6/10/2017

♪ " အနောက်ဘက်မှာ ဆိုနီဆင်ဆာကင်မရာ နှစ်လုံး ပါဝင်တဲ့ ZTE Nubia Z17 mini " ♫

Image may contain: phone

ZTE ရဲ့ Nubia စီးရီးတွေထဲက Z17 mini ကို အိန္ဒိယမှာ စတင်ရောင်းချတော့မှာဖြစ်ပြီး ဒီစမတ်ဖုန်းမှာပါဝင်တဲ့ နောက်ကင်မရာက ဆိုနီဆင်ဆာ ကင်မရာနှစ်လုံး အသုံးပြုထားတာ တွေ့ရပါတယ်။ ZTE ကုမ္ပဏီအနေနဲ့ ဈေးနှုန်းမြင့် Nubia Z17 ကို တရုတ်ပြည်မှာမိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာပဲ Nubia Z17 mini ကို အိန္ဒိယဈေးကွက်ထဲကို မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။

အလယ်အလတ်တန်းစား စမတ်ဖုန်းအဖြစ်ထုတ်လုပ်ထားတဲ့ Nubia Z17 mini ကို Amazon india မှာ ဇွန်လ 12 ရက်နေ့ကစပြီး ရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်ကတော့ အမေရိကန်ဒေါ်လာ 310 ဝန်းကျင်လို့ သိရပါတယ်။
Nubia Z17 ရဲ့ ဒီဇိုင်းက Z17 နဲ့ ချွတ်စွပ်တူပြီး ပိုသေးငယ်တဲ့ 5.2 လက်မ Full HD (1080x1920) 424ppi Display နဲ့ Gorilla Glass ပါဝင်မှာဖြစ်ပါတယ်။ Nubia Z17 mini က ပါးလွှာမှုကို ဦးစားပေးထားပြီး ဒီစမတ်ဖုန်းကို သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး နောက်ကင်မရာနှစ်လုံးနဲ့ Fingerprint sensor တို့ပါဝင်ပါတယ်။ 


Nubia Z17 mini က Premium ဗားရှင်းတွေနဲ့ အနည်းငယ်ကွာခြားပြီး RAM 4GB နဲ့ 64 bit octa-core QUALCOMM Snapdragon 652 Processor နှစ်ခုအသုံးပြုထားပါတယ်။ နောက်ကင်မရာနှစ်လုံးကတော့ f/2.2 apeature နဲ့ 13 megapixel Sony Sensor (Monochrome+RGB) တစ်စုံ၊ NeoVision 6.0 နဲ့ Sapphire Glass တို့ပါဝင်ပါတယ်။ 80-Degree wide angle၊ 5P Lens၊ f/20 aperture နဲ့ 16-megapixel ရှိ ရှေ့ကင်မရာ ကိုအသုံးပြုထားပါတယ်။ 


ဒီစမတ်ဖုန်းကို Nubia UI 4.0 နဲ့ Android Marshmallow ကိုအသုံးပြုထားပါတယ်။ Nubia က ကင်မရာကို pro နဲ့ normal mode ခွဲခြားပေးထားပြီး တစ်ခြားကင်မရာလုပ်ဆောင်ချက် 16 မျိုးလောက်လည်း ထည့်သွင်းပေးထားပါတယ်။ နောက်ကင်မရာနှစ်လုံးက 3D Motion ရုပ်ပုံတွေကို ဖန်တီးဖို့အတွက် multi view နဲ့ dynamic feature တို့ကိုပူးပေါင်းထားပါတယ်။

ချိတ်ဆက်မှုအတွက် Bluetooth 4.2၊ Wifi 802.11 b/g/n/ac ၊ GPS ၊ GLONASS USP Type-C Port တို့ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းမှာ 2.4G/5G dual-band Wifi ၊ 430Mbps ထိရရှိနိုင်တဲ့ upload speed ကို ထောက်ပံ့ပေးထားပါတယ်။ Nubia Z17 mini မှာ 2950mAh ဘက်ထရီအသေပါဝင်ပြီး 7.45 မီလီမီတာ ထူပါတယ်။ 


Buid-in Storage ကိုတော့ 64 GB ထည့်သွင်းထားပြီး microSD Card ကိုအသုံးပြုပြိး 200 GB ထိ တိုးချဲ့နိုင်ပါတယ်။ accelerometer, ambient light sensor, gyroscope, and proximity sensor တို့ကိုလည်း ထောက်ပံ့ပေးထားပြီတော့ 146.65x72.5x7.45mm နဲ့ အလေးချိန် 155 ဂရမ်ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com