7/05/2017

♪ မိမိကွန်ပြူတာထဲကအချက်အလက်တွေကိုလုံခြုံစေမယ့်နည်းလမ်းများ - “Secret Your File” ♫

Image may contain: one or more people

ရုံးမှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကွန်ပျူတာသုံးစွဲတဲ့အခါ မတွေ့မမြင်စေချင်တဲ့ဖိုင်တွေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ စာရင်းဇယား စတဲ့အရေးကြီးတဲ့အရာတွေများစွာရှိမှာပါ။ မတော်တဆ မိမိတို့ ကွန်ပျူတာခိုးယူခံရတာမျိုး၊ အခြားသူ တစ်ယောက်ကို ငှားရမ်းသုံးစွဲ တာမျိုးအခြေအနေတွေကြုံလာတဲ့အခါမှာ အောက်မှာပေးထားတဲ့ နည်းလမ်းတွေကအသုံးတည့် စေမှာပဲဖြစ်ပါတယ် . . .

<Photo Lock ချထားခြင်း>

Steganography ဆိုသည်မှာ Data အချက်အလက်များကို အခြားသော Data များထဲမှာ လျှို့ဝှက်စွာသိမ်းဆည်းထား သည့် လုပ်ငန်းစဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဂရိသမိုင်းပညာရှင် Herodotus, ကွန်ပျူတာ ရှေ့ဆောင်တီထွင်သူ Charles Babbage နှင့် Bletchley Park တို့က ဒီနည်းစနစ်ကိုသုံးစွဲခဲ့ပြီး information များကို encrypt လုပ်တာ၊ hide လုပ်တာ၊ decrypt လုပ်တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။ Open-source ပရိုဂရမ်တစ်ခုဖြစ်တဲ့ OpenStego(www.openstego.info) ဟာအဆို ပါစိတ်ကူးကိုအတုယူပြီး စာသားများကို ဓာတ်ပုံများအတွင်းထည့်သွင်းကာ hide လုပ်ထားနိုင်စေရန် ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံကအခြားသော ဓာတ်ပုံများနဲ့ပုံစံတူညီသော်လည်း သင့်အနေဖြင့် OpenStego မှာဖွင့်ပြီး သင့်ရဲ့ password ကိုရိုက်ထည့် လိုက်လျှင်သင် lock ချပြီး လျှို့ဝှက် ထည့်သွင်းထားသော စာသားများနဲ့အထဲမှာ hidden ဖြစ်နေတာတွေ ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။

အခြားသော stegannography trick တစ်ခုကတော့ document တစ်ခုကိုယူပြီး hide လုပ်ထားနိုင်စေဖို့ (OpenStego ကတော့ အဲဒါကို Message File ဟုခေါ်ဆိုပေမယ့်မည်သည့် text ဖိုင်မဆိုဖြစ်နိုင်ပါတယ်)၊ Cover File တစ်ခုကိုယူပြီး (ဓာတ်ပုံ တစ်ခုဖြစ်နိုင်ပါတယ်) password တစ်ခုကိုရွေးချယ်ကာ Hide Data ကို နှိပ်လိုက်ရမှာဖြစ်ပါတယ်။ အဲဒီအခါ အလိုအလျောက် encrypt လုပ်သွားပြီး သင့်ရဲ့ documents များကို သင့်ရဲ့ Cover File ထဲသို့ ကော်ပီကူးသွားမှာဖြစ်ပါတယ်။ သိပ်ပြီးကွဲပြား ခြားနားတဲ့ပုံနဲ့မြင်ရမှာမဟုတ်ပါဘူး။ နဂိုမူလ Document ဟာသူ့ရဲ့ မူလနေရာမှာပဲ သင်မဖျက်မချင်းရှိနေမှာဖြစ်ပါတယ်။

OpenStego ကို လွယ်ကူလျင်မြန်စွာ install နိုင်ပြီး မည်သည့် crap-ware များမှ ထည့်သွင်းဖို့ကြိုးစားမှာမဟုတ်ပါဘူး။ သို့သော်လည်း Run ဖို့အတွက် Java လိုအပ်မှာ ဖြစ်ပါတယ်။ Java ဟာ သူကိုယ်တိုင်တော့ အန္တရာယ်မရှိပေမယ့် ဟက်ကာများ ရဲ့ နာမည်ကျော်အဓိကပစ်မှတ် တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့်အမြဲတမ်း Update လုပ်ဖို့လိုအပ်မှာဖြစ်ပါ တယ်။ အကယ်၍သင့်မှာ Java မရှိခဲ့လျှင် install ရန်အတွက် (www. java.com)ကိုသွားပြီး Download ချကာ setup လုပ်နေစဉ်မှာ ‘Install the Search App’ အမှန်ခြစ်ဖြုတ်ပါ။ အခြားသော steganography ပရိုဂရမ်များစွာရှိပေမယ့် Java အပေါ် မမှီခိုပါဘူး။ သို့သော် သူတို့က တစ်စုတစ်စည်းတည်းလာကြပါတယ်။ Quick Stego(www.snipca.com/ 12883) ဟာ အင်မတန်ကောင်းမွန်ပြီး ဓာတ်ပုံများအတွင်းမှာဓာတ်ပုံများ ကို ဖုံးကွယ်ထားနိုင်မှာဖြစ်ပေမယ့် OpenSteg လိုတော့ hidden လုပ်ထားတဲ့ဖိုင်တွေကို encrypt လုပ်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော် တို့အနေနဲ့ Our-Secret(www.snipca.com/12877) ကိုလည်း သုံးကြည့်ပါတယ်။ သူ့ရဲ့ website နဲ့ reviews တွေက ယုံကြည်မှုရရှိ လောက်အောင် ကောင်းမွန်ပေမယ့် Chrome ကတော့ malware တစ်ခုအဖြစ်ပိတ်ထားပါတယ်။ WinTrezur (www.snipca.com12838) ဟာ steganography အဖြစ် လုပ်ဆောင်ပေးနိုင်ရုံ သာမက ဓာတ်ပုံများ ကိုလည်း password များ ထည့်သွင်းပေးထားနိုင်မှာဖြစ်ပါတယ်။ Portable ဗားရှင်းကို USB stick ထဲသို့ ထည့်သွင်းကာ offline storage အတွက် အသုံးပြုနိုင်ရန် သင့်ရဲ့ကွန်ပျူတာအဟောင်းထဲကဖိုင်တွေကို ဖျောက်ထားနိုင်စေ မှာဖြစ်ပါတယ်။

<Password နှစ်ခါပိတ်၍ ကာကွယ်ထားခြင်း>

Wise Folder Hider(www.snipca.com/12846) က WiseCare 365 (www.snipca.com/12841) ထုတ်လုပ်သူ ကနေပဲ ထုတ်လုပ်ထား တာဖြစ်ပြီး သင့်ပီစီမှာရှိသောမည်သည့် file သို့မဟုတ် folder ကိုမဆို right click လုပ်ကာရိုးရှင်းသော Hide option ကိုထည့်သွင်းပေးထား ပါတယ်။ USB stick ထဲမှ contents တွေလည်းပါဝင်မှာဖြစ်ပါတယ်။ သင့်အနေဖြင့် ပရိုဂရမ် များကိုလည်း password ခံထားနိုင်သလို ဖိုင်များကိုလည်း password ခံထားနိုင်မှာဖြစ်ပါတယ်။ အခြားသူများ လုံးဝမမြင်ရနိုင် စေရန် password ကိုနှစ်ဆင့်ခံထားနိုင်မှာလည်း ဖြစ်ပါတယ်။

Wise Folder Hider ကရိုးရှင်းပြီး စွမ်းဆောင်ရည်မြင့်ကာ လုံခြုံစိတ်ချရ ပါတယ်။ ဒါပေမယ့် သူ့ကို install ရတာဟာ အန္တရာယ်တော့များပါတယ်။ အထက်ပါ link များကိုနှိပ်လိုက်တဲ့အခါ မြင်တွေ့ရမယ့်အစိမ်းရောင် Download Now ခလုတ်ကို နှိပ်လိုက်တဲ့အခါ သင့်အနေဖြင့် အခြားသော အစိမ်းရောင် Download Now ခလုတ်ရှိတဲ့နေရာကို ရောက်သွားမှာဖြစ် ပါတယ်။ (အခြားသောခလုတ်တွေက ကြော်ငြာတွေဖြစ်ပါတယ်)။ သင့် အနေဖြင့် Step 2 နဲ့ 3 မှာ adware များကိုရှောင်ရှားနိုင်ရန် မီးခိုးရောင် Decline ခလုတ်ကိုနှိပ်ရမှာဖြစ်ပါတယ်။ Step 5 မှာတော့ Install Now ကိုနှိပ်ရမှာဖြစ်ပါတယ်။ နောက်လာမယ့် box မှာတော့ Install ကို နှိပ်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ login password နှင့် confirm password ကို ရိုက်ထည့်မှာဖြစ်ပါတယ်။

<Folder များအား ဆော့ဝဲများမသုံးဘဲ Lock ချခြင်း>

Windows 10 မှာ သင့်ရဲ့ကိုယ်ရေးကိုယ်တာဖိုင်တွေကို Access မလုပ်နိုင်စေရန် lock ချထားနိုင်မယ့် built in options ပါဝင်ပါတယ်။ ပထမတစ်ခုကတော့ ရိုးရှင်းပြီး File Explorer ထဲကနေအခြားသူများက File တစ်ခုခုသို့မဟုတ် Folder တစ်ခုခုကို မဖွင့်နိုင်စေရန် right-click နှိပ်ပြီး "Stop sharing" option ကို ရွေးချယ်နိုင်မှာပါ။ ဒါပေမယ့်လည်း ဒါကလွယ်လင့်တကူ ၀င် ရောက်စေနိုင်မှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက် က အခြားသော administrator account တစ်ခုနဲ့ log in ၀င်ပြီး folder ကို ဖွင့်ကာ Continue ကိုနှိပ်လိုက်လျှင် warning ပေးတဲ့ pop-up ပေါ်လာမှာဖြစ်ပါတယ်။ သင့်ရဲ့ folder တွေကို လုံခြုံစွာထားနိုင်ဖို့ အခြားသောကောင်းမွန်တဲ့နည်းတစ်ခုကတော့ အဆိုပါ folder ကို right-click နှိပ်ပြီး Properties ကိုနှိပ်ကာ Security Tab သို့သွားပါ။ Account တစ်ခုခုသို့မဟုတ်သင် block ချင်တဲ့လူများရဲ့ accounts တွေကိုရွေး ချယ်ပြီး Edit ကိုနှိပ်ပါ။ ထို့နောက် "Full control" ဘေးမှ next ကိုနှိပ်ပါ။ Apply ကိုနှိပ်ပြီး OK ကိုနှိပ်လိုက်ပါ။ အဲဒီအခါ folder ကို Access လုပ်လို့မရနိုင်အောင် blocks လုပ်ထားမှာဖြစ်ပြီး content တွေ အားလုံးကိုလုံခြုံစိတ်ချစွာ ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်

ပြဿနာတစ်ခုကတော့ လူတိုင်းကအဆိုပါ folder ကိုမြင်နိုင်နေသေးပြီး စပ်စုနိုင်ကြပါသေးတယ်။ ကံကောင်းတာက သင့်ရဲ့ lock ချထားသော folder ကိုလွယ်လင့်တကူ hide လုပ်ထားနိုင်မှာဖြစ်ပါတယ်။ အဲဒါက Windows 7 မှာရော 8.1/10 မှာပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Properties ကိုထပ်နှိပ်ပြီး General tab သို့သွားပါ။ Hidden ကိုအမှန်ခြစ် ပါ။ ယင်းကို un-hide ပြန်လုပ်ရန် View သို့သွားပြီး Options ထဲမှ ‘Show/hide’(Windows 8.1/10) သို့မဟုတ် Oragnize, ‘Folder and Search Options’, View, ‘Show hidden files and folders’ (Windows 7) ကိုနှိပ်ပါ။ သင့်ရဲ့ hidden ဖြစ်နေတဲ့ folder တွေကိုဖော်ပြတဲ့အခါ Windows ၏ default အနေနဲ့ သင်ကမတော်တဆမဖျက်ပစ်နိုင်စေရန် hide လုပ်ထားတဲ့ folders နဲ့ files တွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။

<ကွန်ပျူတာ ပြန်လည်ရောင်းချချိန်မှာ ပြုလုပ်ဖို့>

Wise Care 365 ဟာ File Shredder tool တစ်ခုဖြစ်ပြီး သင်ဖျက်ပစ် လိုက်တဲ့ဖိုင်တွေကို လုံးဝဖျက်ပစ်မှာဖြစ်ပြီး အခြား သောပရိုဂရမ်တွေဖြစ် တဲ့ Rescuva လိုမျိုး ပရိုဂရမ်တွေဖတ်လို့မရနိုင်တော့အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ အကယ်၍ သင့်အနေဖြင့် install လုပ်စရာ မလိုတဲ့ portable ဗားရှင်းကိုအသုံးပြုချင်တယ်ဆိုလျှင် IObit Uninstaller (www. snipca.com/12840) ကို download ချပါ။ ဗားရှင်းအသစ်မှာ File Shredder တစ်ခုပါဝင်ပြီးသင့်ကိုခြေရာခံလို့မရနိုင်အောင် ပြန်လည် ဆယ်ယူခြင်းမှကာကွယ်တားဆီးပေးနိုင်ဖို့ files တွေ၊ folders တွေနဲ့ သူတို့ရဲ့ traces တွေကို overwrite လုပ်ပေးမှာ ဖြစ်ပါတယ်။ Menu icon ကိုနှိပ်ပြီး File Shredder ကိုနှိပ်ပါ။ သင်လုံးဝဖျက်ပစ်ချင်တဲ့ file သို့မဟုတ် folder ကိုရွေးပြီး Shred ကိုနှိပ်ပါ။ IObit Uninstaller ရဲ့ကော်ပီတစ်ခုကို USB stick တစ်ခုပေါ်မှာတင်ပြီး sensitive files တွေရှိတဲ့ကွန်ပျူတာမှာ run နိုင်ပါတယ်။ သင်ရောင်းချမယ့် ပီစီမှာ လုပ်ဆောင်နိုင်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com