
MPT မှ မြန်နှုန်းနှစ်ဆတိုးမြှင့်လိုက်ပြီး
 150 Mbps အမြန်နှုန်းအထိ ရရှိနိုင်မည့် LTE+ ကွန်ရက်သစ် 
မိတ်ဆက်လိုက်ကြောင်း သတင်း ထုတ်ပြန်ပါသည်။ ၂ ဆတိုးမြန်ဆန်သည့် 
မိုဘိုင်းဒေတာ အမြန်နှုန်းကို မြို့ကြီး များဖြစ်သည့် နေပြည်တော်၊ 
ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရင်ဆုံးရရှိအသုံးပြုနိုင်မ ည်ဖြစ်ပြီး နိုင်ငံအနှံ့ အပြားရှိအခြားသော မြို့များတွင်လည်း မကြာမီမိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
 
MPT အနေဖြင့် နောက်ဆုံးပေါ် 4x4 Multiple Input Multiple Output (MIMO) နည်းပညာ ကိုအသုံးပြုပြီး ဆောင်ရွက်ထားသဖြင့် 4G/ LTE 2x2 MIMO ထက်ပိုမိုသာလွန်ကောင်းမွန်ကာ ဒေတာ အမြန်နှုန်းကို ယခင်က ထက် ၂ ဆ ပိုမိုမြန်ဆန်စွာ ပေးစွမ်းနိုင်ပြီဖြစ်ပါသည်။  4x4 MIMO ကို အသုံးပြုထားခြင်း ကြောင့် သုံးစွဲသူ၏ မိုဘိုင်းဆက်သွယ်ရေးပစ္စည်းနှင့် ဆက်သွယ်ရေးတာဝါတိုင်မှ ထုတ်လွှင့်ဖမ်းယူသည့် Cell ပမာဏမှာ ၂ ဆအထိတိုးတက် ဖမ်းယူထုတ်လွှင့်နိုင်ခြင်ြး ဖစ်သည်။
  ယင်းသို့သော လမ်းကြောင်း ၄ ခုကို အသုံးပြုခြင်းဖြင့် 
ကွန်ရက်အပေါ်မူတည်ပြီး စုပေါင်းကာ အလွန်ပင်လျင်မြန်သည့် အမြင့်ဆုံးသော 
ဒေတာစီး ဆင်းမှုနှုန်းကို ရရှိအသုံးပြုနိုင်မည်ဖြစ်ပါ သည်။
LTE+ အင်တာနက် အမြန်နှုန်းကို ၇၅ Mbps မှ ၁၅၀ Mbps အထိ တိုးမြှင့်ရယူနိုင်စေမည်ဖြစ်
 သည့်အတွက် အခြားဝန်ဆောင်မှုများ ထက်သာလွန်ကောင်းမွန်သော မိုဘိုင်း 
အင်တာနက်သုံးစွဲမှု အတွေ့အကြုံကို MPT ၏ LTE+ ကွန်ရက် မှတစ်ဆင့် 
အကောင်းဆုံးရရှိခံစား အသုံးပြုနိုင် မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင်
 ဖော်ပြထားပါသည်။ 
 
ရဲလင်းလင်းသန်း
 
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
MPT အနေဖြင့် နောက်ဆုံးပေါ် 4x4 Multiple Input Multiple Output (MIMO) နည်းပညာ ကိုအသုံးပြုပြီး ဆောင်ရွက်ထားသဖြင့် 4G/
LTE+ အင်တာနက် အမြန်နှုန်းကို ၇၅ Mbps မှ ၁၅၀ Mbps အထိ တိုးမြှင့်ရယူနိုင်စေမည်ဖြစ
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/