သူငယ်ချင်း၊ မိသားစုများနဲ့ အွန်လိုင်းကနေ ဆက်သွယ်ဖို့အတွက် Facebook
Messenger ကို အများဆုံး အသုံးပြုလာကြပါပြီ။ Facebook က Messenger ကို
ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုပြီး စွမ်းရည်မြင့်မားအောင်
ဖန်တီးပေးနေပါတယ်။ အဲဒီအတွက် သင် မသိလောက်သေးတဲ့ မက်ဆင်ဂျာရဲ့
စွမ်းဆောင်ချက် အသစ်များကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Video Call မှာ Reactions များထည့်သွင်းပါ။

Facebook Posts များမှ ဓါတ်ပုံများမှာ Reaction Emoji များ ထည်သွင်းနိုင်ကြပါတယ်။ အခုတော့ Video Call များမှာပါ အဲဒါတွေကို ထည့်သွင်းနိုင်ပါပြီ။ Video Chat Screen ရဲ့ အောက်ခြေမှာ Filters, Masks , Reactions များထည့်သွင်းနိုင်တဲ့ Options များကို ပြသထားပါတယ်။
၂။ လျှို့ဝှက် Conversation ဖန်တီးပါ။

အခြား လူများ မသိစေချင်တဲ့ အရာများကို သင့်သူငယ်ချင်းတစ်ယောက်နဲ့ မျှဝေတဲ့အခါမှာ ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။ Secret Conversation ကို အသုံးပြုရင် သင်တို့ရဲ့ Message များကို အခြားလူများ မမြင်နိုင်တော့ပါဘူး။ ဒါ့အပြင် Message များကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အလိုအလျှောက် ဖျက်ဆီးအောင် ပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်းနဲ့ စကားပြောတဲ့ Chat Box ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်မှ i Logo ကို နှိပ်ပါ။ Secret Conversation ကို နှိပ်ပါ။
၃။ ဂိမ်းများ ကစားပါ။

မက်ဆင်ဂျာမှာ သူငယ်ချင်းများနဲ့ ဂိမ်းများ ကစားနိုင်ပါပြီ။ သူငယ်ချင်းများနဲ့ ယှဉ်ပြိုင် ကစားရတဲ့ ဂိမ်းများ အပြင် သင်တစ်ကိုယ်တော် ကစားရတဲ့ ဂိမ်းများလည်း ပါဝင်ပါတယ်။ Pac-Man ဂိမ်းတောင် ထည့်သွင်းပေးထားပါတယ်။ ဂိမ်းကစားဖို့ ညာဘက်ထောင့် အောက်ခြေမှ Controller Icon ကို နှိပ်ပါ။ ပြီးရင်တော့ နှစ်သက်ရာ ဂိမ်းကို ရွေးချယ် ကစားနိုင်ပါပြီ။ ယှဉ်ပြိုင် ကစားရတဲ့ ဂိမ်းကို ကစားရင်တော့ သူငယ်ချင်းများကို ရွေးချယ်ပေးရမှာပါ။
၎။ Messenger Code ဖြင့် သူငယ်ချင်းများကို ရှာဖွေပါ။

Facebook မှာ နာမည်တူတဲ့ လူများစွာ ရှိတဲ့အတွက် သူငယ်ချင်းများကို ရှာဖွေရတာ အနည်းငယ် ရှုပ်ထွေးပါတယ်။ အဲဒီ အတွက် မက်ဆင်ဂျာမှာ သူငယ်ချင်းများကို လွယ်ကူစွာ Add နိုင်တဲ့ Messenger Code ကို ထည့်သွင်းပေးထားပါတယ်။ User တစ်ယောက်ချင်းစီမှာ မတူညီတဲ့ ကိုယ်ပိုင် မက်ဆင်ဂျာ ကုဒ်တစ်ခုစီ ပိုင်ဆိုင်ကြပါတယ်။
ညာဘက်အပေါ်ထိပ်မှ သင့် ပရိုဖိုင် ဓါတ်ပုံကို နှိပ်ပါ။ နောက် စကရင်မှာ သင့် ဓါတ်ပုံကို တစ်ချက်နှိပ်ပါ။ My Code နဲ့ Scan Code ကဏ္ဍနှစ်ခုကို မြင်ရမှာပါ။ My Code မှာ သင့်ရဲ့ ကုဒ်ကို ပြသထားပြီး အခြား သူငယ်ချင်းက သူ့ဖုန်းကနေ Scan Code ထဲသွားပြီး သင့်ကို Add နိုင်ပါတယ်။ အပြန်အလှန်အားဖြင့် ဒီလို ပြုလုပ်နိုင်ပါတယ်။
၅။ Messenger မှာ Reactions များကို သုံးပါ။
Facebook Posts များ၊ ကွန်းမန့်များမှာ သာမက မက်ဆင်ဂျာမှာပါ Reactions များကို အသုံးပြုနိုင်ပါပြီ။ သူငယ်ချင်းတစ်ယောက် ပေးပို့တဲ့ Message များ၊ ဓါတ်ပုံ၊ ဗီဒီယိုများကို ဖိထားရင် Love, Haha, Wow, Sad, Angry, Like , Unlike စတဲ့ Reactions များ ပေးနိုင်ပါတယ်။