7/06/2017

♪ Windows မှာ Function Keys များကို အသုံးပြုနည်းများ ♫


ကွန်ပြူတာကီးဘုတ်များရဲ့ ထိပ်ဆုံး တစ်တန်းမှာ F1 ကနေ F12 အထိ ဖန်ရှင်ကီး ၁၂ ခုကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် လူအများစုဟာ ဖန်ရှင်ကီးများရဲ့ စွမ်းရည်ကို မသိကြတဲ့ အတွက် အသုံးပြုလေ့ မရှိကြပါဘူး။ စာရေးသူ အပါအ၀င် ကွန်ပြူတာ အသုံးပြုသူများဟာ ဖန်ရှင်ကီး တစ်ခု၊ နှစ်ခုလောက်ရဲ့ စွမ်းရည်ကိုသာ သိရှိ အသုံးပြုနေကြတယ်လို့ ယုံကြည်မိပါတယ်။ အဲဒီအတွက် ဖန်ရှင်ကီး အားလုံးကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ သူတို့ရဲ့ စွမ်းရည်များကို ဖော်ပြပေးလိုက်ပါတယ်။

F1 – Program အားလုံးနီးပါးရဲ့ Help Screen ကို ဖွင့်ပေးနိုင်ပါတယ်။
F2 – Select လုပ်ထားတဲ့ ဖိုင် သို့မဟုတ် ဖိုဒါ တစ်ခုကို Rename လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။
F3 – ဖွင့်ထားတဲ့ ပရိုဂရမ်မှာ ရှာဖွေမှုများ ပြုလုပ်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် ၀က်စာမျက်နှာတစ်ခုမှ စာသားများကို ရှာနိုင်ပါတယ်။
F4 – ဖွင့်ထားတဲ့ ၀င်းဒိုးကို ပိတ်ပေးနိုင်ပါတယ်။
F5 – ဖွင့်ထားတဲ့ ၀င်းဒိုး သို့မဟုတ် ၀က်စာမျက်နှာကို Refresh or Reload လုပ်ပေးနိုင်ပါတယ်။
F6 – အင်တာနက် ဘရောက်စာ အများစုမှာ လိပ်စာဘားတွင် ကာဆာကို ချပေးနိုင်ပါတယ်။
F7 – Microsoft Word လို Microsoft Programs များမှ စာရွက်စာတမ်းများထဲမှာ စာလုံးပေါင်းနဲ့ သဒ္ဒါကို စစ်ဆေးပေးနိုင်ပါတယ်။
F8 – ကွန်ပြူတာကို ဖွင့်နေစဉ်မှာ ၀င်းဒိုးရဲ့ Boot Menu ကို ၀င်ဖို့ သုံးနိုင်ပါတယ်။
F9 – Microsoft Word မှာ စာရွက်စာတမ်းတစ်ခုကို Refresh လုပ်ခြင်းနဲ့ Microsoft Outlook မှာ အီးမေးများ ပေးပို့ခြင်းများအတွက် သုံးနိုင်ပါတယ်။
F10 – ဖွင့်ထားတဲ့ Program ရဲ့ Menu Bar ကို Activate လုပ်ပေးပါတယ်။ Shift + F10 ကို နှိပ်ရင် Right-Click လုပ်ပေးမှာပါ။
F11 – အင်တာနက် ဘရောက်စာများမှာ Fullscreen Mode ကို ဖွင့်ခြင်း၊ ပိတ်ခြားများ ပြုလုပ်ပေးပါတယ်။
F12 – Microsoft Word မှာ Save as dialog box ကို ဖွင့်ပေးပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com