6/19/2017

♪ လိင်ဆက်ဆံချိန်မှာ ပိုမို စွမ်းဆောင်ရည် မြင့်မားတဲ့ Gamers များ ♫


Gamers များအတွက်တော့ သတင်းကောင်း ဖြစ်ပါတယ်။ အီတလီ သိပ္ပံပညာရှင်များက ဂိမ်းကစားခြင်းနဲ့ လိင်ဆက်ဆံမှု စွမ်းရည်တို့ ဆက်စပ်ပတ်သက်နေခြင်းကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ဂိမ်းကစားသူများဟာ သုတ်လွှတ်စောခြင်း နည်းပါးတယ်ဆိုတာကို သုတေသန ပြုလုပ်ချက်များအရ သူတို့က သိရှိခဲ့ကြပါတယ်။ သူတို့ရဲ့ တွေ့ရှိမှုကို The Journal of Sexual Medicine မှာ အသေးစိတ် ဖော်ပြခဲ့ကြပါတယ်။

Sapienza University of Rome မှ သုတေသနကို ဦးဆောင်ခဲ့သူ Andrea Sansone က “ ကျွန်တော်ဟာလည်း ဂိမ်မာ တစ်ယောက်ဖြစ်တဲ့အတွက် ဒီကိစ္စကို စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော် ဆေးကျောင်းတက်ပြီးနောက်မှာ အမျိုးသား လိင်ကျန်းမာရေးနဲ့ ဗီဒီယို ဂိမ်း တို့ ဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။ အဲဒီ အခါမှာ ဂိမ်းကစားခြင်းဟာ သုတ်လွှတ်မြန်ခြင်းကို ကာကွယ်ခြင်း၊ အင်္ဂါ ပျော့ပြောင်းမှု မရှိခြင်း စတာတွေကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကျွန်တော်ဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံး လူပါ။ “ လို့ ပြောပါတယ်။

ဒါပေမယ့် သတင်းကောင်းချည်းပဲ မဟုတ်ပါဘူး။ Sansone နဲ့ အဖွဲ့က ဂိမ်မာများဟာ သာမာန်လူများထက် လိင်ကိစ္စကို စိတ်ပါဝင်စားမှု နည်းပါးတယ်ဆိုတာကိုပါ လေ့လာတွေ့ရှိခဲ့ပါတယ်။ ပညာရှင်များက ဂိမ်မာများဟာ ဦးနှောက်ရဲ့ Reward System ကို ပြန်လည် ပုံဖော်ခြင်းဖြင့် သုတ်လွှတ်မြန်ခြင်းကို လျှော့နည်းစေတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ လိင်စိတ်ဆန္ဒ ပြင်းထန်သူများဟာ သုတ်လွှတ်မြန်တယ် ဆိုတာကလည်း သဘာဝ ကျပါတယ်။

ပညာရှင်များက အသက် ၁၈ နှစ်နဲ့ ၅၀ နှစ်အကြားရှိ အီတလီ အမျိုးသား ၃၉၆ ဦးကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အပါအ၀င် ကဏ္ဍများစွာဖြင့် သူတို့ကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ စမ်းသပ်တဲ့ လူများထဲမှ ၂၈၇ ယောက်ဟာ ဂိမ်မာများဖြစ်ပြီး သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ အခြား လူများထက် ပိုမို ကောင်းမွန်ခဲ့ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com