7/05/2017

♪ " Snapdragon 835 နဲ့ ထွက်ရှိလာမယ့် Samsung Galaxy S8 Active " ♫

Image may contain: phone

Samsung Galaxy S4 Active ကို မိတ်ဆက်ပြီးနောက်မှာ ယခု generation အတွက် flagship ရဲ့ rugged version
(ရေစိုခံ၊ အကြမ်းခံမယ့် စမတ်ဖုန်းအမျိုးအစား) အတွက် စမတ်ဖုန်းအသစ်ကို ထပ်မံပြင်ဆင်နေတယ်လို့ သိရပါတယ်။ Wifi Certification ၊ Benchmark Listing ၊ Netflix နဲ့ Samsung ရဲ့ တာဝန်ရှိသူတစ်ဦးဆီကနေ Galaxy S8 active နဲ့ပတ်သက်တဲ့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး Galaxy S8 active လို့ ယူဆရတဲ့ စမတ်ဖုန်းက US မှာရှိတဲ့ FCC ရဲ့ အသိအမှတ်ပြုလက်မှတ်လည်း ရရှိခဲ့တာဖြစ်ပါတယ်။


ဒီစမတ်ဖုန်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေအရ နည်းပညာလုပ်ဆောင်မှုပိုင်းဆိုင်ရာ အချက်အလက်တစ်ချို့ ပါဝင်ပြီး ဖုန်းရဲ့ နောက်ကျောဘက်ပုံလည်း တွေ့ရမှာပါ။ FCC ရဲ့ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်တွေ ထဲမှာ ဖုန်းရဲ့ အရောင်နဲ့ပတ်သက်ပြီး ပြောကြားထားတာမျိုးတော့ မရှိပါဘူး။ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Galaxy S8 active က အမေရိကရဲ့ AT&T version အဖြစ် ရောင်းချပေးခဲ့တဲ့ plain S8 နဲ့လည်း ဆင်တူနေပါတယ်။ plain S8 မှာလည်း Snapdragon 835 chipset နဲ့ 12 MP ကင်မရာ ပါဝင်တာဖြစ် ပါတယ်။ 

flat display နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ ဖြစ်ပေါ်နေပေမယ့် အသေးစိတ်တော့ မသိရှိရပါဘူး။ FCC အသိအမှတ်ပြုရပြီဖြစ်တဲ့ ဒီစမတ်ဖုန်းက သိပ်မကြာခင်မှာပဲ ထွက်ရှိလာတော့မယ်လို့ မျှော်လင့်ရပါတယ်။


#m.gsmarena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com