7/05/2017

♪ “User သန်း ၂ ထောင်ပြည့်မြောက်ခဲ့သော Facebook နှင့် ၎င်း၏ တာဝန်ယူနိုင်စွမ်း” ♫

Image may contain: phone and text

ပြီးခဲ့သောသီတင်းပတ်က နာမည်ကျော်လူမှုရေး Website Facebook ကို အသုံးပြုသူ User အရေအတွက် သန်း ၂ ထောင်ပြည့်မြောက်သွားခဲ့ပြီဖြစ် ၏ ။ Facebook အနေဖြင့်လည်း တစ်ကမ္ဘာလုံးတွင် လွှမ်းမိုးနိုင်စွမ်းအရှိ ဆုံးနှင့် အကြီးမား ဆုံးလူမှုရေးကွန်ရက်အဖြစ် အခိုင်အမာရပ်တည် သွားနိုင် ခဲ့လေပြီ။ User သန်း ၂ ထောင်ပြည့်မြောက်ခဲ့သော လွန်ခဲ့သော တစ်ပတ်အင်္ဂါနေ့တွင် Facebook တည်ထောင်သူနှင့် စီအီးအို မာ့ခ်ဇူကာဘတ် က ၎င်း၏ Facebook စာမျက်နှာပေါ်တွင် “ဒီနေ့ မနက်မှာပဲ Facebook အသိုင်းအ၀ိုင်းဟာ လူပေါင်းသန်း ၂ ထောင်ပြည့် မြောက် သွားခဲ့ပါပြီ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့အတွက် တိုးတက်မှုတွေ ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အတွက် ပိုပြီးနီးကပ်တဲ့ ကမ္ဘာကြီးကို ဖန်တီးကြပါစို့”ဟု ရေးသားထားခဲ့သည်။

Facebook ကို လွန်ခဲ့သည့် ၁၃ နှစ်က မာ့ခ်ဇူကာဘတ်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် User သန်း တစ်ထောင် ပြည့်မြောက်ခဲ့ သည်။ နောက်ထပ် ၅ နှစ်ပင် မပြည့်တတ်သေးချေ။ သန်း ၂ ထောင်ပြည့် မြောက် ခဲ့ပြန်သည်။ Log in ဖြင့် ၀င်ရောက်ရသည့် Social App များတွင်လည်း အများပြားဆုံး User ပမာဏကို ရရှိထားပြီးဖြစ်သည်။ Google ၏ လက် အောက်မှ Youtube Website သည်ပင် ပုံမှန် ၀င်ရောက်ကြည့်ရှုသူ ၁.၅ ဘီလီယံသာရှိထားပြီး WeChat က ၈၈၉ သန်း၊ Twitter က ၃၂၈ သန်း၊ Snapchat က ၂၅၅ သန်းတို့ အသီးသီးရရှိထား ကြသည်။ မကြာသေးမီက ရေပန်းစားလာခဲ့သော ဓာတ်ပုံမျှဝေသည့် Website Instagram ကတော့ User သန်း ၇၀၀ ကျော်ရှိထားလေသည်။ သို့သော် Instagram သည်ပင် Facebook ၏ လက်အောက်ခံဆိုရှယ် ကွန်ရက် တစ်ခုဖြစ်လေသည်။

Facebook ၏ ရေပန်းစားမှုသည် ပြီးခဲ့သော ၅ နှစ်အတောအတွင်း တိုးတက်ဖွံ့ဖြိုးလာသော ကမ္ဘာ့နိုင်ငံငယ်များနှင့် အတူ ယှဉ်တွဲလိုက်ပါ လာခဲ့သည်ဟု ဆိုရပေမည်။ Facebook ၏ မိုဘိုင်း App များသည် ဈေးပေါပေါ Android စမတ်ဖုန်းများမှ တစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီး Bandwidth နည်းသော အင်တာနက် Connection မျိုးတွင်လည်း အသုံးပြုရ လွယ်ကူစေခဲ့သည်။ စစ်တမ်းများ အရတော့ အာရှတွင် Facebook အသုံးပြုသူ ၇၄၆ သန်းရှိထားပြီး ဥရောပနှင့် အာဖရိကတို့တွင် သန်းတစ်ထောင်အထိ အသုံးပြုနေကြောင်း သိရသည်။ Facebook စတင်ပေါက်ဖွားခဲ့သောအမေရိကနှင့် ကနေဒါ တွင်မူ အသုံးပြုသူ ၄၁ သန်းသာရှိထားလေသည်။

<Facebook ကပေးသော လုပ်ပိုင်ခွင့်များ>

Facebook ၏သက်တမ်းနှင့်အရှိန်အ၀ါမှာ လက်ရှိအမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ၎င်း၏ User ဦးရေ တိုးတက်မှုသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပိုမိုမြန်ဆန်လာခဲ့ကြောင်း တွေ့ရသည်။ တကယ် တော့ Facebook ၏ လစဉ် အသုံးပြုသူ ၆၆ ရာခိုင်နှုန်းမှာ နေ့စဉ် ၀င်ရောက် အသုံးပြုလေ့ရှိ ကြသူများဖြစ်နေလေသည်။ သို့သော် Facebook ကို တစ် ကမ္ဘာလုံးအတိုင်းအတာဖြင့် လူကြိုက်များရသည့် အကြောင်းအရင်းတစ်ရပ်က User များဖြစ်သည့် Society တစ်ခုလုံးကို လုပ်ပိုင်ခွင့် အာဏာများပေးအပ်ခဲ့ခြင်းကြောင့်ဟု ဆိုရမည်ဖြစ်၏။ ဈေးကွက်သုတေသန TechCrunch အဖွဲ့နှင့်တွေ့ဆုံ ရာတွင် Facebook ၏ Chief Product Officer Chris Cox က “လူမှုအဖွဲ့အစည်းတွေကို ကိုယ်တိုင်ဖွဲ့စည်းတည်ထောင်နိုင်ဖို့ Facebook က ခွင့်ပြုထားပါတယ်။ ကမ္ဘာကြီးကို သူတို့နဲ့ ပိုမိုနီးကပ်လာအောင်လည်း လုပ်ဆောင်ပေးခဲ့ပါ တယ်”ဟု ပြောကြားခဲ့သည်။

သို့ရာတွင် လူမှုရေး Website တစ်ခုအနေဖြင့် နိုင်ငံ၊ လူမျိုး စသဖြင့် ကွဲပြားလှစွာသော User များကို လူမှုအဖွဲ့အစည်း များစိတ်ကြိုက် တည်ထောင်ဖွဲ့စည်းခွင့်ပေးခဲ့ခြင်းအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုများ ကိုလည်း ပေးရမည်သာဖြစ်၏။ အထူး သဖြင့် လူပေါင်းသန်း ၂ ထောင်ရှိ သော လူမှုအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးကို ထိန်းချုပ်ပဲ့ကိုင်နိုင်ရေးအတွက် ဆီလီကွန်တောင် ကြားကကျဉ်းမြောင်းလွန်းသည်ဟု ဆိုရပါလိမ့်မည်။ User များအပေါ် Facebook ၏ အကျိုးသက်ရောက်မှုကို လေ့လာဆန်း စစ်နိုင်ရန် မစ္စတာဇူကာဘတ်နှင့် တာဝန်ရှိသူများ ပိုမိုကြိုးစားအားထုတ် ရပါတော့မည်။

<မာ့ခ်ဇူကာဘတ်၏ ဆန္ဒ>

Facebook User သန်း ၂ ထောင်ပြည့်မြောက်ခဲ့ပြီးနောက် မာ့ခ်ဇူကာဘတ်က လူသားများအတွက် ကောင်းကျိုးများပေး နိုင်သည့် အရေးပါသော လူမှုကွန်ရက်အဖြစ် ဆက်လက်ရပ်တည်လိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါဆန္ဒနှင့်ပတ်သက်၍ မစ္စတာဇူကာဘတ်က Facebook ကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ အားကစားအသင်းငယ် များ၏ နည်းပြဆရာများနှင့် နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။ ဆိုလိုရင်းကတော့ Facebook အဖွဲ့အစည်းကြီးကို ဘုရားရှိခိုးကျောင်းများ၊ အားကစား အသင်းငယ်များ၏လုပ်ဆောင်ပုံမျိုးအတိုင်း အကျိုးပြုဆောင်ရွက်စေလိုခြင်း ပင်။ ယင်းသို့ပြောခဲ့သည့်အကြောင်းရင်းကိုလည်း မစ္စတာ ဇူကာဘတ်က အောက်ပါအတိုင်း ရှင်းလင်းသွားခဲ့ပါ၏။ “ဘုရားရှိခိုးကျောင်းကို သွားတဲ့ လူတွေဟာ များသောအားဖြင့် စေတနာ့ ၀န်ထမ်း လုပ်အားပေးတွေ၊ ပရဟိတ လုပ်ငန်း ဆောင်ရွက်လိုတဲ့လူတွေပဲဖြစ်ကြပါတယ်။ သူတို့ဟာ ဘာသာရေး သမားတွေဖြစ်နေ ကြတာကြောင့် အများအကျိုးကို ဆောင်ရွက်ဖို့ပဲဆန္ဒရှိကြပါတယ်။ ပြီးတော့ ဘုရားရှိခိုးကျောင်းတွေက လည်း သီးခြားခွဲထွက်ပြီး ရပ်တည်တာမျိုး မရှိပါဘူး။ အားလုံး စုပေါင်းပြီးတော့လူသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးကြပါတယ်။ အားကစား အသင်းငယ်တွေမှာရှိတဲ့ နည်းပြကလည်း လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးတတ်တဲ့ သူမျိုးပါ။ ပြီးတော့ ပိုပြီးကောင်းကောင်း ကစားတတ်လာအောင်လည်း သင်ပေးနိုင်တယ်လေ။ အသင်းရဲ့အစဉ် အလာ၊ စိတ်ဓာတ်နဲ့ခံယူချက်တွေကို ပြသပေးတဲ့ ခေါင်းဆောင်လည်းဖြစ် တယ်။ Facebook အဖွဲ့အစည်းဟာလည်း ကောင်းမွန်တဲ့ရည်ရွယ် ချက်တွေနဲ့ ပြည့်နေတဲ့လူမှု အကျိုးပြုအဖွဲ့ အစည်းဖြစ်စေချင်ပါတယ်” ဟု ဆိုခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ Facebook ကို မကောင်းသော ရည်ရွယ်ချက်များဖြင့် အသုံးချသူများကတော့ ရှိနေဦးမည်သာဖြစ် သည်။ Facebook Live ပေါ်တွင် မိမိကိုယ်ကိုသတ်သေသည့် လုပ်ရပ်များ၊ နိုင်ငံရေးအသာစီးယူ သည့် မဟုတ်မမှန် သတင်း များကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။ Facebook မှတစ်ဆင့် ပျံ့နှံ့လာသည့်သတင်းမှားများ အနက် ၂၀၁၆ ခုနှစ်၊ အမေ ရိကန်သမ္မတရွေးကောက် ပွဲကျင်းပခဲ့စဉ်က ထွက်ပေါ်လာသော သတင်းများ ဆိုလျှင် ဒေါ်နယ်ထရမ့်အနိုင်ရခဲ့သည်အထိ အကျိုး သက်ရောက်မှုကြီးမားခဲ့ကြောင်း ဆိုကြလေသည်။

နိုင်ငံရေးအသာစီးရယူလိုမှုနှင့် အကြမ်းဖက်မှုများကျူးလွန်ရန်အတွက် အသုံးချသော သတင်းအမှားများကို တိုက်ဖျက် ရန်လိုအပ်လာသည် ကတော့ အမှန်ပင်။ ထို့အတွက် Facebook User အချို့အပေါ် အချိန် ၆ လယူ၍ စစ်တမ်းကောက်ယူသွား ရန်လည်း မစ္စတာဇူကာဘတ်က ပြင်ဆင်နေကြောင်း သိရသည်။ အခြားတစ်ဖက်တွင် တီထွင်အောင်မြင် ခဲ့ပြီဖြစ်သော Facebook ၏ ကိုယ်ပိုင် AI အသိဥာဏ်တုဆော့ဝဲကိုလည်း အသုံးချသွားရန် ဇူကာဘတ်စီစဉ်နေပြီဖြစ်သည်။ အဆိုပါ AI သည် Facebook အား ပိုမိုကောင်းမွန်သောအွန်လိုင်းအဖွဲ့အစည်းတစ်ရပ်ဖြစ် လာရန် ကူညီပေးနိုင်လိမ့်မည် ဟုလည်း ဇူကာဘတ်က ယုံကြည်ထား လေသည်။ ၎င်းက “အားလုံးအတွက် ပိုပြီးအဓိပ္ပာယ်ရှိရှိ၊ ကောင်းမွန်တဲ့ အဖွဲ့အစည်းဖြစ်လာမယ့် စီမံကိန်းတွေစတင်နေပါပြီ။ ဒီအတွက် ကူညီပေးနိုင်မယ့် အသိဥာဏ်တုနည်းပညာကိုလည်း စတင်ဖန်တီးနိုင်ခဲ့ ပါပြီ” ဟု ပြောကြားခဲ့သည်။ သတင်းများ၏ အဆိုအရ Facebook AI နည်းပညာမှာ လာမည့် ၆ လအတွင်း စတင်လည်ပတ်နိုင်တော့မည်ဖြစ်ရာ ပို၍ အဓိပ္ပာယ်ရှိသော အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရေးအတွက် ၅၀ ရာခိုင်နှုန်း ပို၍ထိရောက်မှုရှိလာတော့ မည်ဟု သိရသည်။

<User သန်း ၃ ထောင်ပြည့်မြောက်ရေး>

ဤနေရာတွင် Facebook ၏ CPO ဖြစ်သူ Chris Cox ၏စကားတစ်ခွန်း က ရှေ့ဆက်သွားရမည့်လမ်းကြောင်း၊ တာဝန် ယူမှု၊ တာဝန်ခံမှုများနှင့် ပတ်သက်ပြီး အဓိပ္ပာယ်ရှိနေသည်ကို တွေ့ရ၏။ ၎င်း၏အဆိုအရ User သန်းတစ်ထောင်ရရှိရေးအတွက် လူမှုရေး Website တစ်ခုကို စတင် အခြေတည်ပေးရန် လိုအပ်သည်။ ထိုမှတစ်ဆင့် သန်း ၂ ထောင် ဖြစ်လာရန်အတွက်တော့ User Base တစ်ခုကို တည်ဆောက်ပေးသွား ရန် လိုအပ်မည်ဖြစ်သည်။ သန်း ၂ ထောင်မှ သန်း ၃ ထောင်အထိ ဖြစ်လာရန် ကတော့ Facebook ၏တာဝန်ခံနိုင်စွမ်းကို အမြင့်ဆုံးအဆင့် အနေအထားဖြင့် ပြသရလိမ့်မည်ဖြစ်သည်။ တာဝန်ခံနိုင်စွမ်းနှင့် User များအပေါ် နားလည်နိုင်စွမ်း၊ မျှဝေနိုင်စွမ်းကို အပြည့်အ၀ပြသရန် လိုအပ်ပါလိမ့်မည်။ နောက်ဆုံးအနေဖြင့် တည်ထောင်သူ နှင့် စီအီးအို မာ့ခ်ဇူကာဘတ် ပြောကြားခဲ့သည်ကတော့ “လူသားတွေကို တစ်ဦးနဲ့ တစ်ဦး ပိုမို နီးကပ်လာစေဖို့က Facebook ရဲ့အရေးကြီးဆုံးတာဝန် တစ်ရပ်လို့ ခံယူထားပါတယ်။ ဒီအတွက် တာဝန်ယူမှုကို ထပ်ပြီးတိုးချဲ့သွား မှာပါ” ဟူ၍ ဖြစ်သည်။



Ref : (Facebook now has 2 billion monthly users… and responsibility)

ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com