Xiaomi Mi Mix က 2016 ခုနှစ်အတွင်း မိတ်ဆက်ခဲ့တဲ့စမတ်ဖုန်းတွေထဲမှာ စိတ်ဝင်စားမှုအကောင်းဆုံး စမတ်ဖုန်းဖြစ်တယ်ဆိုတာ
အားလုံးလက်ခံထားကြတဲ့ အချက်တစ်ခုပါပဲ။ လူတော်တော်များများကလည်း MI MIX
အောင်မြင်မှုကို မြင်တွေ့ရပြီးနောက်မှာ Xiaomi MI MIX 2 ထွက်ပေါ်လာမှုအပေါ်မှာ
စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
လတ်တလောမှာတော့ Xiaomi Mi Mix 2 နဲ့အတူ နောက်ထပ် bezel-less စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Mi Mix 2 Lite ပါတွဲပြီး ထွက်ရှိလာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ GizChina ရဲ့ အဆိုအရ Redmi ဖုန်းတွေမှာမြင်တွေ့ရတဲ့ hardware လုပ်ဆောင်ချက်တွေနဲ့ပိုပြီး သုံးလို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေ ဖြည့်စွက်ပြီး Xiaomi Mi MIX 2 Lite ကို ပြင်ဆင်နေကြတယ်လို့ ခန့်မှန်းရပါတယ်။
ကုမ္ပဏီကတော့ second generation Mi MIX phablet ကို ပြင်ဆင်နေတယ်လို့ အတည်ပြုထားပြီး ဘယ်အချိန်မှာ မိတ်ဆက်မယ်ဆိုတာတော့ အတိအကျထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Mi MIX ကတော့ မနှစ်က နိုဝင်ဘာမှာ မိတ်ဆက်ခဲ့ပြီး အတော်လေးကို အောင်မြင်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုပါပဲ။ ကောလာဟလ သတင်းသာမှန်ခဲ့မယ်ဆိုရင် Redmi မိသားစုနဲ့ Hardware တူညီပြီး လုပ်ဆောင်နိုင်စွမ်းရည်မြင့် မာတဲ့ Mi Mix 2 Lite လည်း မကြာခင်ထွက်ပေါ်လာမှာပဲဖြစ်ပါတယ်။
Mi MIX 2 မှာ ဘေးဘောင်မရှိသလောက် နည်းပညာကိုသုံးထားပြီး 91.3% ရှိတဲ့
အရင်မော်ဒယ်ထက် ratio ပိုမြင့်တဲ့ စကရင်နဲ့ bezel less disply ပါဝင်တယ်လို့
သတင်းတွေမှာ ဖော်ပြထားပါတယ်။
RAM က 4GB နဲ့ 6GB အပြင် 8GB RAM အထိ ရှောင်မီက တိုးချဲ့လာနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ Mi MIX 2 အသစ်မှာတော့ Android 7.1.1 Nougat နဲ့အတူ Snapdragon 835 SoC (သို့မဟုတ်တရားဝင်မကြေညာရသေးတဲ့ SD836 by Qualcomm) ကို အသုံးပြုထားတယ် လို့လည်း ဖော်ပြထားကြပါတယ်။ Mi Mix 2 ရဲ့ခန့်မှန်းဈေးနှုန်းက မြန်မာငွေကျပ် 8 သိန်းခွဲ
ဝန်းကျင်ရှိပြီး Mi Mix 2 Lite ကတော့ မြန်မာငွေကျပ် 2 သိန်းဝန်းကျင်လို့
သိရပါတယ်။
#gizchina.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
လတ်တလောမှာတော့ Xiaomi Mi Mix 2 နဲ့အတူ နောက်ထပ် bezel-less စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Mi Mix 2 Lite ပါတွဲပြီး ထွက်ရှိလာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ GizChina ရဲ့ အဆိုအရ Redmi ဖုန်းတွေမှာမြင်တွေ့ရတဲ့ hardware လုပ်ဆောင်ချက်တွေနဲ့ပိုပြီး
ကုမ္ပဏီကတော့ second generation Mi MIX phablet ကို ပြင်ဆင်နေတယ်လို့ အတည်ပြုထားပြီး ဘယ်အချိန်မှာ မိတ်ဆက်မယ်ဆိုတာတော့ အတိအကျထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Mi MIX ကတော့ မနှစ်က နိုဝင်ဘာမှာ မိတ်ဆက်ခဲ့ပြီး အတော်လေးကို အောင်မြင်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုပါပဲ။ ကောလာဟလ သတင်းသာမှန်ခဲ့မယ်ဆိ
RAM က 4GB နဲ့ 6GB အပြင် 8GB RAM အထိ ရှောင်မီက တိုးချဲ့လာနိုင်ခြေရှိတယ်လိ
#gizchina.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/