ပါကစ္စတန်ရှိ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး Samsung galaxy J7 (2016) စမတ်ဖုန်းဖြင့် ဂိမ်းဆော့နေ တုန်းမှာပဲ အဆိုပါဖုန်းအပူလွန်ကဲပြီးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီးကလေးငယ်ကို ဖုန်းပေးဆော့ခဲ့သူNaureenAh san ကဖေ့ဘုတ်စာမျက်နှာမှာပုံတွေ နဲ့တကွ တင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်နဲ့ပုံတွေကို ဆမ်ဆောင်းရဲ့ page မှာတော့ တင်လို့မရခဲ့ဘူးလို့ သူမကပြောပါတယ်။
ပုံရဲ့စာမှာလည်း သူမသမီးရဲ့ ဖုန်းပေါက်ကွဲတယ်လို့ပဲတင်ထားခဲ့တာပါ။ Ahsan က " ကျွန်မသမီးလေးရဲ့ ဆမ်ဆောင်း galaxy J7 (2016) ဖုန်းကို အသက်လေးနှစ်အရွယ် တူလေးကဂိမ်းဆော့ချင်တယ်ပြော လို့ ပေးဆော့ထားတယ်။ တူလေးကMy talking Tom ဂိမ်းဆော့နေရင်းနဲ့ အပူလွန်ကဲပြီးဖုန်းကထပေါက်တာပါ။ လူတွေတော့ အန္တရာယ်မရှိပါဘူး" လို့ သူမရဲ့ ဖေ့ဘုတ်မှာတင်ခဲ့တာ ဖြစ်ပါတယ်။
Galaxy Note 7 ကို ပြန်လည်ပြုပြင်ထားတဲ့ Galaxy Note FE ထွက်ရှိမယ့် အချိန်အတွင်းမှာပဲဒီလိုမျိုး Galaxy J7 ပေါက်ကွဲမှုဟာ Samsung အတွက် စိတ်ကသိကအောက်ဖြစ်စေမယ်ဆိုတာအသေအချာပါပဲ။ မီဒီယာတော်တော်များများကလည်း Galaxy Note 7 ရဲ့ အပူလွန်ကဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့တာကိုလည်း ဖော်ပြခဲ့ကြပြီးဖြစ်ပါတယ်။ ပြီးတော့ Samsung ကလည်းနောက်ပိုင်းမှာ ဒီလိုကိစ္စတွေလျော့ပါးစေဖို့ အတွက် ထုတ်လုပ်သူတွေကိုsamsung Series တွေ safe ဖြစ်ဖို့လည်း တွန်းအားပေးထားပြီးသားဖြစ်ပါတယ်။
ဒီ Samsung ဖုန်းဘာလို့ပေါက်လဲ ကျွန်မအတိအကျမသိပါဘူး ဂိမ်းဆော့တာများလို့ အပူလွန်ပြီးပေါက်ကွဲ တယ်လို့ ပဲထင်ပါတယ်။ ကလေးတွေကို မိုဘိုင်းဖုန်းနဲ့ ဝေးဝေးမှာထားစေချင်ပါတယ်လို့  သူမကအကြံပြုခဲ့ပြီး Ahsan ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာပေါက်ကွဲသွားတဲ့  ဘက်ထရီနဲ့ ဖုန်းပုံတွေကိုတင်ထားတာကိုလ ည်းတွေ့ရပါတယ်။ Samsung ကုမ္ပဏီအနေနဲ့ ဘက်ထရီ ပြသာနာကိုဖြေရှင်းနိုင်ဖို့ အတွက် ပြန်လည်ထွက်ရှိ လာမယ့် galaxy Note FE (Fan Edition) မှာ ဘက်ထရီလုပ်ဆောင်နိုင်အားနည်းပါးတဲ့ 3200 mAh ဘက်ထရီကို ပြောင်းလဲအသုံးပြုထားတယ်လို့  ကြေညာထားတာ ဖြစ်ပါတယ်။
#valuewalk.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ပုံရဲ့စာမှာလည်း သူမသမီးရဲ့ ဖုန်းပေါက်ကွဲတယ်လို့ပဲတင်ထ
Galaxy Note 7 ကို ပြန်လည်ပြုပြင်ထားတဲ့ Galaxy Note FE ထွက်ရှိမယ့် အချိန်အတွင်းမှာပဲဒီလိုမျို
ဒီ Samsung ဖုန်းဘာလို့ပေါက်လဲ ကျွန်မအတိအကျမသိပါဘူး ဂိမ်းဆော့တာများလို့ အပူလွန်ပြီးပေါက်ကွဲ တယ်လို့
#valuewalk.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/