6/21/2017

♪ " 2017 ခုနှစ်ထဲမှာ မိတ်ဆက်သွားမယ့် စမတ်ဖုန်းများ " ♫

Image may contain: text

2017 ခုနှစ်ထဲမှာ စမတ်ဖုန်းသစ်များစွာ ထပ်မံမိတ်ဆက်သွားဖို့ ရှိနေတာကြောင့် သင့်ဖုန်းကို လဲလှယ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဘယ်လိုဖုန်းအမျိုးအစားတွေက ဘယ်လထဲမှာ ထွက်ရှိလာမယ်ဆိုတာ လေ့လာထားသင့် ပါတယ်။ ဖုန်းထုတ်လုပ်သူတွေက နည်းပညာတွေ အလျင်အမြန်ပြောင်းလဲမှုပေါ်မူတည်ပြီး စမတ်ဖုန်းတွေကို လတိုင်းလိုလို မိတ်ဆက်လာကြပါတယ်။ ဒီလိုထွက်ရှိလာတဲ့ ဖုန်းတွေထဲမှာ ဈေးနှုန်းအသင့်အတင့်ရှိတဲ့ တရုတ်ဖုန်းတွေကနေ Apple ရဲ့ iPhone တွေအထိ ပါဝင်နေပါတယ်။ 2017 ထဲမှာ ထပ်မံထွက်ရှိလာမယ်လို့ ခန့်မှန်းထားတဲ့ စမတ်ဖုန်းတွေကတော့ ...

OnePlus5 : 20 June 2017
Samsung Galaxy J3 နဲ့ J5 (2017) : July 2017
Apple iPhone 8 နဲ့ iPhone 7s : September 2017
Samsung Galaxy Note 8 : August or September 2017
Google Pixel 2 : October 2017 တို့ပဲဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက်တွေကတော့ အကြမ်းဖျဉ်းခန့်မှန်းထားတာပါ။

* ဇွန်လ 20 ရက်နေ့မှာ ထွက်ရှိမယ့် OnePlus5 *

OnePlus 5 စမတ်ဖုန်းမှာ metal unibody ကိုအသုံးပြုထားပြီး lens ကင်မရာပါဝင်တဲ့အပြင် Snapdragon Processor ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

* ဇူလိုင်လ 27 ရက်နေ့မှာ ထွက်ရှိမယ့် Honor 9 *

Huawei ကုမ္ပဏီရဲ့ Honor 9 နဲ့ပတ်သက်ပြီး ဘာလင်မိတ်ဆက်ပွဲအတွက် တရားဝင်ဖိတ်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Honor ရဲ့ဖုန်းအသစ်က စိတ်ဝင်စားဖို့ကောင်းတဲ့ flagship device ပုံစံကဲ့သို့ဖြစ်ပြီး Kirin 960 chipset ၊ dual camera နဲ့ Honor 8 ကဲ့သို့ ဒီဇိုင်းပုံစံဆင်တူနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရတော့ ဒီစမတ်ဖုန်းရဲ့ ဈေးနှုန်းက ယူရို 320 နဲ့ 400 ကြားရှိတယ်လို့ သိရပါတယ်။ အနည်းငယ်သေးတဲ့ပုံပေါ်ပြီး Honor 8 Pro ရဲ့ မှန်အမျိုးအစားကို သုံးထားပါတယ်။

* ဇူလိုင်လမှာထွက်ရှိမယ့် Samsung Galaxy J3 နဲ့ J5 (2017) *

Samsung က သူရဲ့ဘတ်ဂျက်စမတ်ဖုန်းဖြစ်တဲ့ Samsung Galaxy J3 နဲ့ J5 (2017) ကို ဇူလိုင်လမှာ ထွက်ရှိမယ်လို့ တရားဝင်ကြေညာထားပါတယ်။ J5 (2017) မှာ Full HD Super AMOLED display (up from a 720p display) ၊ 13-megapixel နောက်ကင်မရာ ၊ micro-SD (up to 256GB of extra storage) နဲ့ 1.6GHz processor တို့ပါဝင်ပါတယ်။ J3 မှာတော့ ROM 16 GB ၊ RAM 2 GB ၊ auto focus နဲ့ 13 megapixel နောက်ကင်မရာပါဝင်ပြီး J3 နဲ့ J5 (2017) နှစ်မျိုးလုံးကိုတော့ premium သတ္တုကိုယ်ထည်ဒီဇိုင်းကို အသုံးပြုထားပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com