7/14/2017

♪ “အရှေ့ကင်မရာ နှစ်လုံးပါတဲ့ Vivo X9s နဲ့ X9s Plus” ♫

Image may contain: phone

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Vivo က X9s နဲ့ X9s Plus စမတ်ဖုန်း များကို ပြသလိုက်ပါတယ်။ Plus Model ဟာ အရွယ်ပိုမို ကြီးမားပေမယ့် Specifications အများစုက တူညီကြပါတယ်။ Vivo X9s မှာ Qualcomm Snapdragon 652 Chipset ထည့်သွင်းထားပါတယ်။ 4GB RAM, 64GB Internal Storage တပ်ဆင်ထားပါတယ်။

၅.၅ လက်မ Full HD AMOLED Display တပ်ဆင်ထားပြီး Vivo Funtouch OS 3.0 အုပ်ထား တဲ့ Android 7.1.1 Nougat မောင်းနှင်မှာဖြစ်ပါ တယ်။ အရှေ့ဘက်မှာ Selfie ဓာတ်ပုံကောင်းများ ရိုက်ကူးနိုင်တဲ့ 20MP နဲ့ 5MP Camera နှစ်လုံး တပ်ဆင်ထားပါတယ်။ အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာ Selfie ဓာတ်ပုံများ ရိုက်ကူးနိုင်အောင် Flash ကိုလည်း အရှေ့ဘက်မှာ တပ်ဆင်ထား ပါတယ်။

အနောက်ဘက်မှာ 16MP Camera နဲ့ အတူ Flash တစ်လုံး တပ်ဆင်ထားပါတယ်။ 3320mAh Battery ပါပါတယ်။ 4G LTE, Wi-Fi, Bluetooth, GPS ဆက်သွယ်မှုများ ပံ့ပိုးပေးထားပါ တယ်။ လက်ဗွေရာ အာရုံခံကိရိယာ ကို Home Button အောက်မှာ မြှုပ်နှံ ထားပါတယ်။ Vivo X9s Plus မှာ ၅.၈၅ လက်မ AMOLED Full HD Display, Snapdragon 653 Processor, 4015mAh Battery များ ပါပြီး အခြား Specifications များဟာ X9s နဲ့ တူညီကြပါတယ်။ X9s ကို ၃၉၆ ဒေါ်လာနဲ့ X9s Plus ကို ၄၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ရောင်းချပေးမှာဖြစ်ပြီး အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com