7/14/2017

♪ “ ကင်မရာကောင်းမွန်ပြီး မြန်မာကျပ်ငွေ (2) သိန်းဝန်းကျင်ရှိတဲ့ စမတ်ဖုန်း (5) မျိုး ” ♫

Image may contain: phone

မနှစ်က ကမ္ဘာ့အနှံ့အပြားမှာရှိတဲ့ ဖုန်းအသုံးပြုသူ 2 ဘီလီယံကို စစ်တမ်းကောက်ယူခဲ့တာမှာ စမတ်ဖုန်းအသုံးပြုသူ 90 ရာခိုင်နှုန်းကျော်က ဓါတ်ပုံရိုက်ဖို့အတွက် အဓိကရည်ရွယ်ပြီး အဲ့ဒီထဲကမှ 80 ရာခိုင်နှုန်းက ရိုက်ခဲ့တဲ့ဓါတ်ပုံတွေကို တစ်ခြားသူဆီ ပေးပို့ဖို့အတွက်လို့ ဖြေကြပါတယ်။ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းကိုဝယ်ယူတဲ့အခါမှာ ကင်မရာကောင်းမွန်မှုကို အဓိကအချက်အနေနဲ့ ရွေးချယ်ကြပြီး အရည်အသွေးကောင်းမွန်မှုက ဒုတိယလို ဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းတွေထဲက မြန်မာကျပ်ငွေ 2 သိန်းဝန်းကျင်ခန့်နဲ့ ထိပ်ဆုံး 5 နေရာမှာ ရပ်တည်နေတဲ့ စမတ်ဖုန်းတွေကို လေ့လာကြည့်ရအောင်ပါ။

(1) Redmi Note 3

>>>>>>>>

Redmi Note 3 (India Edition) မှာ 16-megapixel နောက်ကင်မရာပါဝင်ပြီး Autofocus နဲ့ LED Flash တို့ပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 5-megapixel ပါရှိပြီး 0.1s Phase Detection Autofocus (PDAF) နဲ့ အရည်အသွေးကောင်းတဲ့ ဓါတ်ပုံရိုက်နိုင်ပါတယ်။ dual image signal processor ပါဝင်တာကြောင့် noise ကိုလျော့ချပေးနိုင်ပြီး 4100 mAh ဘက်ထရီ ၊ Android v6.0 Marshmallow ၊ 5 လက်မ HD IPS Display ၊ 1.4 GHz Qualcomm Snapdragon 430 64-bit Octa Core Processor ၊ 3GB RAM ၊ 32GB ROM ၊ မန်မိုရီ 32GB ထိ၊ 4G LTE ချိတ်ဆက်မှု၊ Fingerprint Sensor တို့လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ အိန္ဒိယရူပီး 11999 (မြန်မာကျပ် 2 သိန်းခွဲဝန်းကျင်) ရှိပါတယ်။

(2) Lenovo K6 Power

>>>>>>>>

13 MP နောက်ကင်မရာမှာ Sony’s IMX258 sensors ကိုအသုံးပြုထားပြီး ဖုန်းစကရင်မှာ ထိတွေ့မှုမြောက်မြားစွာကို မှတ်သားတုန့်ပြန်ပေးမှာဖြစ်ပါတယ်။ ကင်မရာ setting နဲ့ flash button က တစ်ဖက်တည်းမှာရှိပြီး camera modes ၊ shutter button ၊ video recording နဲ့ gallery icon တွေကို အခြားဘက်မှာထားရှိတယ်လို့ သိရပါတယ်။ အခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ 4000 mAh ဘက်ထရီ၊ Android 6.0.1 Marshmallow၊ 5 လက်မ Full HD IPS Display၊ 13 MP ရှေ့ကင်မရာ၊ 8 MP secondary ကင်မရာ ၊ 1.5 GHz Qualcomm Snapdragon 430 Octa Core၊ 3GB RAM ၊ 32GB ROM ၊ မန်မိုရီ (128GB ထိ) ၊ 4G LTE ၊ Fingerprint sensor တို့ပါဝင်ပြီး ရူပီး 9999 (မြန်မာငွေ 2 သိန်းဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။

(3) Redmi 3S Prime

>>>>>>>>

နောက်ကင်မရာ 13MP နဲ့ ရှေ့ကင်မရာ 5 MP ရှိတဲ့ redmi (edition) မှာ phase detection auto focus (PDAF) လုပ်ဆောင်ချက်ပါဝင်ပြီး focus ကို ချက်ချင်းလော့ခ်လုပ်နိုင်ပါတယ်။ Panorama (wide 360-degree view) ၊ Manual (provides more controls) ၊ beautify (မျက်နှာအသားအရေကို လှပအောင်ပြုလုပ်ခြင်း) ၊ straighten စတဲ့ camera mode တွေပါဝင်ပြီး ကင်မရာမှာ filter လုပ်လို့ရတဲ့ နည်းလမ်း 12 မျိုးပါဝင်တယ်လို့ သိရပါတယ်။ အခြားလုပ်ဆောင်ချက်တွေအနေနဲ့ကတော့ 4100 mAh ဘက်ထရီ၊ Android v6.0 Marshmallow ၊ 5 လက်မ HD IPS Display ၊ 1.4 GHz Qualcomm Snapdragon 430 64-bit Octa Core Processor ၊ 3GB RAM ၊ 32GB ROM ၊ မန်မိုရီ ( 32 GB ထိ) ၊ 4G LTE ချိတ်ဆက်မှု၊ Fingerprint Sensor တို့ပါဝင်ပြီး ဈေးနှုန်းကတော့ 2 သိန်း 3 သောင်းဝန်းကျင် ရှိတာဖြစ်ပါတယ်။

(4) Asus Zenfone Max

>>>>>>>>

Asus Zenfone Max မှာ နောက်ကင်မရာ 13-megapixel ပါဝင်ပြီး dual LED flash ကို နောက်ကင်မရာအတွက် ထောက်ပံ့ပေးထားပါတယ်။ ရှေ့ကင်မရာ 5 megapixel ကိုအသုံးပြုထားပြီး video calling နဲ့ ဓါတ်ပုံရိုက်မှုအတွက် ကောင်းစွာအလုပ်လုပ်နိုင်ပါတယ်။ အခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ 5000 mAh ဘက်ထရီ၊ Android Marshmallow၊ 5.5 လက်မ HD IPS Display၊ 1.5 GHz Snapdragon 615 Octa Core Processor ၊ 2GB RAM ၊ 32GB ROM ၊ မန်မိုရီ (Up to 64GB) ၊ 4G LTE ချိတ်ဆက်မှုတို့ပါဝင်ပြီး Fipkart မှာ ရူပီး 9499 (မြန်မာကျပ်ငွေ 2 သိန်းဝန်းကျင်) နဲ့ Amazon မှာ ရူပီး 8999 ( မြန်မာကျပ်ငွေ 1 သိန်း 9 သောင်းဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။

(5) Lenovo Vibe K5 Plus

>>>>>>>>

Lenovo Vibe K5 Plus မှာ single LED flash ၊ Omnivision OV13850 sensor ၊ f/2.2 aperture ၊ 5P lenses နဲ့ 13 MP နောက်ကင်မရာပါဝင်ပြီး selfies နဲ့ video calls တွေအတွက် ကောင်းစွာထောက်ပံ့ပေးနိုင်တဲ့ 5 MP ရှေ့ကင်မရာတို့ပါဝင်ပါတယ်။ အခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ 2750 mAh ဘက်ထရီ၊ Android v5.1 Lollipop ၊ 5 လက်မ Full HD IPS Display ၊ 1.5 GHz Qualcomm Snapdragon 616 Octa Core Processor ၊ 3GB RAM ၊ 16GB ROM ၊ မန်မိုရီ (Up to 32GB) ၊ 4G LTE ချိတ်ဆက်မှုတို့ပါဝင်ပြီး Flipkart မှာ ရူပီး 7499 (မြန်မာကျပ်ငွေ 1 သိန်းခွဲဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။

#zeenews.india.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com