OnePlus ကုမ္ပဏီ CEO Pete Lau က သူ့ရဲ့ weiboအကောင့်မှာOnePlus 5 နဲ့ရိုက်ကူးထားတဲ့ ပုံအချို့တင်ခဲ့ပြီး ဖုန်းနဲ့ ရိုက်ထားတယ်လို့ မထင်ရလောက်အောင် ကောင်းမွန်နေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီပုံတွေဟာ မူလရိုက်ကူးထားတဲ့ အတိုင်းပဲလား untouched လုပ်ထားသလားဆိုတာကတော့ သေချာမပြောနိုင် ပါဘူး။
ရိုက်ကူးထားပုံအရဆိုရင် 4608×3456 size ကို 16 MP ရုပ်ထွက် ရရှိအောင် ရိုက်ကူးနိုင်တာတွေ့ရမှာပါ။ ဒါကြောင့် OnePlus 5 ရဲ့ dual camera က 16 MP unit ကိုထောက်ပံ့ပေးနိုင်တာကအသေအ
သဘာဝအတိုင်းရှိနေတဲ့ပုံထက် အရောင်တွေပြုပြင်ထားတဲ့ပုံက စိတ်ကျေနပ်မှု လျော့နည်းစေပါတယ်။ ဒီပုံတွေကိုကြည့်ရတာတော့ မူလအတိုင်းကို retouch နည်းနည်းလုပ်ထားခဲ့ပုံပါပဲ။ OnePlus 5 မှာအသုံးပြု ထားတဲ့ dual camera နည်းပညာအတွက် DxI Labs ရဲ့ digital photography နည်းပညာတွေနဲ့ အဆင့်မြှင့်ထားသလားဆိုတာကလည်း မရှင်းလင်းသေးပါဘူး။
OnePlus 5 မှာiPhone 7 plus နဲ့ XiaomiMi 6 မှာလိုမျိုး monochrome ဆင်ဆာ၊ normal နဲ့ wide angle lens ၊ normal နဲ့ telephoto lens အစရှိတာတွေ ပါဝင်လာမလားဒါမှမဟုတ် ဒီထက်ပိုထူးခြားတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ ပါလာမလားဆိုတာကိုတော့ လာမယ့် ဇွန်လ 20 ရက်နေ့ သိရတော့မှာပဲ ဖြစ်ပါတယ်။