6/10/2017

♪ " OPPO မှ Black Series Smartphone များကို ထပ်မံမိတ်ဆက် " ♫

Image may contain: phone

ယခုနှစ်အတွင်း OPPO F3 နဲ့ F3 Plus Smartphone ကို မိတ်ဆက်ပေးခဲ့တဲ့ OPPO ဟာယခုအခါမှာတော့ သုံးစွဲသူတွေ ကြိုက်နှစ်သက်စေမယ့် Black Series Smartphone တွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီဖြစ် ပါတယ်။ အသစ်မိတ်ဆက်ပေးခဲ့တဲ့ OPPO A57 Smartphone ကို ငွေကျပ် (299000) ဖြင့်ဝယ်ယူနိုင်မှာဖြစ်ကာ ဇွန်လ (5) ရက်နေ့ကတည်းကစတင်ရောင်းချပေးလျက်ရှိပါတယ်။ အဆိုပါ A57 Smartphone ရဲ့ကိုယ်ထည်ကိုတော့ သတ္တုနဲ့ပဲ ပြုလုပ်ပေးထားတာဖြစ်ပြီး အနက်ရောင်ဖြင့် လှပဆွဲဆောင်မှုရှိအောင် ဖန်တီးပေးထားတာကိုတွေ့မြင်ရပါလိမ့်မယ်။ ဖုန်းရဲ့ အရွယ်အစားက (149.1 x 72.9 x 7.7 ) mmရှိပြီးအလေးချိန်ကတော့ (147) ဂရမ် ရှိပါတယ်။ Dual Simအသုံးပြုလို့ရမယ့် Smartphone အမျိုးအစားဖြစ်သလို Triple-Slot Tray ကိုထည့် သွင်းပေးထားတာကြောင့် Sim Card (2) Cards အပြင် SD Card ကိုပါ တစ်ပြိုင်နက်တည်းထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

ဖုန်းရဲ့မျက်နှာပြင်အရွယ်အစားက (5.2) လက်မရှိပြီး 2.5D HD Display ကိုအသုံးပြုပေးထားတာကြောင့် ရုပ်ထွက်ပိုင်းကောင်းမွန်မှုကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ Pixels Density ကတော့ (282) ppiရှိပြီး Multitouch အသုံးပြုခွင့်ပေးထားပါတယ်။ ဖုန်းရဲ့အရှေ့ဘက်မှာတော့ Fingerprint Scanner ကိုထည့်သွင်းပေးထားတဲ့အပြင် အဆိုပါ Fingerprint Scanner ဖြင့် Screen Unlock ပြုလုပ်ခြင်းကို (0.2) စက္ကန့်အတွင်း မြန်ဆန်စွာ Screen Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဗွေစနစ်ကိုအစင်းကြောင်း၊ ခြစ်ရာများမထင်စေဖို့ ပြုလုပ်ပေးထားတဲ့အပြင် Hydrophobic အလွှာကိုပါ ထည့်သွင်းပေးထားတာကြောင့် စိုစွတ်နေသောလက်ဖြင့်ပင် ဖုန်းကို Unlock ပြုလုပ်နိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ၊ ဂိမ်းကစားတဲ့အခါတွေမှာ အဆင်ပြေချောမွေ့စေဖို့အတွက် Qualcomm MSM8940 Snapdragon 435အမျိုးအစားOcta-Core 1.4 GHz Processor ကိုအသုံးပြုပေးထားပါတယ်။ RAM (3) GB နဲ့ ROM (32) GB ကိုထည့်သွင်းပေးထားပြီး Memory ကို (256) GB အထိတိုးမြှင့်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Software ပိုင်းအတွက်ကိုတော့ Android 6.0 (Marshmallow) နဲ့အတူ Color OS 3.0 ကို အသုံးပြုပေးထားပါတယ်။ 


OPPO A57 Smartphone မှာက (16.0) Megapixels ရှိတဲ့ အရှေ့ကင်မရာမှာ Beautify 4.0 နည်းပညာကို ထည့်သွင်းအသုံးပြုပေးထားပါတယ်။ Selfieပိုင်းအသားပေးထားတဲ့ Smartphone တစ်လုံးလို့ဆိုနိုင်ပြီးအလင်း အားနည်းတဲ့ အခြေအနေမျိုးမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေရရှိအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါ တယ်။ နောက်ပြီးတော့ မိမိရဲ့ Selfieဓာတ်ပုံလေးတွေကိုBokeh Effect ပါရှိတဲ့ ဓာတ်ပုံတွေဖြစ်အောင်လည်း A57 Smartphone ဖြင့် ဖန်တီးနိုင်မှာပါ။ နောက်ပြီးတော့ ဖုန်းမျက်နှာပြင်အရှေ့မှာ လက်ဖ၀ါးဖြန့်ပြလိုက်ရုံဖြင့် အလိုအလျောက် Selfieပုံရိုက်ကူးပေးမယ့် Palm Shutter လုပ်ဆောင်ချက်လည်းပါရှိတာကြောင့် Selfieရိုက် ကူးရာမှာအလွန်ကိုအဆင်ပြေစေပါလိမ့်မယ်။ အနောက်ဘက်မှာတော့ (13.0) Megapixels ရှိတဲ့ကင်မရာကိုတပ်ဆင်အသုံးပြုပေးထားပြီး Full HD ဗီဒီိယိုတွေကိုပါ ရိုက်ကူးလို့ရမှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းအတွက်ကိုတော့ Non-removable Li-Ion 2900 mAhဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားတာကြောင့် အင်တာနက်အသုံးပြုခြင်း၊ ဂိမ်းကစားခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေကိုအချိန် ကြာကြာလုပ်ဆောင်လို့ရမှာ ဖြစ်ပါတယ်။


ဒါ့အပြင် OPPO F3 Black Version ကိုတော့ ဇွန်လ (15) ရက်နေ့တွင် ပြည်တွင်းဈေးကွက်မှာ တရားဝင်ရောင်း ချပေးသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ ငွေကျပ် (419000) ဖြစ်ပါတယ်။ လက်ရှိမှာလည်း F3 Black Version အတွက် Pre-Order များစတင်လက်ခံလျက်ရှိပြီး Pre-Order မှာယူတဲ့သူတွေကို လက်ဆောင်ပစ္စည်းတွေ ပေးအပ်သွားမှာပါ။ ယခင်ထွက်ရှိခဲ့တဲ့ OPPO F3 ဖုန်းကဲ့သို့ပင် ဒီဇိုင်းပိုင်းနဲ့ ဖုန်းတွင်းလုပ်ဆောင်ချက်ပိုင်းတွေမှာတူညီမှုရှိပြီးဖုန်းရဲ့ အရှေ့မျက်နှာပြင်နဲ့ နောက်ကျောဘက်တို့မှာသာ အနက်ရောင်အဖြစ် ပြောင်းလဲသွားတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ 




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com