ကျောဘက်ကင်မရာနှစ်ခုနဲ့ 5,000mAh ဘက်ထရီပါဝင်တဲ့ ZenFone 4 Max ကို Asus က ရုရှားနိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပါတယ်။
ZenFone 4 Max မှာ ၅.၅ လက်မ FHD IPS display, 13-megapixel dual-lens ကင်မရာနဲ့ 8-megapixel selfie ကင်မရာတို့အပြင် 5,000mAh ဘက်ထရီ ပါဝင်ပါတယ်။ Configuration အပေါ်မူတည်ပြီး 4GB RAM, 64GB storage အထိ ရရှိနိုင်ပါတယ်။ ဒီသတင်းကို အရင်ဆုံးဖော်ပြခဲ့တဲ့ ရုရှားသတင်းစာ Helpix ကတော့ ZenFone 4 Max ကို Snapdragon 425 နဲ့ Snapdragon 430 အသီးသီးရရှိနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။
တန်ဖိုးက ၂၃၅ ဒေါ်လာနဲ့ စတင်မယ်လို့ သိရပါတယ်။

-နောင်နောင်