6/18/2017

♪ " တစ်မိနစ်လျှင် (5) ကျပ်သာကျသင့်မည့် ‘ကွက်တိ’ အစီအစဉ်ကို တယ်လီနော ထပ်မံမိတ်ဆက် " ♫

Image may contain: 4 people, people smiling, text

တစ်မိနစ်လျှင် (5) ကျပ်သာကျသင်မည့် ‘ကွက်တိ’ အစီအစဉ်ကို တယ်လီနော ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ယခု ပရိုမိုးရှင်းကို ဇွန်လ 5 ရက်နေ့မှစကာ ရက်ပေါင်း 90 အတွင်း သုံးစွဲနိုင်မည်ဖြစ်ပြီး တယ်လီနောသုံးစွဲသူအားလုံးသည် တယ်လီနောဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုမှုအတွက် အကောင်းမွန်ဆုံး နှုန်းထားတစ်ခုဖြစ်သော တစ်မိနစ်လျှင် 5 ကျပ်သာ ကျသင့်မည့် ‘ကွက်တိ’ အစီအစဉ်သစ်အား စာရင်းပေးသွင်း အသုံးပြုနိုင်ပြီဖြစ်သည်။ 

" ကွက်တိဟာ အသုံးပြုသူများရဲ့ လိုအပ်ချက်တွေကို အကောင်းမွန်ဆုံးနဲ့ ကွက်တိဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး တယ်လီနောကနေ ပေးအပ်လိုက်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ကွက်တိအစီအစဉ်ရဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးတစ်ခုကတော့ တယ်လီနောအသုံးပြုသူတွေအနေနဲ့အခကြေးငွေ အနည်းငယ်သာ အသုံးပြုပြီး ဖုန်းခေါ်ဆိုခွင့် မိနစ်အများကြီးရရှိနိုင်မယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေအနေနဲ့ ပိုမိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေကို ရယူနိုင်ဖို့အတွက် အထူးနံပါတ်တစ်ခုဖြစ်တဲ့ *979*1# ကို ပုံမှန်စစ်ဆေးသုံးစွဲနေဖို့ တယ်လီနောအနေနဲ့ တိုက်တွန်းလိုပါတယ် " ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin E Myrthong က ပြောကြားခဲ့သည်။


တယ်လီနောသုံးစွဲသူများသည် အဆိုပါအစီအစဉ်အား *979*1# အား ဖုန်းခေါ်ဆို၍ဖြစ်စေ၊ MyTelenor App မှဖြစ်စေ ရယူနိုင်သည်။ သုံးစွဲသူများအနေနှင့် ၎င်းတို့အသုံးပြုလိုသည့် မိနစ်အရေအတွက်အလိုက် ‘ကွက်တိ’ အစီအစဉ်အား စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး အဆိုပါ မိနစ်အရေအတွက်အလိုက် ကျသင့်ငွေအား မူလဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်သည်။ အဆိုပါအစီအစဉ်အား ရယူရာတွင် အခွန်ပေးဆောင်မှုပါ ပါဝင်ပြီးဖြစ်ပြီး ကြိုတင်ငွေပေးချေမှုစနစ် (prepaid) အသုံးပြုသူများသာ ရယူနိုင် မည်ဖြစ်သည်။ ‘ကွက်တိ’ အစီအစဉ်အား တစ်ကြိမ်စာရင်းပေးသွင်းလျှင် တစ်ရက်ကြာ အသုံးပြုနိုင် သည်။

သုံးစွဲသူများအနေနှင့် တစ်ရက်အတွင်း အဆိုပါအစီအစဉ်အား တစ်ကြိမ်ထက်ပိုမိုပြီး အကန့်အသတ်မရှိပဲ ဝယ်ယူနိုင်မည်ဖြစ်သော်လည်း တစ်နေ့တာအတွင်း မည်သည့်အချိန် ၀ယ်ယူသည်ဖြစ်စေ ဝယ်ယူသည့်နေ့၏ 23:59:59 နာရီအထိသာ အဆိုပါအစီအစဉ်အား အသုံးပြုနိုင်မည်ဖြစ်သည်။ ‘ကွက်တိ’ အစီအစဉ်သည် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုးမည်မဟုတ်ပဲ အသုံးပြုသူများအနေနှင့် ဝန်ဆောင်မှုအား ဆက်လက်ရယူနိုင်ရန် စာရင်းထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com