800 MB ကနေ 20 GB အထိ ရွေးချယ်ဝယ်ယူနိုင်မယ့် အင်တာနက်အစီအစဉ် တစ်မျိုးကို MPT က မိတ်ဆက်လိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက်
ရည်ရွယ်ထားတာလို့သိရပြီး အသုံးပြုလိုသူတွေ အနေနဲ့ မှတ်ပုံတင် ကြေးပေးချေစရာ
မလိုဘူးလို့ဆိုပါတယ်။ SMS ကနေတစ်ဆင့် အလိုရှိတဲ့ အစီအစဉ်ကိုဝယ်ယူနိုင်မယ်
လို့ဆိုပါတယ်။
အမျိုးအစားခြောက်မျိုး ခွဲခြားထားတယ်လို့သိရပါတယ်။ ကြိုတင်ငွေဖြည့်ကတ် အသုံးပြု သူတွေ၊ အသုံးပြုပြီးမှငွေပေးချေစနစ် သုံးသူတွေအားလုံး အဲဒီဝန်ဆောင်မှုကို ရယူနိုင်မယ်လို့ သိရပါတယ်။ အသုံးပြုမယ့်သူ အရေအတွက်ကန့်သတ် မထားဘူးလို့ဆိုပါတယ်။
B2B ဒေတာအစီအစဉ်လို့ နာမည်ပေးထားပြီး အရင်အစီအစဉ်တွေထက် ဒေတာပမာဏပိုမိုများပြီး ဈေးလည်းသက်သာတယ်လို့ သိရပါတယ်။ အခုဝန်ဆောင်မှုအပြင် ဖိုက်ဘာ၊ ဒေတာ၊ Closed user group နဲ့ မိုဘိုင်းစနစ်နဲ့ SMS အမြောက်အမြားပေးပို့တဲ့ ၀န်ဆောင်မှု Package တွေကိုလည်း ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒါတွေကို B2B@mptjo.com.mm ကနေတစ်ဆင့် ၀ယ်ယူရမှာလို့ သိရပါတယ်။
-ထွန်းထွန်း