7/05/2017

♪ " အမျိုးသမီးတစ်ဦးရဲ့ လက်ထဲမှာပေါက်ကွဲမှုဖြစ်ခဲ့တဲ့ HTC Desire 10 Pro " ♫

Image may contain: phone and text

ဒီတစ်ခါ ပေါက်ကွဲမှုဖြစ်တာကတော့ HTC စမတ်ဖုန်းပါပဲ။ မနှစ်တုန်းကတော့ Samsung ရဲ့ Galaxy Note7 စမတ်ဖုန်းရဲ့ ဘက်ထရီကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာကိုလည်း သိမြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ကုမ္ပဏီက လည်း ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာ ဒီစမတ်ဖုန်းတွေကို ပြန်သိမ်းခဲ့ပါတယ်။ ပြီးတော့ မကြာသေးခင် ရက်ပိုင်းတုန်းက Samsung Galaxy J7 2016 အပူလွန်ပြီး ပေါက်ကွဲတယ်ဆိုတဲ့သတင်း ပါကစ္စတန် အမျိုးသမီးတစ်ဦးက ဖေ့ဘုတ်စာမျက်နှာမှာ တင်ခဲ့ပါသေးတယ်။ ယခုလည်း ထိုင်ဝမ်နိုင်ငံထုတ် HTC စမတ်ဖုန်းပေါက်ကွဲမှုကို အွန်လိုင်းပေါ်မှာ တွေ့မြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံ Delhi မှ အသုံးပြုသူတစ်ဦးဖြစ်တဲ့ Nidhi Kumar က ဇွန်လ 21 ရက်မှာ သူမရဲ့ HTC Desire 10 Pro ပေါက်ကွဲမှုကြောင့် လက်ချောင်းလေးတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီး သူမရဲ့ Facebook နဲ့ Twitter မှာ တင်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့်ပဲ သူမရဲ့ မျက်လုံးတစ်လုံးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုဟာဖုန်းအားသွင်းနေချိန်မှာ ဖြစ်တာလည်းမဟုတ်ခဲ့သလို ဖုန်းခေါ်ဆိုနေတဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့ တာလည်းမဟုတ်ဘူးလို့ တင်ထားပါတယ်။ Nidi က HTC ကို complain တက်ခဲ့ပေမယ့်လည်း HTC ကတော့ သူမပို့်စ်တင်ပြီး တစ်ပတ်ကြာသည့်တိုင်အောင် ဘာမှတုန့်ပြန်ခြင်း မရှိပါဘူး။ “ ခုတော့ အလုပ်မလုပ်နိုင်သလို နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေလည်း မလုပ်နိုင်ပါဘူး။

ဒီပေါက်ကွဲမှု ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အဖြေကိုလည်း သိချင်နေပါတယ်။ ကျွန်မခရီးသွားနေတုန်းသာ ပေါက်ကွဲခဲ့မယ်ဆိုရင် ဆိုးဆိုးရွားရွားဖြစ်စေနိုင်ပြီး ကျွန်မကို အကြမ်းဖက်သမားလို့တောင် စွပ်စွဲခံရနိုင် ပါတယ်။ ဒီပေါက်ကွဲမှုအတွက် အဖြေကိုလိုချင်ပါတယ်လို့ ” Nidi က သူမရဲ့ Facebook မှာ တင်ခဲ့ပါတယ်။ HTC က Desire 10 Pro ကို မနှစ်က နိုဝင်ဘာလအတွင်း အိန္ဒိယမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။



#fonearena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com