7/05/2017

♪ Huawei မှ Huawei Day ပြုလုပ်ကာ ပရိုမိုးရှင်းအစီအစဉ် များ စတင် ♫


၂၀၁၇ ခုနှစ် ၊ ဇူလိုင် လ ၁ ရက်နေ့ ကနေ ၁၀ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်တဲ့ Huawei Day ပရိုမိုးရှင်း အစီအစဉ်မှာ မြန်မာတစ်နိုင်ငံလုံးရှိ သတ်မှတ်ဆိုင်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်တယ် လို့ သိရပါတယ်။

Sector တွေကို ရန်ကုန်၊ မန္တလေးနှင့် အနောက်မြန်မာဟု အပိုင်း(၃)ပိုင်းခွဲပြီး ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး Huawei Day ပရိုမိုးရှင်းအစီအစဉ်မှာ P10၊ P10 Plus ကိုဝယ်ယူပါက Camera Shooting Box Set ရရှိမည်ဖြစ်ပြီး P10၊ P10 Plus အပြင် အခြား စမတ်ဖုန်းများ ဝယ်ယူသော သုံးစွဲသူများအနေဖြင့် ကံစမ်းမဲအစီအစဉ်များတွင် ပါဝင်ကံစမ်းနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ Huawei Branded Shop များနှင့် သတ်မှတ်ထားသော ဖုန်းဆိုင်များတွေမှာ ဝယ်ယူသူများအနေဖြင့် ပထမဆုအနေဖြင့် ရေခဲသေတ္တာ (၁၉) ဆု၊ ဒုတိယဆုအနေဖြင့် Y6 II (၁၀) ဆုနှင့် Y5 2017 (၈)ဆု၊ တတိယဆုအနေဖြင့် Multi Cooker (၁၀၄) ဆု တို့ကို ကံစမ်းနိုင်မည့် အခွင့်အရေးတို့ကို ရရှိမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

Mobile Week အနေနဲ့ Shop Website မှာ ဇူလိုင်လ (၄) ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး Huawei Mate9 ကို ပထမဆုံး ဝယ်ယူသူ (၅) ဦးအနေဖြင့် ၅၀၀၀၀ကျပ် သက်သာနိုင်မည့် အခွင့်အရေး၊ P10 ဝယ်ယူသူများအနေဖြင့် Original View Cover နှင့် Premium Member Card ရရှိနိုင်မည့်အခွင့်အရေး၊ P10 Plus ဝယ်ယူသူများအနေဖြင့် Leica Premium Cover နှင့် Premium Member Card ရရှိနိုင်မည့်အခွင့်အရေး၊ P9 ဝယ်ယူသူများအနေဖြင့် Huawei A1 Band ရရှိနိုင်မည့်အခွင့်အရေး၊ GR5 Mini ဝယ်ယူသူများအနေဖြင့် Selfie Tripod ရရှိနိုင်မည့်အခွင့်အရေး တွေနဲ့ T2 7 Pro Tablet ဝယ်ယူသူများအနေဖြင့် Original Cover ရရှိနိုင်မည့်အခွင့်အရေးတွေကို ရရှိစေမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီအပြင်မှာ တယ်လီနောကွန်ရက် နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေအရ HUAWEI P10၊ P10 Plus – HUAWEI P10၊ P10 Plus ဝယ်ယူသူများအနေဖြင့် လစဉ် ၁၀၀၀၀ ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် 3GB ဒေတာနှင့် ဒေတာနှင့် Telenor အချင်းချင်း အကန့်အသတ်မဲ့ SMS ပေးပို့ခြင်းကို ၆ လတိုင်တိုင် ရရှိမည်ဖြစ်တယ် လို့ ဆိုပါတယ်။

Huawei Y7 Prime နှင့် Y6 II Prime ဝယ်ယူသူများအနေဖြင့် Telenor SIM ကတ်အတွင်း လစဉ် ငါးထောင်ကျပ်ဖြည့်ရုံနှင့် အင်တာနက်အခမဲ့သုံးစွဲခွင့် 1GB နှင့် လစဉ် Telenor အချင်းချင်း မိနစ် ၆၀ အခမဲ့ပြောဆိုခွင့်တို့ကို ခြောက်လဆက်တိုက် ရရှိနိုင်မည်ဖြစ်ပါတယ်။

Y5 2017 ဝယ်ယူသူများအနေဖြင့် Telenor SIM ကတ်အတွင်း လစဉ် ငွေကျပ် သုံးထောင် ဖြည့်ရုံဖြင့် အင်တာနက် 800 MB အခမဲ့ သုံးစွဲခွင့်ကို ခြောက်လဆက်တိုက် ရရှိမည်ဖြစ်ပြီး Y3 2017 ကို ဝယ်ယူသူများအနေဖြင့် Telenor SIM ကတ်အတွင်း လစဉ် တစ်ထောင်ကျပ် ဖြည့်ရုံဖြင့် အင်တာနက် 500 MB အခမဲ့ သုံးစွဲခွင့်ကို ခြောက်လဆက်တိုက် ရရှိမည်ဖြစ်တယ် လို့ သတင်းရရှိပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com