6/19/2017

♪ နည်းပညာဟာ သင့်ရဲ့ အိပ်စက်မှု ပုံစံကို ထိခိုက်စေပုံ ♫


နည်းပညာဟာ လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀တွေမှာ မရှိမဖြစ် ဖြစ်လာပါတယ်။ ကမ္ဘာပေါ်မှ လူသားတိုင်းမှာ စမတ်ဖုန်း၊ တက်ဘလက်၊ လက်တော့နဲ့ အခြား Gadgets များလို ကိုယ်နဲ့မကွာ ဆောင်ထားကြတဲ့ နည်းပညာ ထုတ်ကုန်များ ရှိလာကြပါပြီ။ လူတစ်ယောက်ဟာ နည်းပညာ ထုတ်ကုန် တစ်ခုထက်ပိုပြီး များစွာကို ပိုင်ဆိုင်နေကြပါပြီ။

နည်းပညာ ထုတ်ကုန်များကြောင့် လူတွေရဲ့ ဘ၀များဟာ အဆင်ပြေချောမွေ့လာပါပြီ။ ဒါပေမယ့် ငြင်းလို့ မရတဲံ အရာကတော့ နည်းပညာဟာ လူသားများအတွက် ဆိုးကျိုးများလည်း ဖြစ်စေတယ်ဆိုတာပါပဲ။ စမတ် ကိရိယာများ၊ လက်တော့များလို အရာများကို တစ်နေ့လုံး၊ တစ်ညလုံး သုံးတဲ့ လူများအတွက် ဒီဆောင်းပါးကို အရေးတယူ ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နည်းပညာဟာ သင့်ရဲ့ အိပ်စက်မှု ပုံစံကို ထိခိုက်စေပါတယ်။ အလွန် အကျွံ အသုံးပြုတဲ့ လူများဟာ အိပ်စက်မှု ပုံစံ သာမက အခြား ဆိုးကျိုးများကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

တစ်နေ့လုံး ဂိမ်းကစားတဲ့ လူများဟာ ညအိပ်ချိန်မှာတောင် ဂိမ်းကို စွဲလမ်းနေတဲ့ အတွက် အိပ်မပျော်စေပါဘူး။ အမူအကျင့် ပြောင်းလဲခြင်း ကနေ အစပြု၍ ဦးနှောက်ရဲ့ အိပ်ပျော်စေတဲ့ ဓါတုဗေဒ ပစ္စည်းများကို ပုံသေ ပြောင်းလဲစေခြင်းဖြင့် အိပ်မပျော်တဲ့ ရောဂါတောင် စွဲကပ်သွားနိုင်ပါတယ်။

ဂိမ်းလိုပဲ စမတ်ဖုန်း၊ လက်တော့လို ကိရိယာများ အားလုံးကို အချိန်ကြာမြင့်စွာ အသုံးပြုရင်လည်း ဦးနှောက်ရဲ့ ဓါတုဗေဒ ပစ္စည်းများကို ထိခိုက်စေပါတယ်။ အဲဒီ ကိရိယာများကနေ ထွက်တဲ့ ဓါတ်ရောင်ခြည်များဟာ အိပ်ပျော်ခြင်း၊ စိတ်တည်ငြိမ်ခြင်းလို ဦးနှောက်ရဲ့ သဘာဝ စွမ်းရည်များကို ပျက်ဆီးစေပါတယ်။ သင့် ဦးနှောက် ပုံမှန် အလုပ်လုပ်ဖို့အတွက် စမတ် ကိရိယာများ အသုံးပြုမှုကို တတ်နိုင်သလောက် လျှော့ချဖို့ လိုပါတယ်။

ကွန်ပြူတာ စကရင်က သင့်ရဲ့ အိပ်စက်မှု ပုံစံကို ပြောင်းလဲစေပုံ
ကွန်ပြူတာကနေ ထုတ်လွှင့်တဲ့ အလင်းရောင်ကို ကြည့်ရင် သင့် ဦးနှောက် ဘာဖြစ်သွားမလဲ ? စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာများကနေ ထုတ်လွှင့်တဲ့ အလင်းရောင် အတုက သင့် ဦးနှောက်ရဲ့ ဓါတုဗေဒ ပစ္စည်းများကို ပြောင်းလဲစေပါတယ်။ အိပ်စက်မှုနဲ့ သက်ဆိုင်တဲ့ ဓါတုဗေဒ ပစ္စည်းများဟာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ ညအိပ်ချိန်မှာ အဲဒီ ကိရိယာများကို သုံးရင် သင့် ဦးနှောက်ရဲ့ လုပ်ငန်းကို ထိခိုက်စေပြီး တစ်ဖြည်းဖြည်းချင်း သင့်ရဲ့ အိပ်စက်မှု ပုံစံကို ထိခိုက်စေပါတယ်။

အခြား ဘေးထွက် ဆိုးကျိုးများ
ဦးနှောက်ရဲ့ ဓါတုဗေဒ ပစ္စည်းများ ထိခိုက်ခြင်းကြောင့် ဦးနှောက်ဟာ သူ့အလုပ်ဖြစ်တဲ့ အိပ်ပျော်စေခြင်းကို မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။ စမတ်ဖုန်း၊ ကွန်ပြူတာများကို တစ်နေ့လုံးနဲ့ ညအိပ်ယာဝင်ချိန်အထိ သုံးတဲ့ လူများမှာ ဒီလို ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ကိရိယာများမှ ထွက်လာတဲ့ အလင်းရောင်ဟာ သင့်ရဲ့ မျက်လုံးကို အားနည်းစေသလို စိတ်တည်ငြိမ်မှုကိုလည်း လျော့ကျစေပါတယ်။

စမတ်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပြူတာများဟာ လူများကို ကဏ္ဍပေါင်းစုံကနေ ကူညီနေကြပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့ စကားအတိုင်းပဲ ချင့်ချိန်ပြီး သုံးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com