6/20/2017

♪ " မျက်နှာပြင်မကွဲဘူးလို့ အာမခံထားတဲ့ Samsung Galaxy Tab Active 2 မကြာမီ မိတ်ဆက်မည် " ♫

No automatic alt text available.

ဖုန်မှုန့်နဲ့ ရေစိုဒဏ်ခံပြီး မျက်နှာပြင်မကွဲနိုင်ဘူးလို့ အာမခံထားတဲ့ Samsung Galaxy Tab Active 2 ကို လာမယ့်စက်တင်ဘာလထဲမှာ မိတ်ဆက်သွားမယ်လို့ Samsung က သတင်းထုတ်ပြန်ပါတယ်။ ဒီလိုမျိုး ရေစိုခံအကြမ်းခံပြီး မျက်နှာပြင်ခိုင်ခံ့မှုဦးစားပေးထားတဲ့ စမတ်ဖုန်းကို 2014 ခုနှစ်အတွင်းကလည်း Galaxy Tab Active နာမည်နဲ့ ထုတ်လုပ်ခဲ့ဖူးပေမယ့် အခုအချိန်မှာ မှတ်မိမယ့်သူ ရှိမယ်မထင်ပါဘူး။

သုံးနှစ်အကြာမှာ ထပ်မံထွက်ရှိလာမယ့် Tab Active 2 ကရော အောင်မြင်မှုရနိုင်မလားဆိုတာက စောင့်ကြည့်ရဦးမှာပါပဲ။ သတင်းတွေမှာ ဖော်ပြထားချက်အရ Samsung ကုမ္ပဏီအနေနဲ့ Galaxy Tab Active 2 အတွက် အားစိုက်လုပ်ဆောင်နေပြီး Wifi only SM-T390 နဲ့ Wifi + LTE SM T395 ဆိုတဲ့ ဗားရှင်း 2 မျိုး ထွက်ရှိလာမယ်လို့ သိရပါတယ်။ စတင်ရောင်းချချိန်မှာ ဥရောပနဲ့ လက်တင်အမေရိကကို အဓိကရည်ရွယ်ရောင်းချသွားမှာဖြစ်ပြီး Tab Active တုန်းကတော့ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်ခဲ့တာဖြစ်ပါတယ်။


Tab Active 2 ထွက်ရှိလာရင်လည်း ဒီလုပ်ငန်းတွေအတွက်ပဲ ပိုအရေးပါလာဦးမှာပါပဲ။ Galaxy Tab Active 2 ရဲ့ အသေးစိတ်ပါဝင်မှုတွေကို မသိရှိရသေးပဲ ဈေးနှုန်းအနိမ့်ပိုင်းကို ရည်ရွယ်ပြီးထုတ်လုပ်ထားမှာဖြစ်လို့ နည်းပညာပိုင်းအနေနဲ့ အများကြီးမျှော်လင့်ထားလို့ မရနိုင်ပါဘူး။

 

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com