7/14/2017

♪ “LG က Q6 စမတ်ဖုန်းများကိုမိတ်ဆက်” ♫

Image may contain: phone

LG က G6 ရဲ့ FullVision Display တပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်သင့် Q Series စမတ်ဖုန်းများကို မိတ်ဆက်လိုက်ပါတယ်။ LG က အလွန် သက်သာတဲ့ ဈေးနှုန်းဖြင့်ကုမ္ပဏီရဲ့စွမ်းဆောင်ရည်မြင့် ဖုန်းများမှ အဓိက စွမ်းဆောင်ချက်များထည့်သွင်းထားတဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများ လို့ ညွှန်းဆိုပါတယ်။ LG က G6 Mini အစားအဲဒီစမတ်ဖုန်းများကို ထုတ်လုပ်ပေးခဲ့တာပါ။

LG Q6 ရဲစွမ်းဆောင်ရည်ဟာ Q6+ နဲ့ Q6a တို့ အကြားမှာရှိပါ တယ်။ မော်ဒယ်များမှာ RAM , Storage များကွဲပြားပါတယ်။ မော်ဒယ် အားလုံးမှာ ၅.၅ လက်မ FullVision FHD+ Resolution (2160x1080px) Display တပ်ဆင်ပြီးဒီဇိုင်းဟာ G6 နဲ့ တူညီပါတယ်။ Snapdragon 435 CPU, 3000mAh Battery , 13MP Rear Camera, 5MP Selfie Camera များတပ်ဆင်ထားပါတယ်။

Memory Configuration များမှာအောက်ပါအတိုင်း ဖြစ်ပါတယ်။

• LG Q6α – 2GB RAM / 16GB storage
• LG Q6 – 3GB RAM / 32GB storage
• LG Q6+ - 4GB RAM / 64GB storage

Q6 စမတ်ဖုန်းများကို သြဂုတ်လမှာအာရှနိုင်ငံကြီးများမှာစတင်
ရောင်းချမှာ ဖြစ်ပြီးနောက်ပိုင်းမှာဥရောပ၊ လက်တင်အမေရိကနဲ့
မြောက်အမေရိကမှာရောင်းချမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com