7/05/2017

♪ " Xiaomi ၏ စီအီးအိုမှ MIUI 9 ဟာ ပိုမိုချောမွတ်ပြီး စွမ်းရည်မြင့်မားလာမည်ဟု ပြောကြား " ♫

Image may contain: phone and text

Xiaomiက နောက်ထွက်မယ့် MIUI 9 ရဲ့ သတင်းအချက်အလက် အချို့ကိုတရုတ် လူမှုကွန်ရက် Lei Jun ကနေ ပြောကြားလိုက်ပါတယ်။ စီအီးအိုဖြစ်သူ Lei Jun က MIUI 9 ဟာ ပိုမိုချောမွတ်ပြီးစွမ်း ရည်မြင့်မားလာမယ်လို့ ပြောပါတယ်။

သူက MIUI 9 ကို မကြာမီအသုံးပြုနိုင်တော့မယ်လို့လည်းပြောပါတယ်။ MIUI 9 ဟာ ပိုမိုတည်ငြိမ်လာတဲ့ အတွက် ယခင်ဗားရှင်းများထက် တုန့်ဆိုင်းမှုနည်းပါးလာမှာဖြစ်ပါတယ်။ MIUI 9 မှာ စွမ်း ဆောင်ချက် အသစ်များလည်း ပါလာမှာဖြစ်ပါတယ်။ စီအီးအိုက အဲဒီစွမ်းဆောင်ချက်အသစ်များကို ပြောကြားခြင်း မရှိပေမယ့် Split Screen , Picture-in-Picture Modes များ ပါလာနိုင်ပါတယ်။ 

ဒါ့အပြင် ပေါက်ကြားထွက်ပေါ်လာတဲ့ MIUI 9 ရဲ့ စကရင်ရှော့များအရ Multitasking Screen ကို တွေ့မြင်ရပါတယ်။ အဲဒီမှာ WeChat App ကို ဥပမာပြသထားတဲ့ စွမ်းဆောင်ချက်အသစ်တစ်ခုကို ပြသထားပါတယ်။ Multi­task­ing Scr­een ကနေ Apps များကို ပြောင်းလဲအသုံးပြုသလို WeChat ရဲ့ Chat Interface နဲ့ Wallet ကို ပြောင်းလဲအသုံးပြုနိုင်တာကို တွေ့ရပါတယ်။ Xiaomi က ယခုနှစ်နှောင်းပိုင်းမှာ မိတ်ဆက်မယ့် Mi Note 3 မထွက်ခင်မှာ MIUI 9 ကို မိတ်ဆက်နိုင်ပါတယ်။ MIUI 9 ကို Mi 6 နဲ့ Mi Note 2 တို့အတွက် အရင်ဆုံးဖြန့်ချိပေးနိုင်ပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com