6/18/2017

♪ “ဒုတိယကွာတားမှာရောင်းအားတက်လာတဲ့ Xiaomi” ♫

Image may contain: phone

Xiaomi ဟာယခုနှစ် ဒုတိယကွာတားဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအကြားမှာ စမတ်ဖုန်းရောင်းအားတိုးတက်လာ ပါတယ်။ ရှောင်မီဟာဒုတိယကွာတား မှာစမတ်ဖုန်း အလုံးရေသန်း ၂၀ ရောင်းချခဲ့ရပြီးပထမကွာတား မှာတော့အလုံးရေ ၁၃ သန်းသာရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုရောင်းအား တိုးတက်ခြင်းမှာမက္ကဆီကိုလို နိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ခြင်းနဲ့ အိန္ဒိယ မှာဈေးကွက်မြှင့်တင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ရှောင်မီရဲ့ Mi 6 နဲ့ Mi Max 2 တို့ဟာလည်းလူကြိုက်များနေကြပါတယ်။ ယခုနှစ်ကုန်မှာ လည်းရှောင်မီကစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကိုမိတ်ဆက်မှာ ဖြစ်ပြီးရောင်းအားဆက်လက်ကောင်းနေမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း များမှာMi Note 3 နဲ့ Mi Mix 2 တို့ ဖြစ်ပါတယ်။

ရှောင်မီကဂရိမှာလည်းမြေပြင် အရောင်းဆိုင်တစ်ခုကိုဖွင့်လှစ် လိုက်ပါတယ်။ ကုမ္ပဏီကဂရိနိုင်ငံအေသင် မှာအလုပ်ရှာဖွေတဲ့ ၀က်ဆိုက် တစ်ခုကနေ စတိုင်းဆိုင်အတွက် နည်းပညာအကြံပေးများ ကိုအလုပ် ခေါ်ယူနေပါတယ်။ ဒါ့အပြင် အချိန်ပြည့်နဲ့ အချိန်ပိုင်း အရောင်းဝန်ထမ်း များကိုလည်း ကုမ္ပဏီကခေါ်ယူနေ ပါတယ်။ ရှောင်မီရဲ့ ထုတ်ကုန်များကို နှစ်သက်တဲ့ လူများကိုဦးစားပေးရွေးချယ်နေပါတယ်။

ဂရိမှာမြေပြင် အရောင်းဆိုင် ဖွင့်လှစ်ခြင်းဟာဥရောပမှာပိုမိုကျယ်ပြန့်စွာ ဈေးကွက်ချဲ့ထွင်ချင်တဲ့ ရှောင်မီရဲ့ ရည်မှန်းချက် ဖြစ်နိုင်ပါတယ်။ ရှောင်မီဟာယခင်ကအွန်လိုင်းကနေသာရောင်းချခဲ့တာ ဖြစ်ပြီး ကုန်ကျစရိတ် သက်သာတဲ့အတွက် ဈေးပေါပေါဖြင့် စမတ်ဖုန်းများကို ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အွန်လိုင်း ကနေရောင်းချခြင်းဟာ Brand ကိုလူသိမှုအပိုင်းမှာအားနည်းတယ်လို့ ကျွမ်းကျင်သူများကသုံးသပ် ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com