7/12/2017

♪ “Bitcoin မှာ ရင်းနှီးမြှုပ်နှံမိလို့ မီလျံနာကြီးဖြစ်သွားတဲ့ ၁၈ နှစ်အရွယ် လူငယ်လေး” ♫

Image may contain: 1 person, suit and text

လူတိုင်းလူတိုင်းမှာ ငါအသက်ကြီးလာတဲ့အချိန်ရောက်ရင် ငွေကြေး ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်း ချက်မျိုးရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာဖြစ်လာတဲ့လူတော့ တော်တော် နည်းပါ တယ်။အမေရိကန်နိုင်ငံ၊ အီဒါဟို (Idaho) က ၁၈ နှစ်အရွယ် လူငယ်လေး အဲရစ်ဖင်မန်း (Erik Finman) ကတော့ သူပိုင်ဆိုင်တဲ့ Bitcoin 403 ခုရဲ့ အကျိုးကျေးဇူးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာတစ်ယောက် ဖြစ်လာ ပါတယ်။

လက်ရှိ Bitcoin တစ်ခုရဲ့ပေါက်ဈေးဟာ ဒေါ်လာ ၂၆၂၂ ဒေါ်လာဖြစ်နေတာကြောင့် သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၀၆ မီလီယံ အထိဖြစ်သွားပါတယ်။ (Bitcoin ရဲ့ ဈေးနှုန်းဟာ နာရီပိုင်းအတွင်းမှာ အတက်အကျအများကြီးရှိတာမို့ တွက်ချက်မှုတန်ဖိုးအနည်းငယ်ပြောင်းလဲ နိုင်ပါတယ်။) ဒီကောင်လေးဟာ Bitcoin သာမဟုတ်ပါဘူး။ အခြား ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေဖြစ်တဲ့ Litecoin နဲ့ Ethereum တို့မှာလည်း ရင်းနှီးမြှုပ်နှံမှုအနည်းငယ်လုပ်ဖူးပါတယ်။

အဲရစ်ဟာ ဒီဂျစ်တယ်ငွေကြေးလောကမှာ အောင်မြင်တဲ့သူတစ်ယောက် အဖြစ် လူတိုင်းရဲ့ အသိအမှတ်ပြုမှုကိုခံရပါ တယ်။ ၂၀၁၁ ခုနှစ်၊ မေလမှာ သူ့အဖွားဆီကရတဲ့ဒေါ်လာ ၁၀၀၀ ကို Bitcoin မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့သူပါ။ အဲဒီတုန်းက သူက အသက် ၁၂နှစ်အရွယ်သာ ရှိပါသေး တယ်။ အခုအချိန်မှာတော့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာတာ ကြောင့် ကျောင်းပဲဆက်တက် ရမလား။ ကျောင်းထွက်ပြီး စီးပွားရေးပဲ လုပ်ရမလား ဝေခွဲမရဖြစ်နေပါပြီ။ သူ့ရဲ့အထက်တန်းကျောင်းတုန်းက ဆရာ၊ ဆရာမတွေက Ph.D ရတဲ့အထိ ကျောင်းဆက်တက်စေချင်ပေမယ့် Stanford ကျောင်းထွက် မိဘနှစ်ပါးကတော့ သူကောလိပ်ကျောင်းဆက် မတက်ချင်ရင်လည်း သူ့သဘောဆိုပြီး ခွင့်ပြုထားပါတယ်။

အဲရစ်ဟာ ၂၀၁၃ ခုနှစ် အနှောင်းပိုင်းမှာ သူပိုင်ဆိုင်တဲ့ Bitcoin တွေရဲ့ အကျိုးအမြတ်ကို စတင်ခံစားခဲ့ရပါတယ်။ သူ့ရဲ့ ဒေါ်လာ ၁၀၀၀ ဖိုး ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁၀၀၀၀၀ လောက်အထိ တိုးပွားသွားပါတယ်။ ဒါတောင် အဲဒီအချိန်က Bitcoin တစ်ခုရဲ့ပေါက်ဈေးက ဒေါ်လာ ၁၂၀၀ ပဲရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ သူပိုင်ဆိုင်တဲ့ Bitcoin တွေကို ရောင်းချပြီးတော့ ကျောင်းသားတွေ၊ ဆရာတွေအကုန်လုံး ဗီဒီယို သင်ကြားမှုတွေကိုလေ့လာနိုင်မယ့် Botangle.com ဆိုတဲ့ Video Tutoring Service ဆိုတဲ့ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။

သူ့ရဲ့ကုမ္ပဏီမှာ ဒီဇိုင်နာ၊ ပရိုဂရမ်မာ၊ အန်နီမေတာ စတဲ့ အလုပ်သမား ပေါင်း အယောက် ၂၀ ကျော်ရှိပြီး တချို့တွေက ငယ်ရွယ်တဲ့သူကို မလေးစားကြဘူးလို့လည်း သိရပါတယ်။ သူဟာ ဆီလီကွန်တောင်ကြားကို သွားရောက်လည်ပတ်ခဲ့ပြီး Reddit ကို ပူးတွဲတည်ထောင်သူ Alexis Ohanian နဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှာတော့ အဲရစ်ဟာ သူ့ရဲ့ Botangle.com ကိုမြင့်မားတဲ့ ဈေးနှုန်းတစ်ခုလို့ဆိုနိုင်မယ့် Bitcoin အခု ၃၀၀ နဲ့ ပြန်လည် ရောင်းချ ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက သူ့ရဲ့ကုမ္ပဏီကို ဒေါ်လာ ၁၀၀၀၀၀ နဲ့ ၀ယ်မယ်ဆိုတာကို လက်မခံဘဲ Bitcoin ၃၀၀ နဲ့ ရောင်းချမယ်လို့ပြောခဲ့ ပါတယ်။ လာမည့်နှစ်တွေမှာ Bitcoin တန်ဖိုးအရမ်းတက်လာလိမ့်မယ်လို့ မှန်းဆမိတာကြောင့်လို့လည်း ဆိုပါတယ်။


သူခန့်မှန်းတဲ့အတိုင်းပဲ Bitcoin ရဲ့တန်ဖိုးဟာ တစ်နှစ်အတွင်း အဆ ၃၀၀ ကျော် လောက် ထိုးတက်ခဲ့ သလို မေလ၊ ဇွန်လတွေဟာ ဈေးအတက်ဆုံးအချိန်တွေဖြစ်ခဲ့ ပါတယ်။ ကျွမ်းကျင် တဲ့ ပညာရှင်တွေကတော့ ဆယ်စုနှစ်အတွင်း Bitcoin ရဲ့ တန်ဖိုးဟာ တစ်ခုကို ဒေါ်လာ ၁၀၀၀၀၀ လောက်အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

(လာမယ့်အပတ်မှာ ဒီဂျစ်တယ်ငွေကြေးစနစ်အကြောင်းကို ဆက်လက် ဖော်ပြပေးပါမယ်။)

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com