6/20/2017

♪ " Huawei P9 " အကြောင်းအသေးစိတ်လေ့လာနိုင်ဖို့ - Price : 559,000/- ♫

Image may contain: phone

Huawei P9 ဟာ Huawei ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်းတွေထဲက အကောင်းဆုံးဖုန်းတွေထဲမှာ တစ်လုံးအပါအ၀င် ဖြစ်ပါတယ်။ ကင်မရာစွမ်းဆောင်ရည်နဲ့မျက်နှာပြင်စွမ်းအားပိုင်းကို ပိုမိုကောင်းမွန်အောင် အားဖြည့်ထားတာကို တွေ့ရပြီး ကျန်တဲ့ specs တွေနဲ့ features တွေကလည်း သုံးစွဲရတာ အဆင်ပြေပါတယ်။ ၄င်းဟာ အရင်ထုတ်လုပ်ခဲ့ P8 ရဲ့ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်းအတိုင်း ပြုလုပ်ထားတဲ့အပြင် ပိုမိုကိုင်တွယ်သုံးစွဲလို့ ကောင်းအောင် အဆင့်မြှင့်တင်ထားပါတယ်။ နောက်ကျောဘက်မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ fingerprint sensor ပါရှိပြီး လျင်မြန်တိကျမှုလည်း ရှိပါတယ်။ GSM ၊ HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Micro SIM card 2 card ကိုတစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ထည့်သွင်းထားတဲ့ Non-removable Li-Ion 3000 mAh battery က တစ်နေ့တာလုံး လုံလောက်တဲ့ ဘက်ထရီစွမ်းအားကိုပေးစွမ်းနိုင်ပါတယ်။ ၄င်းဖုန်းဟာ ဈေးကွက်ထဲက flagship ဖုန်းတွေနဲ့ယှဉ်ရင် ဈေးနှုန်းက အလယ်အလတ်တန်းစား အဆင့်လောက်ရှိတာကို တွေ့ရပါတယ်။

Design & Build
>>>>>
ဖုန်းရဲ့ တည်ဆောက်ထားတဲ့ဒီဇိုင်းပုံစံက သေသပ်လှပပြီး ကိုင်တွယ်အသုံးပြုရတာလည်း ထည်ထည်ဝါ၀ါရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးကတောက်ပပြောင်လက်နေတဲ့ အလူမီနီယံနဲ့ပြုလုပ်ထားလို့ မပေါ့မလေးနဲ့ အနေတော်အလေးချိန်ရှိပါတယ်။ ဘေးထောင့်တွေက အနည်းငယ်ဝိုင်းနေတဲ့အတွက် ရှိတာထက် ပိုပါးလွှာတယ်လို့တောင် ထင်ရပါတယ်။ ဖုန်းအရွယ်အစားက 145 x 70.9 x 7 mm ရှိပြီး 144g လေးပါတယ်။ ဒါကြောင့် iPhone 6S နဲ့အရွယ်အစားတူညီပြီး မျက်နှာပြင်အကျယ်က 6S ထက် ပိုကျယ်ပါတယ်။ ဖုန်းရဲ့မျက်နှာ ပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေဘက်မှာ capacitive button ခုပါရှိပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်ညာဘက်ထောင့်စွန်းနားမှာ အနောက်ကင်မရာ Lens ၂ ခုကို ဘေးတိုက်ယှဉ်ထား ပြီး အောက်ဘက်မှာ fingerprint sensor ကိုတပ်ဆင် ထားပါတယ်။ ကင်မရာ lens တွေရဲ့ဘေးနားမှာ flash မီးလုံးလေးတည် ရှိပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ရှိပြီး ဘယ်ဘက်မှာတော့ SIM Card tray ကိုထားပေးထားပါတယ်။ ဖုန်းဒီဇိုင်းက premium ကျကျလှပခန့်ညားပြီး ၄င်းနဲ့လိုက်ဖက်ညီတဲ့ ရွှေရောင်၊ငွေရောင်၊အဖြူရောင်၊အနီရောင်၊အပြာရောင်နဲ့မီးခိုးရောင်တို့ကို စုံလင်စွာ ထုတ် လုပ်ပေးထားပါတယ်။

Display
>>>>>
ဖုန်းမျက်နှာပြင်ကို 5.2-inch ကျယ်တဲ့ IPS-NEO LCD Capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ထား ပြီး 1080 x 1920 pixels ရှိတဲ့ Full HD မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ 1လက်မမှာ သိပ်သည်း ဆပမာဏက ~423 ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို Corning Gorilla Glass နဲ့ထပ်မံဖုံးအုပ်ကာကွယ်ပေးထားပါတယ်။

Operating System and Camera
>>>>>
ကိုယ်ထည်အတွင်းထဲမှာ Android OS, v6.0 (mashmallow) ကို run ထားပြီး Emotion UI 4.1 ကို အသုံးပြု ထားပါတယ်။ အနောက်ကင်မရာက 12 MP + 12 MP ရှိတဲ့ dual camera စနစ်ကိုသုံးထားတဲ့အတွက် ဓာတ်ပုံ တွေနဲ့ဗီဒီယိုအရည်အသွေးတွေက အံ့မခန်းလောက်အောင် ကောင်းမွန် ပါတယ်။ အရှေ့ကင်မရာကတော့ 8 MP ရှိပြီး လှပတဲ့ selfie ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

Performance
>>>>>
ဖုန်းတစ်လုံးရဲ့ အဓိကအရေးကြီးဆုံးအပိုင်းဖြစ်တဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို HiSilicon Kirin 955 Chipset နဲ့ Octa-Core (4 x 2.5 GHz Cortex- A72 & 4 x 1.8 GHz Cortex-A53 processor တို့က ဟန်ချက်ညီညီ အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးနိုင်တဲ့အပြင် Mali-T880MP4 graphics Card ကလည်း အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါ့အပြင် RAM 3GB ပါရှိပြီး ၄င်းတို့ကလည်း စွမ်းဆောင်ရည်ပိုင်းနဲ့ယာယီမှတ်ဥာဏ်စွမ်းအား ပိုင်းအတွက် များစွာအထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်ဂိမ်းတွေနဲ့ apps အားလုံးကို အဆင်ပြေပြေကစားနိုင်မှာဖြစ်ပြီး multi-taskings တွေကိုလည်း နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ လျင်မြန်စွာ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။



**Specification**
Display : 5.2 inch, IPS-NEO LCD Capactive Touchscreen Memory : 32 GB, GB RAM, microSD, up to 128 GB
Camera : Dual 12MP(Back), autofocus, dual-LED Flash
OS : Android OS, v 6.0(Marshmallow)
Phone : 01-391789 (Unique)
Price : 559,000/-




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com