6/20/2017

♪ “Huawei P10 Smartphone ကို စမ်းသပ်သုံးစွဲကြည့်ခြင်း” ♫

Image may contain: phone and text

နာမည်ကျော်စမတ်ဖုန်းကုမ္ပဏီ Huawei ရဲ့ P10 ကို အခုဆိုရင် ဈေးကွက်ထဲမှာ ၀ယ်ယူနိုင်နေပါပြီ။ P10 မှာ ၅.၁ လက်မ Full HD Display, Octa-Core CPU, 4GB RAM, 64GB Internal Storage, 3200mAh Battery, Anroid 7.0 တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာကို အရှေ့ဘက်မျက်နှာပြင်အောက်ကို ပြောင်းရွှေ့ထား ပါတယ်။ P10 ရဲ့ တချို့လုပ်ဆောင်ချက်တွေဟာ မျိုးဆက်သစ် Mate series နဲ့ အလွန်ဆင်တူတာကိုလည်း တွေ့ရပါတယ်။

P10 မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor ၂ လုံးကို အနောက်ဘက်မှာ ပူးတွဲတပ်ဆင်ထား တဲ့ဒုတိယမျိုးဆက် Leica Dual Camera ပါပါတယ်။ RGB Sensor က အရောင်စုံရိုက်ကူးပေးနိုင်ပြီး Monochrome Sensor က အသေးစိတ်ကျစွာဖမ်းယူပေးပါတယ်။ Huawei P10 မှာ Kirin 960 Processor အသစ်တပ်ဆင်ထားပြီး ဥာဏ်ရည်မြင့် Machine Learning Algorithm ပါတဲ့ အတွက် အမြန်နှုန်း ကတော့ အံ့မခန်းပါပဲ။ Hardware နဲ့ Software တို့ သင့်တင့်အချိုးကျစွာ ပူးပေါင်းအလုပ်လုပ်နိုင်တဲ့စွမ်းရည် ကြောင့် Huawei P10 ဟာ အလွန် လျင်မြန်နေပါတယ်။ Kirin 960 Processor တပ်ဆင်ထားတဲ့အတွက် Apps များအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်းနဲ့ HD Games များကစားခြင်း တို့ပြုလုပ်ရင် စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပါတယ်။

CPU ပိုင်းမှာတော့ Core A73 2.4GHz လေးလုံးနဲ့ Core A53 1.8GHz လေးလုံးတပ်ဆင်ထားတဲ့ ဆန်းသစ်တဲ့ ARM Cortex A73 CPU ကို အသုံးပြုထား ပါတယ်။ စွမ်းဆောင်ရည်အပိုင်းမှာ ၁၈ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပါတယ်။ ဂရပ်ဖစ်ပိုင်း မှာတော့ Mali-G71 Octa-Core GPU က စွမ်းဆောင်ရည်ကို ၁၈၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါတယ်။ LPDDR4 RAM အသစ်က အမြန်နှုန်းကို ၄၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန် စေပါတယ်။ UFS 2.1 Flash Memory အသစ်ကြောင့် ဒေတာ ကူးပြောင်းမှုအမြန်နှုန်းဟာ eMMC 5.1 ထက် ၁၀၀ ရာခိုင်နှုန်းပိုမိုမြန်စေ ပါတယ်။ 3D API ကြောင့် Vulkan Graphics Library က ဂိမ်းကစား တဲ့အခါမှာ အသေးစိတ်ကျတဲ့ပုံရိပ်များ အတွက် ဖရိန်နှုန်းကို ၂ ဆ ထုတ်လုပ်ပေးပါတယ်။ သင့်တင့် ကောင်းမွန်တဲ့အရွယ်အစားဖြစ်တဲ့ 3200mAh Battery နဲ့ စမတ်ကျ သောစွမ်းအင်ချွေတာတဲ့ နည်းပညာ ကြောင့် အားအပြည့်သွင်းထားရင် ၂ ရက်ကြာ အသုံးခံပါတယ်။ ဒါကြောင့် P10 ကို စမ်းသပ်ပြီး ရေးသားဖော်ပြပေးလိုက်ပါတယ် ...

အဆင့်သုံးဆင့်တည်းနဲ့ သင်နှစ်သက်ရာ Menu Options အားလုံးကို သုံးနိုင်ပါတယ်။ EMUI 5.1 က သင့်ရဲ့ Message, Alerts, Photos, Video များကို နေရာချပေးပါတယ်။ အသုံးဝင်တဲ့ Shortcuts များက WiFi ကို ဖွင့်ခြင်း၊ Apps များရှာခြင်း၊ Notifications များကို Block ခြင်းများကို လျင်မြန်စွာ ပြုလုပ်ပေးပါတယ်။

ကင်မရာလုပ်ဆောင်ချက်မှာတော့ Professional ကင်မရာတွေမှာ အသုံးပြုသလိုမျိုးပုံတွေကိုရိုက်ကူးနိုင်စေဖို့ Pro mode ကို သုံးစွဲနိုင်ပါ လိမ့်မယ်။ Filter တွေထည့်ပြီး ရိုက်နိုင်သလို၊ monochrome လုပ်ဆောင်ချက်ကို သုံးပြီးတော့လည်း ပရို ဆန်တဲ့ အဖြူအမည်းပုံတွေ ရိုက်ကူးနိုင်ပါလိမ့်မယ်။ ကောင်းမွန်တဲ့ Hybrid Zoom စွမ်းရည်ပါတဲ့ အတွက် P10 က Leica အရည်အသွေးဓာတ်ပုံများကို Focal Length ကြီးကြီးဖြင့် ရိုက်ကူးပေးပါတယ်။

4 Level Finger-print နဲ့ 3D Fingerprint Recognition နည်းပညာ များပါပါတယ်။ ပြီးတော့ အရင်မျိုးဆက်မှာလိုမျိုး နောက်ကျောဘက်မှာ မဟုတ်တော့ဘဲနဲ့ Home button မှာ ထည့်သွင်းပေးထားပါတယ်။ ဖိုင်များကို ဖွက်ထားနိုင်ပြီး သင့်လက်ဗွေရာနဲ့မှ ဖွင့်နိုင်ပါတယ်။လက်ဗွေရာ စနစ်က P9 ထက် ၂၀ရာခိုင်နှုန်း ပိုမိုမြန်လာပါတယ်။အရာဝတ္ထုများကို ဓာတ်ပုံရိုက်ကူးပြီးမှ နောက်ခံကို Blur လုပ်နိုင်ပါတယ်။အဲဒီအတွက် အဓိကကျတဲ့ အရာဝတ္ထုများကို ထင်ရှားစွာမြင်ရမှာပါ။ စိတ်ကြိုက်ဓာတ်ပုံ ရိုက်ပြီးမှ Focus ကို နောက်မှာ အေးအေးဆေးဆေးလုပ်နိုင်ပါတယ်

P10 မှာ SIM Slot ၂ ခု ပါပါတယ်။ Nano SIM+ MicroSD Slot နဲ့ ဒုတိယတစ်ခုကတော့ WCDMA, GSM တို့ကို ထောက်ပံ့ပါတယ်။ အင်တာနာကလည်း ဖုန်းရဲ့ထောင့် ၄ နေရာ လုံးကနေ ချိတ်ဆက်ပေး မှာဖြစ်တာကြောင့် လိုင်းဆွဲအား အလွန် ကောင်းပါလိမ့်မယ်။

သုံးစွဲသူတွေနောက်ထပ် နှစ်သက်နိုင်မယ့် လုပ်ဆောင်ချက်ကတော့ screen record နဲ့ floating dock ပါပဲ။ screen record လုပ်ဆောင်ချက် ကတော့ အွန်လိုင်းမှာ စာအရှည်ကြီးတွေကို နောက်မှ ပြန်လည် ဖတ်ရှုချင်တဲ့အခါမှာ သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ Floating dock ကတော့ screen off လုပ်တဲ့အခါမှာ သုံးနိုင်သလို၊ recent ဖိုင်တွေ ရှင်းလင်းတဲ့အခါမှာလည်း အသုံးဝင် ပါလိမ့်မယ်။

App တစ်ခုတည်းကနေ account ၂ ခု တစ်ပြိုင်တည်း သုံးစွဲချင်သူတွေ အတွက် app twin ဆိုတဲ့လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် facebook, whatapp တွေကို အကောင့် ၂ နဲ့ဝင်ရောက်သုံးနိုင်ပါလိမ့် မယ်။ Home screen မှာ နောက်ထပ် Account တစ်ခုအတွက် App Shortcut တစ်ခုထပ်ပေါ်လာပါလိမ့်မယ်။ ခြွင်းချက်အနေနဲ့ third party home screen တွေမှာတော့ ဒီ လုပ်ဆောင်ချက်ကို သုံးနိုင်မှာမဟုတ်ပါဘူး။

ဖုန်းကိုစနစ်တကျ စီမံခန့်ခွဲလိုသူတွေအတွက် Phone manager ဆိုတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင် ပါလိမ့်မယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်း တိုးမြှင့်စေဖို့အတွက် မလိုအပ်ဘဲသုံးနေတဲ့ app တွေကို ရှင်းထုတ်ပေး တာမျိုးတွေအပြင်၊ မိုဘိုင်း ဒေတာသုံးစွဲမှုပမာဏ၊ ဘက်ထရီအခြေအနေ၊ မလိုအပ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို blocklist လုပ်တာ၊ app permissions ခွဲခြား သတ်မှတ်တာမျိုးတွေကို သုံးစွဲနိုင်ပါလိမ့်မယ်။ တခြားသူတွေ အသုံးမပြုစေလိုတဲ့ app တွေကို lock ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါဝင်လာပါလိမ့်မယ်။






Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com