7/05/2017

♪ “အူရီဒူးမှ လုပ်ငန်းသေးများအတွက် “Business in a Box” ၀န်ဆောင်မှုမိတ်ဆက်” ♫

No automatic alt text available.

အူရီဒူးမြန်မာမှ လုပ်ငန်းသေးများအတွက် အဆင်ပြေစေမည့် "Business in a Box"၀န်ဆောင်မှု မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အူရီဒူးမြန်မာအနေဖြင့် ၀န်ထမ်းဦးရေနည်းသော ရုံးလုပ်ငန်း၊ အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၏ လိုအပ်ချက် များနှင့် ကိုက်ညီမှုရှိအောင် သင့်တင့် မျှတသည့်နှုန်းထားဖြင့် wireless broadband အင်တာနက်ဝန်ဆောင်မှုအား မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါ သည်။

“Business in a Box” (BIB) သည် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများအတွက် ပထမဦးဆုံး ကမ်းလှမ်းပေးလိုက်သည့် 3G/4G ကွန်ရက်ကို အခြေခံထားသည့် ၀န်ဆောင်မှုဖြစ်သည်။ နည်းပညာ အရ ၄င်းသည် အူရီဒူး၏ ယုံကြည်စိတ်ချရသော 3G/4G ကွန်ရက်ဖြင့် ၀န်ဆောင်မှုပေးထား သောကြောင့်၊ လတ်တလော ဈေးကွက်အတွင်း ရရှိနိုင်သော Wi-max ၀န်ဆောင်မှုများထက် ပိုမိုကောင်းမွန် ကြောင်း အူရီဒူးမှဆိုထားပါသည်။မိမိလုပ်ငန်း၏ အင်တာနက် အသုံးစရိတ်ကို စီမံခန့်ခွဲနိုင်သကဲ့သို့ လုပ်ငန်းလိုအပ်ချက်များ အပေါ်မူတည်ပြီး အင်တာနက် သီးသန့် (သို့မဟုတ်) အင်တာနက်နှင့်ဖုန်းခေါ်ဆိုမှု နှစ်မျိုးစလုံးပါဝင်သော အစီအစဉ် များအစရှိသဖြင့် မိမိတို့လုပ်ငန်းနှင့် ကိုက်ညီသည့် ပက်ကေ့ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် BIB ကို အသုံးပြုခြင်းဖြင့် ၄င်းတို့၏ အင်တာနက်အသုံးပြုမှုကို စည်းစနစ် ကျနစွာ စီမံဆောင်ရွက်နိုင် မည်ဖြစ်ပြီး၊ သုံးစွဲသူများအနေဖြင့် Ethernet port သို့မဟုတ် Wi Fi ကို အသုံးပြု၍ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

BIB အစီအစဉ်များအား အကန့်အသတ်မရှိ ဒေတာစနစ်ဖြင့် အသုံးပြုနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များ မှ မိမိ၏၀န်ထမ်းများ အသုံးပြု ရန်အတွက် ဒေတာခွဲဝေသတ်မှတ်ရာတွင် စီးပွားရေးလုပ်ငန်းသုံး အင်တာနက်နှင့် ဖုန်းခေါ်ဆိုမှုပါ ပါဝင်သည့် အစီအစဉ်အား ရုံးသုံး Wi-Fi ကိရိယာနှင့် မိုဘိုင်းဆင်းကတ်များအကြား ဒေတာမျှဝေ သုံးစွဲစေနိုင် မည်ဖြစ်ရာ အင်တာနက်နှင့် ဖုန်းသုံးစွဲမှုကို အကောင်းဆုံးစီမံခန့်ခွဲနိုင် မည်ဖြစ်ကြောင်း သိရသည်။အစီအစဉ်တစ်ခုချင်းစီ၏ အသုံးပြုနိုင်မည့် ကာလမှာ တစ်လဖြစ်ပြီး သုံးစွဲသူများအနေဖြင့် နောက်ထပ် တစ်လ ထပ်မံအသုံးပြု ဆက်လက်ရယူရန်အတွက် ငွေထပ်မံဖြည့်သွင်းရမည်ဖြစ် သည်။ သုံးစွဲသူများအနေဖြင့် မိမိအကောင့် ငွေလက်ကျန်ကို https://ecare.ooredoo.com.mm/ တွင် ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ် သည်။




ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com