7/06/2017

♪ " Asus Notebook များကို KMD နှင့် GPT တို့မှ တရားဝင်ဖြန့်ချိပေးမည် " ♫

Image may contain: screen

Asus အမှတ်တံဆိပ် Notebook များကို KMD နှင့် GPT တို့မှ ပြည်တွင်းဈေးကွက်အတွင်း တရားဝင်ဖြန့်ချိပေး မည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဈေးကွက်အတွင်း Vivobook X Series, K Series များနှင့်အတူ Gamer များအတွက် G Series, ပါးလွှာသော Zenbook Series များကို ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။

" Asus နဲ့ မိတ်ဖက်အဖြစ် လက်တွဲရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူဝမ်းသာစရာပါ။ ကျွန်တော်တို့ရဲ့ ချိတ်ဆက်မှုအားကောင်းပြီး ခိုင်မာတဲ့လက်တွဲဖော်များနှင့် လက်လီအရောင်းဆိုင်တွေကနေတဆင့် Products တွေကို ဖြန့်ချိဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " ဟု KMD ဧ။် CEO ဖြစ်သူ Mr.RonaldAung Moe Shwe က ပြောကြားခဲ့သည်။ ထို့အပြင် GPT ဧ။် Director ဖြစ်သူ Mr.ThantZinHtwe မှလည်း " GPT က ဖြန့်ချိရေး ကိုယ်စားလှယ်ဆိုတာထက် Asus အမှတ်တံဆိပ်အတွက် အထောက်အပံ့ကောင်းတွေရရှိလာအောင် ဖန်တီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Asus နဲ့ အတူတကွ မြန်မာပြည်ရဲ့ နည်းပညာဈေးကွက်ကို ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေဖို့ လိုအပ်တဲ့ အထောက်အပံ့ကောင်းတွေလည်း ပေးအပ်သွားမှာပါ " ဟု ဆိုသည်။ ပြည်တွင်းဈေးကွက်တွင် Asus အမှတ်တံဆိပ် Notebook Model များဖြစ်သော UX410, UX490, GL753, FX553 တို့ကို ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com