်နိုင်ငံမှာ Mi Note 2 Special Edition ကို ကြေညာလိုက်ပါတယ်။ ရှောင်မီက လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက ဇူလိုင်လ ၁၁ ရက်နေ့မှာ စမတ်ဖုန်း အသစ်တစ်လုံးကို
ကြေညာမယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။

Xiaomi Mi Note 2 Special Edition မှာ 6GB RAM/64GB Storage ထည့်သွင်းထားပါတယ်။ အခြား Specifications များမှာ မူလမော်ဒယ် များနဲ့ တူညီပါတယ်။ သူ့မှာ 2K Resolution ပါတဲ့ ၅.၇ လက်မ မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 22.5 Megapixel Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera များ တပ်ဆင်ထားပါတယ်။Qualcomm Snapdragon 821 Chipset မောင်းနှင် မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4070mAh ဖြစ်ပါတယ်။ တရုတ်မှာ ယွမ် ၂၅၉၉ သတ်မှတ်ထားပြီး ၃၈၂ ဒေါ်လာ ၀န်းကျင်လောက် တန်ကြေးရှိပါတယ်။ မြန်မာငွေ အားဖြင့် ၅၁၀ ၀၀၀ကျပ် လောက်ဖြင့် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com