7/14/2017

♪ “Dell က ကမ္ဘာ့ ပထမဆုံး ကြိုးမဲ့ အားသွင်းနိုင်တဲ့ laptop ကိုရောင်းချ” ♫

Image may contain: laptop

Dell က ဇန်န၀ါရီလမှာ ကျင်းပတဲ့ Consumer Electronics Show မှာစတင် ကြေညာခဲ့တဲ့ လက်တော့ကိုရောင်းချပေးလိုက်ပါပြီ။ Dell Latitude 7285 လို့ အမည်ပေးထားပြီးကမ္ဘာ့ ပထမဆုံး ကြိုးမဲ့ အားသွင်းစနစ်ပါတဲ့ လက်တော့ ဖြစ်ပါတယ်။ သူ့အတွက် Wireless Charging Mat တစ်ခုဖန်တီးပေးထားပြီးအဲဒီအပေါ်ကိုလက်တော့ အားထားရှိ အသုံးပြုခြင်းဖြင့် ကြိုးမဲ့ အားသွင်းနိုင်ပါတယ်။

သူဟာလက်တော့လိုရောတက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ 2-in-1 Device ဖြစ်ပြီးWindows 10 OS ထည့်သွင်းထားပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်မှာ ၁၂၀၀ ဒေါ်လာဖြစ်ပြီး မြန်မာငွေ အားဖြင့် ၁၆သိန်းကျော် ကျသင့်နိုင်ပါတယ်။အဲဒီမော်ဒယ်မှာ 8GB RAM , Intel Corei5-7Y54 Processor , 128GB SSD Storage များတပ်ဆင် ထားပါတယ်။ အဲဒီမော်ဒယ်မှာWireless Charging Keyboard နဲ့ Charging Mat မပါဘဲ ၃၈၀ နဲ့ ၂၀၀ ဒေါ်လာဖြင့် သီးခြား ၀ယ်ယူ ရမှာ ဖြစ်ပါတယ်။

လက်တော့မှာ ၁၂.၃ လက်မ 2880x1920Pixels Touchscreen တပ်ဆင်ထားပါတယ်။ သင့် မျက်နှာဖြင့် Login ၀င်နိုင်တဲ့ Windows Hello ကိုထောက်ပံ့တဲ့ ကင်မရာတစ်လုံးကိုအရှေ့ဘက်မှာတပ်ဆင်ထားပါတယ်။ Thunderbolt 3 USB-C Port နှစ်ခု ၊ microSD Card Slot ၊ SIM Card Slot နဲ့ Headphone Jack များပါပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com