7/14/2017

♪ ၁၅၉,၀၀၀/- ကျပ်ဝန်းကျင်ရှိ ဈေးနှုန်းချိုသာသော “Singtech Infinity i-Note 2” အကြောင်းတစ်စေ့တစ်စောင်း ♫

Image may contain: 1 person, standing and text

Singtech ရဲ့ ဖုန်းကောင်းများထဲတွင် i-Note 2 ဟာလည်း တစ်လုံး အပါအ၀င်ဖြစ်ပါတယ်။ i-Note 2 ရဲ့ကောင်းမွန်သော စွမ်းဆောင်ရည်များနဲ့ ပတ်သက်သည့် ကြော်ငြာကိုလည်း Youtube တွင် ရှာဖွေကြည့်ရှုနိုင်ပါ တယ်။ i-Note 2 ကို 2.5 D Glass ဖြင့် ပြုလုပ်ထားပြီး မြင်ကွင်းစွမ်းရည် အပိုင်းတွင် 720x1280 pixels ပမာဏဖြင့် ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် ကြည်လင် တောက်ပသော ပုံရိပ်များကို ခံစားနိုင်မှာဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 520ppi ပါ။ OGS နည်းပညာလည်း ပါရှိတာကြောင့် အလင်းပြန်ခြင်းမရှိပါဘူး။ စမတ်ဖုန်းအသုံးပြုသူ အများစုဟာ ဓာတ်ပုံရိုက်ကူးခြင်းကိုခုံမင် နှစ်သက်ကြ ပါတယ်။

ဒါကြောင့် ဖုန်းထုတ်လုပ်သူများဘက်ကလည်း သူတို့၏ဖုန်းများ တွင်ကင်မရာအရည်အသွေးများကို ကောင်းမွန်အောင် ဆောင်ရွက်ပေးကြပါတယ်။ i-Note 2 တွင် အဓိကကင်မရာဟာ 13MP စွမ်းရည်ရှိပြီး ထိုစွမ်းရည်နဲ့ အတူ Panasonic 34172 chipset (စိတ်ကြိုက်ရွေးယူနိုင်သော 8MP Sony IMX166)၊ အရည်အသွေးမြင့် ဗီဒီယို၊ F2.0 Super large aperture ပါရှိခြင်းတို့ကြောင့် လှုပ်ရှားမှုတိုင်းကို မလွတ်တမ်း ဖမ်းယူရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်မှာ 5MP ဖြစ်ပြီး၊ Selfie ရိုက်ကူးမှုအတွက် ပုံထွက်ကောင်းပါလိမ့်မယ်။ ဖုန်းတွင်းစွမ်းရည် များ ဟာလည်း ပံ့ပိုးပေးထားသော ပစ္စည်းများကြောင့် ရလဒ်ကောင်းများ ကို ပေးစွမ်းနိုင်ပါတယ်။ MT6735A, 64 Bit, Quad core chipset, with Cortex A53 processor, 1.3GHz စသော စွမ်းရည်များထောက်ပံ့ပေးထားခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန်ကောင်းမွန်သော တုံ့ပြန်မှုများကိုရရှိမှာ ဖြစ်ပြီး ဂိမ်းနှင့် ပရိုဂရမ်များကို ကြန့်ကြာမှုမရှိဘဲ သုံးစွဲနိုင်ပါမယ်။ လက်ကိုင်ဖုန်းတစ်လုံးဟာ ကိုယ်ရေးကိုယ်တာကိစ္စများစွာ ကို ဆောင်ရွက်ပေးနိုင် ပါတယ်။

အခုဖုန်းကိုလည်း ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ဖုန်းပြောနေစဉ်အသံဖမ်းယူ ထားနိုင်ပြီး သုံးစွဲသူ၏ လုပ်ဆောင်ချက်များကို ကူညီသိမ်းဆည်းပေးနိုင် ပါမယ်။ TDD/ FDD LTE တို့၏ အထောက်အပံ့ကြောင့် Loading အတွက် အချိန်ကြာမြင့်မှုမရှိစေပါဘူး။ i-Note 2 ရဲ့ ဖုန်းကိုယ်ထည်ဒီဇိုင်း ဟာ ခေတ်မီ၍ အနုပညာဆန်သော အသွင်အပြင်ရှိပါတယ်။ လှပသေသပ်သော အနားသပ်များဖြင့် ဖန်တီးပေးထားပြီး အဓိကကင်မရာ ကို အနောက်ဘက် တွင် အ၀ိုင်းပုံစံတပ်ဆင်ပေးထားပါတယ်။ အခုနောက်ဆုံးပေါ် ဖုန်းများတွင် လူကြိုက်များသည့်စနစ်တစ်ခုကတော့ လက်ဗွေရာစနစ် အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ i-Note 2 တွင်လည်း လက်ဗွေရာစနစ်ကို အသုံးပြု၍ အလွယ်တကူ Lock ဖွင့်နိုင်ပါမယ်။


ဖုန်း၏အနောက်ဘက်တွင် Finger-print Sensor ကို အ၀ိုင်းပုံစံတပ်ဆင်ပေးထားပြီး အခြား လက်ဗွေရာ ဖတ်စနစ်များထက် ပိုမိုလွယ်ကူအဆင်ပြေစေ၍ လုံခြုံမှုရှိစေ ရန် ဆောင်ရွက်ပေးထားပါတယ်။ အဖွင့်အပိတ် များကို တစ်ချိန်တည်းမှာပင် လျင်မြန်စွာ ပြုလုပ်ပေးနိုင်ပါတယ်။ အချက်အလက် များကိုသိမ်းဆည်းခြင်းနှင့် App လုပ်ဆောင်ချက်များကို ပိုမိုလုံခြုံစေရန် လက်ဗွေရာစနစ်ကထောက်ပံ့ ပေးနိုင်ပါတယ်။ အိမ်မှာ ရှိသော အခြားသောအသုံးအဆောင် များနှင့် ဆက်စပ်၍လည်း ဟန်းဆက်ကိုအသုံးပြုနိုင်အောင် သက်ဆိုင်ရာ ပညာရှင်များမှ တီထွင်ပေးထားကြပါတယ်။

အခုဖုန်းတွင် အဝေးထိန်း အနီအောက်ရောင်ခြည်လုပ်ဆောင်ချက်ပါဝင်ပြီး Transport Protocol များကို ပံ့ပိုးပေးထားခြင်းကြောင့် တီဗီ၊ အဲကွန်း (သို့) အနီအောက်ရောင်ခြည်သုံး စက်ပစ္စည်းများကို Application တွေရဲ့ အထူး လုပ်ဆောင်ချက်များဖြင့် ထိန်းချုပ်ပေးနိုင်ပါတယ်။ OTG ထောက်ပံ့ပေး သည့်စနစ်ကိုလည်း သုံးစွဲနိုင်သောကြောင့် အချက် အလက်များလွှဲပြောင်း ရယူသုံးစွဲခြင်းအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏ ကတော့ 150x 77.2x8.8 mm ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိ အောင် ဆောင်ရွက်ပေးထားပါတယ်။


အသုံးပြုနိုင်တဲ့ OS အမျိုးအစားကတော့ Android ဖြစ်ပြီး version မှာ Marshmallow ဖြစ်ပါ တယ်။ ဖုန်းများ ထုတ်လုပ်သည့်အခါတွင် ဆင်းကတ်နှစ်ကတ်အသုံးပြုနိုင်အောင် ပိုမိုဆောင်ရွက်ပေးလာကြပါတယ် ။ ပေါများလာသည့် ဆင်းကတ် များကို ပို၍သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးထားခြင်းကြောင့် အသုံးပြု သူများ အတွက်လည်း များစွာ အဆင်ပြေစေပါတယ်။ ယခုဖုန်း တွင်လည်း ဆင်းကတ်နှစ်ကတ်ကို ထည့်သွင်းအသုံးပြုနိုင်ပါမယ်။ သုံးစွဲရမယ့် ဆင်းကတ် အရွယ်အစားမှာ micro sim ပါ။ 620Wh စွမ်းအင်သိပ်သည်း ဆနှင့် 3300mAh Lithium-polymer battery ကို ထည့်သွင်းပေးထားခြင်းကြောင့် အခြားဘက်ထရီများထက် ၂၅% အထက်စွမ်းဆောင်ရည်များကို တိုးမြှင့်ထားပြီး အားသွင်းနှုန်းကိုလည်း ၃၀% အထက် တိုးမြှင့်ထားပါတယ်။

၅ မိနစ်ခန့်အားသွင်းပြီးတာနဲ့ အချိန်ကြာမြင့်စွာ ဖုန်းပြောဆိုနိုင်ပါ မယ်။ နောက်ဆုံးပေါ် အမြန် အားသွင်းခြင်းနည်းပညာအသစ်က ဖုန်းအားသွင်းရာတွင် လျင်မြန်သောကြောင့် သုံးစွဲသူ၏နေ့စဉ်ဘ၀ အသုံးပြုခြင်းများအတွက် လွယ်ကူပြီး အကျိုး ရှိစေပါတယ်။ သစ်လွင်တောက်ပသော အရောင်အမျိုးမျိုးဖြင့် လည်း ဖုန်းကိုထုတ်လုပ်ပေးထား ပါသေးတယ်။ ဖုန်းရဲ့တန်ဖိုးမှာ ၁၅၉,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com