6/18/2017

♪ နည်းပညာမြင့်မားတဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့ထွက်လာတဲ့ - Huawei P10 - Price : 799,000 Ks ♫



အားသာချက်
အရွယ်အစားနဲ့ ပုံစံဒီဇိုင်းလှပသေသပ်ပြီး ဖုန်းထဲမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, GPU နဲ့ Chipset ပိုင်းတွေမှာလည်း P10 Plus နဲ့ တူတူပဲဖြစ်တဲ့အတွက် Hardware ပိုင်းတွေမှာကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာလည်း အရည်အသွေးမြင့် Leica Lens ကင်မရာတွေကို သုံးထားတဲ့အတွက် ကင်မရာပိုင်းမှာလည်း စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းပါ။ Fingerprint ကလည်း တုန့်ပြန်မှု မြန်ဆန်ပြီး ၃၆၀ ဒီဂရီ ထိတွေ့နိုင်တဲ့အပြင် မှတ်ဉာဏ်ပိုင်းနဲ့ ဘက်ထရီအားသွင်းနှုန်း မြန်ဆန်တဲ့ စနစ်ပိုင်းတွေမှာလည်း ကောင်းမွန်တာတွေ့ရမှာပါ။
အားနည်းချက်
ဖုန်းမှာ FM Radio စနစ်မပါဝင်ပါဘူး။ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပေမယ့် SD Card အသုံးပြုမယ် ဆိုရင်လည်း Sim Crd တစ်ကတ်ပဲ သုံးလို့ ရနိုင်မှာပါ။
ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ပုံစံမျိုးရှိပြီး အရွယ်အစားကလည်း လက်ထဲမှာကိုင်လို့ သက်သောင့်သက်သာရှိတဲ့ အရွယ်အစားမျိုးပါ။ ရှေ့ဘက်မြင်ကွင်းမျက်နှာပြင်မှာ Corning Gorilla Glass 5 နဲ့ ကာကွယ်ပေးထားပြီး အနားလုံးမှန်မျိုးဖြစ်တဲ့အပြင် ဘေးဘောင်တွေက ပါးလွှာတဲ့အတွက် မျက်နှာပြင် အပြည့်ပုံစံမျိုးမြင် တွေ့ရမှာပါ။ ကိုယ်ထည်ဖွဲ့စည်းမှုက သတ္တုနဲ့ ဖန်နဲ့ ရောစပ်ထားတဲ့ ပုံစံမျိုးဖြစ်ပြီး ကျောဘက်ကာဗာကလည်း ပွန်းရှခြင်းတွေကို ခံနိုင်ရည်ရှိတဲ့ လိုင်းစင်းပုံစံမျိုးလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက် ပေးထားတာတွေ့ရပါ တယ်။ ဖုန်းကပါးပြီး ကိုင်လို့ကောင်းတဲ့ ပုံစံမျိုးရှိနေပေမယ့် အလေးချိန်တော့ နည်းနည်းလေးရှိနေတယ်လို့ ခံစားရပါတယ်။
မြင်ကွင်း
၅.၁ လက်မရှိတဲ့ IPS-NEO LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 1080 x 1920 Pixels ရှိတဲ့ Full HD Screen ကို အသုံးပြုထားတာပါ။
နည်းပညာ
ဖုန်းတွင်းအသုံးပြု စနစ်တွေကတော့ P10 Plus နဲ့တူတဲ့အပြင် ဖုန်းထဲမှာ သုံးထားတဲ့ Hardware အစိတ်အပိုင်း တော်တော်များများကလည်း P10 Plus နဲ့ တူပါတယ်။ Facebook App ကို အကောင့်နှစ်ခု ခွဲသုံးနိုင်တဲ့ App Twin ဆိုတဲ့စနစ် ပါဝင်လာပါတယ်။ ဖုန်းရဲ့အောက်ခြေမှာရှိနေတဲ့ Home, Back, Recent တွေကို ကိုယ့်စိတ်ကြိုက် ဘယ်ညာပြောင်းလဲ သုံးနိုင်တဲ့စနစ်အပြင် Back, Recent တွေကို Home Button ပေါ်မှာပဲ Touch Pad တစ်ခုလို သုံးနိုင်တဲ့စနစ်လည်း ပါဝင်လာပါတယ်။ ဖုန်းထဲမှာ အကောင့်တွေခွဲပြီး အသုံးပြုတဲ့ User ဆိုတဲ့ စနစ်ထဲမှာလည်း ပုံမှန် User နဲ့ Guest စနစ်တွေအပြင် Private Space ဆိုတဲ့စနစ် ထပ်မံပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာလည်း နောက်ခံ Background တွေကို ဝါးသွားအောင်လုပ်ပြီး ရိုက်နိုင်တဲ့ စနစ်မှာလည်း ပိုပြီးကောင်းမွန်လာတဲ့အပြင် Portrait Mode လည်း ပါဝင်လာတာ တွေ့ရပါတယ်။
သုံးသပ်ချက်
P10 ဟာသူ့ထက် တန်ဖိုးမြင့်မားတဲ့ P10 Plus ထက် Screen Resolution ပိုင်း၊ နောက်ဘက်ကင်မရာရဲ့ Aperture ပိုင်းနဲ့ ဘက်ထရီပိုင်းလောက်မှာပဲ အနည်းငယ်ကွာခြားပါတယ်။ P10 ဟာ အရွယ်အစား အနည်းငယ်သေးငယ်ပေမယ့် ဖုန်းထဲမှာသုံးနိုင်တဲ့ စနစ်တွေ၊ ကင်မရာပိုင်းတွေနဲ့ မှတ်ဉာဏ်ပိုင်းတွေမှာ ကောင်းမွန်တဲ့ဖုန်းပါ။ ဓာတ်ပုံရိုက်ချင်တဲ့ သူတွေအတွက်တော့ ဒီဖုန်းကလည်း စိတ်ဝင်စားစရာ ကင်မရာစွမ်းဆောင်ရည်တွေကို ပေးနိုင်ပါတယ်။ အရွယ်အစား အနည်းငယ်သေးတာကို မကြိုက်တဲ့ သူတွေအတွက်တော့ P10 က သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ဖုန်းက ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်တွယ်ထိတွေ့မှုအပိုင်းမှာ ကောင်းမွန်ပါတယ်။ Solid State Fingerprint ကလည်း တုန့်ပြန်မှု မြန်ဆန်ပြီး ၃၆၀ ဒီဂရီအထိ ထိတွေ့အသုံးပြုနိုင်ပါတယ်။

Network     GSM – 2G/ 3G/ 4G
SIM              Dual SIM (Nano Sim Dual Standby)
OS                Android OS, v7.0
CPU             Octa-core (4×2.4 GHz Cortex-A73 & 4×1.8 GHz Cortex-A53)
GPU             Mali-G71 MP8
Memory    Internal 64GB, 4GB RAM, Micro SD 256GB
Camera     Dual 20 MP + 12 MP, f/2.2, OIS, Leica optics, phase detection and laser autofocus,
dual-LED (dual tone) flash, Geo-tagging, touch focus, face detection, HDR, panorama
Video, Secondary 8 MP, f/1.9
Wi-Fi         802.11 a/b/g/n/ac, dual-band, DLNA, WiFi Direct, hotspot Bluetooth 4.2, A2DP, LE
Battery     Li-Ion 3200 mAh Battery


 

သူတို့အမြင်

မနွေးနွေးကို (စမ်းသပ်အသုံးပြုသူ)
P10 ကအရွယ်အစားလေး နည်းနည်းသေးနေသလိုတော့ ခံစားရတယ်။ ဒါပေမယ့် လက်ထဲမှာတော့ကိုင်ရတာ အဆင်ပြေပါတယ်။ ဖုန်းကကိုင်ရတာ မာမာကျစ်ကျစ်လေးလိုပဲ။ Fingerprint ပိုင်းကလည်း တော်တော်လေးမြန်ပြီး ကောင်းတယ်။ ကင်မရာကလည်း P10 Plus နဲ့ Megapixels တွေတူတူပဲဆိုတော့ ကောင်းပါတယ်။ ဖုန်းထဲမှာသုံးရတဲ့ တစ်ခြားစနစ်တွေကလည်း အဆင်ပြေပါတယ်။ Memory ပိုင်းကလည်း မဆိုးပါဘူး။ P10 Plus ရဲ့ဈေးနဲ့ သူ့ရဲ့ Memory က နည်းတယ်လို့ ထင်ရပေမယ့် P10 ကတော့ ဈေးနဲ့ မှတ်ဉာဏ်နဲ့က သိပ်ပြီးမကွာဘူးလို့ ခံစားရတယ်။ Screen ကတော့ P10 Plus လောက်တော့ သိပ်မကောင်းဘူးပေါ့။ အဒီတစ်ခုလောက်ပဲ အဓိကကွာနေတယ်လို့ ခံစားရတယ်။ ကျန်တာအားလုံးနီးပါက တူတူပါပဲ။
ကိုဇော်မင်းထွန်း (စမ်းသပ်အသုံးပြုသူ)
P10 ကိုကြိုက်လားဆိုရင်တော့ သူ့ရဲ့ Specification ပိုင်းတွေအရ ဆိုရင်တော့ ကြိုက်တယ်။ ကင်မရာပိုင်း၊ CPU, GPU, Chipset တွေကလည်း ကောင်းပါတယ်။ Fingerprint ကိုတော့ တော်တော်လေး သဘောကျတယ်။ Huawei ကနောက်ပိုင်း ထွက်လာတဲ့ GR5 2017 ကနေစပြီး Fingerprint ကတော်တော်လေး ကောင်းလာတာ တွေ့ရတယ်။ မြန်တာလည်း တော်တော်မြန်တယ်။ ဒီဇိုင်းကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် Size ကိုတော့ သိပ်မကြိုက်ဘူး။ ကျွန်တော်တို့က ဖုန်းဆို ၅.၅ လက်မလောက်မှ သုံးရတာ အဆင်ပြေတယ်လို့ ထင်နေလို့လား မသိဘူး။ အရွယ်နည်းနည်းနေတော့ အဲဒါကိုတော့ သိပ်မကြိုက်ဘူး။ ဒါပေမယ့် ကျစ်ကျစ်လျစ်လျစ်နဲ့ ဒီအရွယ်အစားလောက်ကို ကြိုက်တဲ့သူတွေ အတွက်တော့ ဒီဖုန်းကရွေးချယ်ဖို့ အဆင်ပြေမှာပါ။

ကိုဥက္ကာ (စမ်းသပ်အသုံးပြုသူ)
ကင်မရာသမားတွေအတွက်တော့ ဒီဖုန်းကိုလည်း ကြိုက်ကြမယ်လို့ ထင်ပါတယ်။ ကင်မရာပိုင်းမှာ P10 Plus ထက် Aperture လေး နည်းနည်းနိမ့်နေတော့ အလင်းအားနည်းတဲ့ နေရာတွေမှာ P10 Plus နဲ့တော့ ယှဉ်ပြီးဓာတ်ပုံရိုက်လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပုံမှန်အလင်းရောင် အချိန်တွေမှာဆိုရင်တော့ P10 Plus နဲ့ သိပ်မကွာလှဘူး။ ကင်မရာကတော့ ကောင်းတယ်။ Memory ပိုင်းမှာလည်းကောင်းပါတယ်။ ဖုန်းထဲမှာပါတဲ့ CPU, GPU, Chipset တွေကလည်း ကောင်းပါတယ်။ Screen က P10 Plus နဲ့ အမျိုးအစားတူပေမယ့် Resolution ကတော့ တော်တော်လေးကွာသွားတယ်။ ဘက်ထရီပိုင်းမှာလည်း P10 Plus ထက်နည်းတယ်လို့ ဆိုပေမယ့် သူ့ဘက်ထရီနဲ့ သူ့စွမ်းဆောင်ရည်၊ Screen Resolution တွေနဲ့ဆိုရင်တော့ P10 ရဲ့ ဘက်ထရီကတောင် ပိုပြီးကောင်းတယ်လို့ ပြောလို့ရတယ်။

P10 ရဲ့ကင်မရာဟာ Leica Lens တွေရဲ့ စွမ်းဆောင်ရည်နဲ့ Laser Focus နည်းပညာကြောင့် Focus ကောင်းမွန်ပြတ်သားတဲ့အပြင် ဓာတ်ပုံရဲ့ အရောင်အသွေးနဲ့ ရုပ်ထွက်ပိုင်းမှာလည်း ကြည်လင်တောက်ပမှု ရှိနေတာကို မြင်တွေ့ရမှာပါ။ နောက်ဘက်ကင်မရာကို 20 Megapixels တစ်လုံးနဲ့ 12 Megapixels တစ်လုံး တပ်ဆင်ပေးထားပြီး ကင်မရာတစ်လုံးက ကာလာကင်မရာဖြစ်ပြီး အခြားတစ်လုံးကတော့ အဖြူအမည်း ကင်မရာပါ။ P10 ရဲ့နောက်ဘက် ကင်မရာ Aperture က P10 Plus ထက်နည်းတဲ့အတွက် ကင်မရာကို အလင်းဝင်ရောက်နိုင်တဲ့ နှုန်းက P10 Plus ကိုတော့ မမီပါဘူး။ ကင်မရာအတွက် အသုံးပြုနိုင်တဲ့ Feature တွေကတော့ P10 Plus လိုပဲစုံစုံလင်လင် ပါဝင်တာတွေ့ရမှာပါ။



Huawei P10 ရဲ့ကင်မရာကို အသုံးပြုတဲ့အခါမှာ ရှေ့ကင်မရာမှာရော နောက်ဘက်ကင်မရာမှာပါ Portrait Mode ဆိုတဲ့ စနစ်ကိုမြင်တွေ့ရမှာပါ။ ဒီစနစ်ကတော့ ဓာတ်ပုံရဲ့နောက်ခံ Background ကိုဝါးသွားအောင်လုပ်ပြီးရိုက်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို ရှေ့ကင်မရာမှာပါ သုံးနိုင်ပါတယ်။ နောက်ဘက် ကင်မရာမှာဆိုရင် Portrait Mode အပြင် Wide Aperture ဆိုတဲ့စနစ်လည်း ပါပါတယ်။ Wide Aperture ကလည်း နောက်ဘက် ကင်မရာနှစ်လုံးနဲ့ Background တွေကိုဝါးသွားအောင် လုပ်ပြီးရိုက်နိုင်ပါတယ်။



ဖုန်းရဲ့ Settings ထဲမှာ Facebook နဲ့ What App ကိုအကောင့် ၂ ခု တစ်ပြိုင်တည်းဖွင့်ပြီး သုံးနိုင်တဲ့ App Twin ဆိုတဲ့စနစ် ပါဝင်ပါတယ်။ App Twin မှာ ကိုယ်အသုံးပြုချင်တဲ့ App ကို ဖွင့်ပေးလိုက်တာနဲ့ အကောင့်နှစ်ခု သုံးနိုင်အောင် App နှစ်ခုခွဲပေးမှာပါ။



အလင်းအမှောင်တွေနဲ့ Setting တွေကို ကိုယ်တိုင်ချိန်ညှိပြီး ရိုက်နိုင်တဲ့ Manual ကင်မရာစနစ်လည်း ပါဝင်ပါတယ်။ ကင်မရာရဲ့ Settings ထဲမှာလည်း Focus ကိုမှတ်သားထားနိုင်တဲ့ Object Tracking စနစ်၊ ဖုန်းကို Screen ပိတ်ထားချိန်မှာတောင် အသံလျော့ ခလုတ် Volume Down Key ကိုနှစ်ချက်နှိပ်တာနဲ့ ဓာတ်ပုံရိုက်ပေးနိုင်တဲ့ Ultra Snapshot ဆိုတဲ့ စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။



Navigation Key စနစ်ထဲမှာ Home, Back, Recent တွေကို ကိုယ့်စိတ်ကြိုက် ဘယ်ညာပြောင်းလဲ သုံးနိုင်တဲ့စနစ်အပြင် Back, Recent တွေကို Home Button ပေါ်မှာပဲ Touch Pad တစ်ခုလို သုံးနိုင်တဲ့စနစ်လည်း ပါဝင်လာပါတယ်။



ဖုန်းထဲမှာ အကောင့်တွေခွဲပြီး အသုံးပြုနိုင်တဲ့ User စနစ်ကိုလည်း Advance Settings ဆိုတဲ့စနစ်ထဲမှာ မြင်တွေ့နိုင်ပါ တယ်။ User စနစ်ကို အသုံးပြုတဲ့အခါမှာ Owner, Add User, Add Guest ဆိုတဲ့ စနစ်နှစ်ခုအပြင် Add PrivateSpace ဆိုတဲ့ စနစ်တစ်ခု ထပ်မံပါဝင်လာပါတယ်။ ဒီစနစ်ကတော့ ဖုန်းထဲမှာကိုယ်ပိုင် သီးသန့်နေရာ တစ်ခုဖြစ်ပြီး PrivateSpace စနစ်ထဲကနေ အသုံးပြုနေတဲ့ စနစ်တွေကို အသုံးပြုသူကလွဲပြီး ဘယ်သူမှ မမြင်တွေ့နိုင်ပါဘူး။ Gesture စနစ်တွေလည်း ပါဝင်ပြီး Screen ပေါ်မှာ လက်နဲ့ နှစ်ချက်ခေါက်လိုက်ရုံနဲ့ Screenshot ပြုလုပ်နိုင်တဲ့ စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။




SIM Slot
-ကိုသက်





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com