7/12/2017

♪ “အချိန်တိုအတွင်း ဟက်ကာတစ်ယောက်ဖြစ်လာစေနိုင်မယ့် စာအုပ် ၅ အုပ်” ♫

Image may contain: text

လူငယ်တော်တော်များများက နည်းပညာတွေကို အတန်အသင့် တီးမိခေါက်မိပြီဆိုရင် ဟက်ကာတစ်ယောက်ဖြစ်ချင် တယ်ဆိုတဲ့ စိတ်လေးတော့ အနည်းအများဖြစ်ဖူးကြတာကြီးပါပဲ။ ကွန်ပျူတာတွေရဲ့ အလုပ်လုပ်ပုံကိုသိမယ်၊ Programming ကို နားလည်မယ်၊ Network တွေကို ချိတ်ဆက်တတ်မယ်ဆိုရင်တော့ ဟက်ကာတစ်ယောက်ဖြစ်ဖို့ လွယ်သွားပါပြီ။ ဒါပေမယ့် တကယ့်ဆရာကြီးအဆင့်ကို ရောက်ဖို့ဆိုရင် တော့ အချိန်အများကြီးပေးရပါမယ်။ ဒီလမ်းကြောင်းက ခက်ခဲတယ် ဆိုပေမယ့် မဖြစ်နိုင်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အခုကျွန်တော် ပြောပြမယ့် စာအုပ် ၅ အုပ်ကတော့ အချိန်တိုအတွင်း ဟက်ကာတစ် ယောက်ဖြစ်လာဖို့ လေ့လာသင်ကြားတဲ့နေရာမှာ အများကြီးအထောက် အကူပြုပါမယ်။

(1) Penetration Testing: A Hands-On Introduction to Hacking

ဒီစာအုပ်မှာဆိုရင် စာရေးဆရာ Georgia Weidman က Pentester တစ်ယောက် မသိမဖြစ်သိထားရမယ့် ကျွမ်းကျင်မှု တွေကို မိတ်ဆက်ပေး ထားပါတယ်။ Virtual Machine နဲ့ Lab တစ်ခုဆောက်ပြီး Kali Linux နဲ့ အားနည်းချက်ရှိတဲ့ Operation System တွေကို ဘယ်လို ထိုးဖောက် ရမယ် ဆိုတာကိုလည်း ရှင်းပြထားပါတယ်။ အသုံးများတဲ့ Tools တွေဖြစ် တဲ့ Wire-shark, Nmap နဲ့ Burp Suite တို့အကြောင်းကို သိရှိရမယ့် အပြင် လက်တွေ့သင်ခန်းစာတွေကိုလည်း လုပ်ဆောင်ရမှာပါ။ ဟက်ကာ တစ်ယောက်ဖြစ်ဖို့ စိတ်အာသီသပြင်းပြနေတဲ့ လူတစ်ယောက် ဆိုရင် ဒီစာအုပ်ကို စဖတ်တာက အသင့်တော်ဆုံးပါပဲ။

(2) The Hacker Playbook 2: Practical Guide To Penetration Testing

The Hacker Playbook 1 ဆိုတာလည်း ရှိပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာ ၂ ကိုဖတ်တာနဲ့တင်လုံလောက်ပါ တယ်။ ဒီစာအုပ်ကို ရေးတဲ့သူက လက်ရှိ IT Field မှာ Security Professional တစ်ယောက် အဖြစ် လုပ်ကိုင်နေတာကြာပြီ ဖြစ်သလို Secure Planet, LLC ရဲ့ စီအီးအိုတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် Ethical Hacker တစ် ယောက်ရဲ့လုပ်ပုံကိုင်ပုံတွေကို အတန် အသင့် နားလည်သွားနိုင်ရုံသာမက Hacking နည်းစနစ်တွေနဲ့လည်း အကျွမ်း တ၀င်ရှိ သွားနိုင်ပါတယ်။

(3) The Web Application Hacker's Handbook: Finding and Exploiting Security Flaws

အင်တာနက်ခေတ်ကြီးမှာ Website တွေ၊ Web Application ဆိုတာတွေ က အရမ်းအရမ်းကိုအရေးပါတဲ့အရာတွေပါ။ Hacker တွေအတွက်သာမ က Web Developer တွေလည်း အားထားရမယ့် စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ Web Applica-tion တွေအတွက် Attack, Defence နှစ်မျိုးစလုံးပါဝင်သလို Techniques တစ်ခုချင်းစီကို တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြထားတဲ့ စာအုပ်လို့ဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံးပေါ် နည်းစနစ်တွေ တော်တော် များများကို ရှင်းပြထားသလို Remoting Frameworks, HTML 5, Cross-domain Integration Techniques, UI redress, Framebusting, HTTP Parameter Pollution နဲ့ Hybrid File Attacks တို့လည်း ပါဝင်ပါတယ်။ အခေါ်အဝေါ်တွေနဲ့ နည်းနည်းစိမ်းနေ လို့ ကြောက်လန့်သွားစရာ မလိုပါဘူး။ စိတ်ရှည်ရှည်နဲ့တစ်ခုချင်းစီကို နားလည်အောင်ဖတ်ပါ။

(4) Hacking: The Art of Exploitation, 2nd Edition

ဒီစာအုပ်က ထွက်တာနည်းနည်းတော့ ကြာပါပြီ။ ဒါပေမယ့် ဟက်ကာ တစ်ယောက်ဖြစ်ချင်တဲ့သူတွေအတွက် မဖြစ်မနေ ဖတ်ဖို့ညွှန်းကြတဲ့ စာရင်းထဲမှာ အခုအချိန်အထိပါနေတုန်းဖြစ်သလို ဟက်ကာတစ်ယောက် သိသင့်တဲ့ အခြေခံ ဗဟုသုတတွေ ပြည့်ပြည့်စုံစုံပါဝင်ပါတယ်။ ဟက်ကာ တစ်ယောက်အတွက် လိုအပ်မယ့် C Programming, Assembly Language နဲ့ Shell Scripts တို့ကိုရှင်းပြထားပြီး ကွန်ပျူတာရဲ့ Memory ကို Buffer Overflow ဖြစ်အောင် ဘယ်လိုလုပ်တယ်ဆိုတာလည်း ရှင်းပြ ထားပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို ကြေညက် သွားပြီဆိုရင် ဟက်ကာတစ်ယောက်အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ တော်တော်ကြီးကို လွယ်ကူသွားပါပြီ။

(5) Web Hacking 101

ကိုယ်က Hacking အတတ်ပညာတွေကို နားလည်လာပြီဆိုရင် ဒီပညာရပ် နဲ့ ဘယ်လိုပိုက်ဆံရှာရမလဲဆိုတာသိဖို့လည်း လိုအပ်လာပါပြီ။ ဟက်ကာ တွေအတွက် Bug Bounty ဆိုတာရှိပါတယ်။ ဒါက တရားဝင် ဖြစ်သလို နာမည်ကြီး Website တွေက လည်း သူတို့ရဲ့အားနည်းချက်တွေကို ထောက်ပြနိုင်ဖို့အတွက် ဟက်ကာတွေကိုတရားဝင်ခွင့်ပြုပေးထားတဲ့ အရာတစ်ခုပါ။ Twitter ဆိုရင် သူတို့ရဲ့အားနည်းချက်ကို ထောက်ပြနိုင်တဲ့ အတွက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းက ဆုငွေ ဒေါ်လာ ၁၄၀၀၀ ပေးအပ်ခဲ့ဖူးပါတယ်။ Twitter, Shopify, Dropbox, Yahoo, Google နဲ့ Facebook အကုန်လုံးလိုလိုမှာလည်း Bug Bounty Program ရှိပါတယ်။ ဒီစာအုပ်မှာဆိုရင် Website တွေရဲ့ အားနည်းချက် ကို ဘယ်လိုရှာရတယ်ဆိုတာ ဥပမာ အခု ၃၀ လောက်နဲ့ ရှင်းပြထားပါ တယ်။ HTML Injection, Cross Site Scripting (XSS) နဲ့ Remote Code Execution (RCE) စတဲ့ အကြောင်းအရာမျိုးစုံပါဝင်တဲ့အပြင် Report ဘယ်လို ရေးရတယ်ဆိုတဲ့အထိ ပြည့်ပြည့်စုံစုံပါဝင်တယ်။ ဒီ စာအုပ်ဖတ်ပြီးတဲ့ အချိန်မှာတော့ အမြင်အများကြီးကျယ်သွားမှာကတော့ အသေအချာပါပဲ။

စာအုပ်တွေကို ဘယ်နေရာကမှ Download ဆွဲလို့ မရဘူးဆိုရင်တော့ ကျွန်တော့်ရဲ့ Facebook Chatbox မှာ လာရောက် အကူအညီ တောင်းနိုင်ပါတယ်။ (mithukha.writer@gmail.com)

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com