Asus က 5000mAh Battery ပါတဲ့ ZenFone 4 Max ကို မိတ်ဆက်လိုက်ပါတယ်။
Asus Russia Website ကနေ မိတ်ဆက်လိုက်တာ ဖြစ်ပြီး သူ့ရဲ့ ဈေးနှုန်းနဲ့
Specification များကို ပြသထားပါတယ်။ ဒါပေမယ့် ရောင်းချမယ့် နေ့ရက်
အတိအကျကို မသိရသေးဘဲ မကြာခင် ရောင်းချမယ်လို့ ကြေညာထားပါတယ်။
Asus က ZenFone 4 Max ကို မော်ဒယ် သုံးခု ထုတ်လုပ်ပေးထားပါတယ်။ 2GB , 3GB , 4GB RAM မော်ဒယ်များ ဖြစ်ပြီး 16GB , 32GB , 64GB Storage များ အသီးသီး ထည့်သွင်းပေးထားပါတယ်။ မော်ဒယ် သုံးခုစလုံးမှာ 256GB microSD Card စိုက်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး 2GB / 16GB Model ကို ၂၃၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။
သူ့ရဲ့ ထူးခြားချက်မှာ အရွယ်ကြီးမားတဲ့ 5000mAh Battery ထည့်သွင်းထားခြင်း ဖြစ်ပြီး 10W Rapid Charging ပါပါတယ်။ ဗီဒီယိုများကြည့်ရင် ၂၂ နာရီ၊ ဖုန်းပြောရင် ၄၀ နာရီ အသုံးခံတယ်လို့ Asus က ပြောပါတယ်။ သူ့မှာ 1.4GHz Snapdragon 425 Quad-Core Processor ထည့်သွင်းထားပါတယ်။ ၅.၅ လက်မ IPS Full HD Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Camera နှစ်လုံး တပ်ဆင်ထားပြီး တစ်လုံးမှာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။
အရှေ့ဘက် 8MP Camera က ၁၄၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ Dual-SIM Phone ဖြစ်ပြီး Android 7.0 ကို Zen UI 3.0 နဲ့ ပေါင်းစပ်ထားပါတယ်။ 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.1 ဆက်သွယ်မှုများ ပါပါတယ်။