7/13/2017

♪ " နောက်ကျောဘက်မှာ Secondary Display ပါဝင်တဲ့ Meizu Pro 7 က Pro 7 Plus နှင့် တွဲပြီးထွက်ပေါ်လာမည် " ♫

Image may contain: one or more people and text

ဖုန်းရဲ့နောက်ကျောဘက်မှာ အပိုထည့်သွင်းပေးထားတဲ့ Secondary Display သတင်းတွေကြောင့် နာမည်ကြီးနေတဲ့ Meizu Pro 7 စမတ်ဖုန်းက သူ့ထက်မျက်နှာပြင်ပိုကြီးတဲ့ Pro 7 Plus နဲ့ တွဲပြီးထွက်ရှိလာမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ဇူလိုင် 8 ရက်နေ့ကစပြီး အော်ဒါမှာယူနိုင်တဲ့အချိန်မှာ ပဲ Meizu Pro 7 အနက်ရောင်ရဲ့ Video file တစ်ခု ထပ်မံပေါ်ထွက်လာပါတယ်။ Video အရ အနက်ရောင်တစ်မျိုးပဲ ရရှိမလားလို့ သံသယရှိနေကြပေမယ့် သတင်းတချို့ကတော့ ရွှေရောင်နဲ့ အနီရောင်ပါ ရရှိမယ်လို့ ဆိုကြပါတယ်။ 

အနက်ရောင်ကတော့ ဟန်းဆက်နဲ့လည်းလိုက်ဖက်ပြီး အထူးသဖြင့် ထောင့်ကွေးတွေ၊ bezel အနက်ရောင် အစရှိတဲ့ ပုံစံတွေအပြင် secondary display ကလည်း အနက်ရောင်ကြောင့် ပိုပြီးပေါ်လွင်တာကို တွေ့ရပါတယ်။ Live video အရ စမတ်ဖုန်းရဲ့ရှေ့ဘက်ကို ပိုမိုလှပအောင် matte အသုံးပြုထားတယ်လို့ ဆိုရမှာပါ။ Pro 7 Plus ကတော့ ပိုကြီးပြီး ထောင့်စွန်းတွေရဲ့ပုံစံကိုတော့ ဖော်ပြမထားပါဘူး။ ဒီစမတ်ဖုန်းတွေရဲ့ 3D ဗွီဒီယိုကို အွန်လိုင်းမှာလည်း မကြာသေးခင်က ပြသခဲ့ပြီး Pro 7 နဲ့ Pro 7 Plus တို့ရဲ့ size ကိုလည်း ကွဲကွဲပြားပြား ယှဉ်ပြီးပြသခဲ့တာ ဖြစ်ပါတယ်။


ဒီမော်ဒယ်နှစ်ခုကြားမှာ မတူညီတာကတော့ မျက်နှာပြင် 5.2 လက်မနဲ့ 5.7 လက်မပါပဲ။ Helio X30 chipset ပါဝင်လာမယ်လို့ အတည်ပြုထားပြီး ဒီစမတ်ဖုန်းတွေမှာ Sony (IMX386 and IMX286) နဲ့ 12 MP sensor နှစ်ခုပါရှိတယ်လို့ ဖော်ပြထားပါတယ်။ ဆယ်ဖီအတွက်တော့ 16 MP ကိုအသုံးပြုထားပြီး 3.5mm နားကျပ်ပေါက်လည်း ပါရှိပါလိမ့်မယ်။ မန်မိုရီတွေကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဒီစမတ်ဖုန်းရဲ့ နောက်ကျောဘက် secondary display မှာ အရေးကြီးလုပ်ဆောင်ချက်တွေ ကို ဖော်ပြပေးနိုင်ပြီး ဂိမ်းကစားတာကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပါဝင်တဲ့လုပ်ဆောင်ချက်အတိအကျကို တရားဝင်မိတ်ဆက်တာမျိုး မရှိသေးပေမယ့် ပရီအော်ဒါကိုတော့ လက်ခံနေတဲ့ပုံစံပါပဲ။

တစ်လုံးတည်းလိုချင်တဲ့သူတွေအတွက်လည်း မကြာခင်မှာ ဆိုင်တွေမှာ တစ်လုံးချင်းစီ ရောင်းချပေး သွားမယ်လို့ ကတိပြုထားပြီး တရုတ်ယွမ် 200 (အမေရိကန်ဒေါ်လာ 30) ထပ်ဆောင်းပေးဆောင်ရမယ်လို့ သိရပါတယ်။ Pro 7 ရဲ့ဈေးနှုန်းကတော့ တရုတ်ယွမ် 2799 (အမေရိကန်ဒေါ်လာ 409 ၊ မြန်မာကျပ်ငွေ 5 သိန်းခွဲဝန်းကျင်) ကျသင့်မယ်လို့သိရပြီး ဗားရှင်းအမြင့်အတွက်တော့ တရုတ်ယွမ် 3299 (အမေရိကန်ဒေါ်လာ 482 ၊ မြန်မာကျပ်ငွေ 6 သိန်းခွဲဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။ Meizu Pro 7 Plus ရဲ့ ဈေးနှုန်းကတော့ တရုတ်ယွမ် 3299 ကနေ တရုတ်ယွမ် 3799 (အမေရိကန်ဒေါ်လာ 555) ကြား မြန်မာငွေကျပ် 6 သိန်းခွဲဝန်းကျင်ကနေ ကျပ် 7 သိန်းခွဲဝန်းကျင်မှာရှိတယ်လို့ ခန့်မှန်းရပါတယ်။ 


#m.gsmarena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com