7/04/2017

♪ " Huawei GR5 2017 " Price : 399,000/- အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Image may contain: phone

ဒီနှစ်စမှာတော့ Huawei GR5 2017 ဟာ အရောင်းရဆုံးအဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပြီး သူ့ကိုအနည်းငယ် ပိုမိုအဆင့်မြှင့်တင်ကာ Premiun version အနေနဲ့ ထုတ်လုပ်ပေးခဲ့ပါသေးတယ်။ ၄င်းက အရင်ရိုးရိုး GR5 ထက် Internal memory ၊ RAM စွမ်းအားပိုင်းတွေက ပိုမိုမြင့်မားလာတာကို တွေ့ရပါတယ်။ Features 2 ခုတည်းကိုသာ upgrade လုပ်ထားပြီး ကျန်တာတွေကတော့ ဘာမှသိပ်မကွာခြားဘဲ အားလုံးနီးပါးအတူတူပဲ ဖြစ်ပါတယ်။ ဒီဖုန်းကလည်း အရင် GR5 လိုပဲ ကင်မရာစွမ်းရည် အထူးကောင်းမွန်ပြီး ထည့်သွင်းပေးထားတဲ့ specs တွေနဲ့ features တွေအားလုံးက သုံးစွဲလို့ကောင်းမွန်ပါတယ်။ ၄င်းမှာ GSM ၊ HSPA နဲ့ LTE networks တွေကိုထောက်ပံ့ပေးထားပြီး Nano SIM card 2card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက်လည်း fingerprint sensor ကို တပ်ဆင်ထားလို့ ဖုန်းထဲမှာ data တွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီဖုန်းက Premium version ဆိုပေမယ့် budget ဖုန်း အမျိုးအစားဖြစ်တဲ့အတွက် ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ ရလဒ်တွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Design & Build
>>>>>

ဖုန်းရဲ့ဒီဇိုင်းပုံစံက အရင်ထုတ်လုပ်ခဲ့တဲ့ Huawei GR5 ရဲ့ မူလ ဒီဇိုင်းပုံစံအတိုင်းထုတ်လုပ်ပေးခဲ့ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ သေသပ်လှပမှုရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ တည်ဆောက်ပေးထားလို့ အကြမ်းခံပြီး ခိုင်ခံ့မှုလည်းရှိတဲ့အပြင် တာရှည်လည်း အသုံးပြုနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 150.9 x 72.6 x 8.2 mm ရှိပြီး 162g လေးပါတယ်။ ဒါကြောင့် သုံးစွဲလို့ကောင်းတဲ့ အနေတော်အရွယ်အစားလေးပါပဲ။ သူ့ရဲ့အသွင်အပြင် ကတော့ Premium version ဆိုတဲ့အတိုင်းပဲ Premium ကျလှပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens ၊ အောက်ခြေဘက်မှာ Huawei Logo တို့ကို တွေ့မြင်နိုင်ပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်အလယ်တည့်တည့်မှာ အနောက်ကင်မရာ Dual Lens နဲ့ LED မီးလုံးကိုဘေးတိုက်ယှဉ်ထားပါတယ်။ ၄င်းရဲ့ အောက်ဘက်မှာတော့ Fingerprint sensor လည်းပါရှိပါသေးတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့တည်ရှိပြီး အောက်ခြေမှာ USB Charger နဲ့အပေါ်ဘက်မှာ Head-phoneပေါက်တွေအသီးသီးပါရှိပါတယ်။ ၄င်းကို တည်ဆောက်ထားတဲ့ ဒီဇိုင်းပုံစံနဲ့လိုက်ဖက်ညီတဲ့ ရွှေရောင်၊ မီးခိုးရောင်နဲ့အဖြူရောင်ဆိုတဲ့ အရောင် 3 မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်

Display
>>>>>

ဖုန်းမျက်နှာပြင်ကို 5.5-inch ကျယ်တဲ့ IPS LCD capacitive touchscreen display အမျိုးအစားနဲ့ပြုလုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ Full HD မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို 2.5D curved glass နဲ့ထပ်မံဖုံးအုပ်ပေးထားလို့ ဖုန်းလေးက ပိုမိုဆွဲဆောင်မှုရှိပြီး မြင်ကွင်းတွေက ပိုမိုရုပ်လုံးကြွကာ သဘာဝကျကျမြင်တွေ့ရမှာပါ။

Operating System and Camera
>>>>>

ကိုယ်ထည်အတွင်းထဲမှာ Android OS, v6.0 (mashmallow) ကို run ထားပြီး Users တွေနဲ့ရင်းနှီးပြီးသား User Interface ကိုပဲ သုံးပေးထားပါ တယ်။ အနောက်ကင်မရာက 3968 x 2976 Pixels ရှိတဲ့ 12 MP + 2MP စွမ်းအားရှိလို့ Professional ကျတဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ကောင်းမွန်စွာရိုက်ကူးနိုင်ပြီး အရှေ့ကင်မရာကတော့ 8MP resolution ရှိ တဲ့ selfie ဓာတ်ပုံတွေ ကို ရယူနိုင်ပါတယ်။

Performance
>>>>>

အကောင်းဆုံးစက်စွမ်းဆောင်ရည်တွေကို ရရှိစေနိုင်ဖို့ HiSilicon Kirin 655 Chipset နဲ့ Octa-core 2.1 & 1.4 GHz processor တို့ကို ထောက်ပံ့ထားပြီး ရုပ်ထွက်ပိုင်းတွေအတွက် Mali-T830MP2 GPU ကပံ့ပိုးပေးထားတဲ့ အတွက် အရောင်အသွေးစိုပြေတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် RAM 4GB တောင်ပါရှိတဲ့အတွက် ဂိမ်းတွေ၊ apps တွေတော်တော်များများကို အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။

Battery
>>>>>

ဘက်ထရီစွမ်းအားပိုင်းအနေနဲ့တော့ Li-Ion 3340 mAh battery ကို သုံးစွဲထားလို့ နာရီပေါင်း 23 နာရီခန့် ဖုန်းဆက်တိုက်ပြောနိုင်ပြီး Standby Mode မှာဆိုရင် နာရီပေါင်း 650 ခန့် သုံးစွဲနိုင်ပါတယ်။



Specification
>>>>><<<<<

Display : 5.5 inch, IPS LCD Capacitive Touchscreen
Memory : 64 GB, 4GB RAM, microSD, up to 128 GB
Camera : 12MP(Back), autofocus, LED Flash
OS : Android OS, v 6.0 (Marshmallow)

Phone : 01-381035 - Ext:142 (KMD)
Price : 399,000/- 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com