7/15/2017

♪ “ 22 MP ကင်မရာ 3D Glass Body နဲ့ စမတ်ဖုန်းသစ်က Xiaomi Mi 6 Plus ဖြစ်မည်ဟု ခန့်မှန်း ” ♫

Image may contain: phone and text

Xiaomi ကုမ္ပဏီကနေ video file တစ်ခု ထုတ်ဖော်ပြသခဲ့ပြီး ဒီဗီဒီယိုမှာပါဝင်တဲ့ 22 MP ကင်မရာ၊ 3D glass body နဲ့ စမတ်ဖုန်းက Mi 6 Plus ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ Xiaomi က နောက်ထွက်မယ့် စမတ်ဖုန်းအသစ်ကို weibo အကောင့်မှာ တရားဝင်ဖော်ပြခဲ့တာဖြစ်ပြီး ဒီ Teaser video အရ 6GB RAM နဲ့ Snapdragon 800 series Processor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ စမတ်ဖုန်းအရေအတွက် 23.16 သန်းကို ရောင်းချခဲ့တယ်လို့  လည်းထုတ်ပြန်ခဲ့ပါသေးတယ်။ နောက်ထွက်လာမယ့် စမတ်ဖုန်းရဲ့နာမည်အစား ပါဝင်မှုတွေကို အသားပေးဖော်ပြထားတဲ့ ဒီစမတ်ဖုန်း teaser မှာ စမတ်ဖုန်းမိတ်ဆက်မယ့်ရက်ကို 2018 ခုနှစ် ဇူလိုင်လ 11 ရက်နေ့လို့ ဖော်ပြထားပါတယ်။ Xiaomi ရဲ့ တရားဝင် Weibo အကောင့်မှာ အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းရဲ့ အစိတ်အပိုင်းတချို့ကို ပြသခဲ့ပြီး RAM 6GB ရှိတယ်လို့ ဆိုပါတယ်။ ဗီဒီယိုမှာပြသထားတဲ့ အချက်အလက်အရ Snapdragon 800 series Processor ၊ UFS storage ၊ DDR4 RAM ၊ 4000 mAh ဘက်ထရီ ၊ 4K video recording ၊ 22-megapixel ကင်မရာ နဲ့ beauty mode ပါဝင်တယ်လို့ သိရပြီး 3D glass body ၊ full 4G ချိတ်ဆက်နိုင်မှု၊ လျင်မြန်စွာအားသွင်းနိုင်တဲ့ USB Type-C port၊ NFC နဲ့ IR Blaster တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

Xiaomi ကနေ နောက်ပိုင်းထွက်ရှိလာမယ့် စမတ်ဖုန်းသစ်တွေမှာ RAM 6GB အသုံးပြုလာမှာဖြစ်တာကြောင့် အခု video ထဲက စမတ်ဖုန်းက RAM 6GB ပေါ်မူတည်ပြီး ဘာနာမည်ရယ်လို့ ပြောနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် glass body သုံးထားတယ်ဆိုတဲ့ အချက်ကတော့ Mi 6 Plus ဖြစ်ရမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ပိုပြီးခိုင်မာစေပါတယ်။ ဘာလို့လဲဆိုတော့ Xiaomi Mi 6 မှာလည်း glass body အသုံးပြုခဲ့လို့ပါပဲ။ ဇူလိုင် 11 ရက်နေ့မိတ်ဆက်မယ့် Xiaomi စမတ်ဖုန်းသစ်က Mi 6 Plus ဖြစ်နိုင်ခြေကတော့ ပိုများလာပြီပဲ ဖြစ်ပါတယ်။

#news18.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com